ခိုင်နှင်းဝေရင်သွင်းလေးများဂေဟာသို့ ထိုင်းသံအမတ်မှ အလှူငွေများ လှူဒါန်း

ခိုင်နှင်းဝေ ကတော့ မိဘမဲ့ကလေးလေးတွေအတွက် ခိုင် “မိသားစု” ဂေဟာကိုလက်ရှိမှာ ဖွင့်လှစ်ထားပြီးတော့ ရင်ခွင်မဲ့ကလေးလေးတွေကို စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါ တယ်။ သူမရဲ့ ခိုင်နှင်းဝေဂေဟာကိုလည်း (၇) ရက်သားသမီး အလှူရှင်များစွာကလည်း တတ်နိုင်သလောက် အလှူငွေများ ထည့်ကူပေးလျက်ရှိတာကိုလည်း ကြည်နူးပီတိ ဖြစ် စွာတွေ့ရပါသည်။ ခိုင်နှင်းဝေကတော့ လှူဒါန်းမှု့တွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲဖြစ်ပါတယ်။

လတ်တလော အခြေအနေတွေအမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်စားသောက်ကုန်တွေပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာတွေ့ရပါတယ်။ဒီနေ့မှာတော့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို ထိုင်းသံရုံးမှသံအမတ်က အလှူငွေများပေးအပ်ခဲ့ပါတယ်။

ရန်ကုန့်မြို့ ထိုင်းသံရုံးမှ သံအမတ် Mrs. Suphatra Srimaitreephiithak မှ ခိုင်နှင်းဝေရဲ့ ရင်သွေးများဂေဟာသို့ သွားရောက်၍ ကျပ်သိန်း ၂၀ ခန့် တန်ဖိုးရှိ ကလေး အသုံး အဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်းသိရပါသည်။ “ထိုင်းနိုင်ငံသံအမတ်ကြီးက ကလေးတွေအတွက် မေတ္တာလက်ဆောင်များ တန်ဖိုးကျပ်သိန်း ၂၀ ခန့်ကို လာရောက်လှူဒါန်းပေးပါတယ်ရှင်။

လိုအပ်တာတွေအတွက် ဆက်သွယ်ရန်ပြောပြီး အားပေးစကားများပြောကြားပေးသွားတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်။ ကလေးတွေကိုလည်းချစ်ပေးတဲ့ အတွက် လည်း ပီတိဖြစ်ရပါတယ်ရှင်” လို့ခိုင်နှင်းဝေကပြောပါတယ်။ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephiithak ကကလေးတွေအတွက် မေတ္တာလက်ဆောင်များ နဲ့အတူ ငွေကျပ်သိန်း(၂၀) ခန့်ကိုလာရောက်လှူဒါန်းပေးတဲ့ သတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ…အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုံးနော်။

Zawgyi

ခိုင္ႏွင္းေဝ ကေတာ့ မိဘမဲ့ကေလးေလးေတြအတြက္ ခိုင္ “မိသားစု” ေဂဟာကိုလက္ရွိမွာ ဖြင့္လွစ္ထားၿပီးေတာ့ ရင္ခြင္မဲ့ကေလးေလးေတြကို ေစာင့္ေရွာက္ေပးေနတာပဲ ျဖစ္ပါ တယ္။ သူမရဲ႕ ခိုင္ႏွင္းေဝေဂဟာကိုလည္း (၇) ရက္သားသမီး အလႉရွင္မ်ားစြာကလည္း တတ္ႏိုင္သေလာက္ အလႉေငြမ်ား ထည့္ကူေပးလ်က္ရွိတာကိုလည္း ၾကည္ႏူးပီတိ ျဖစ္ စြာေတြ႕ရပါသည္။ ခိုင္ႏွင္းေဝကေတာ့ လႉဒါန္းမႈ႕ေတြကိုလည္း ဆက္တိုက္ျပဳလုပ္ေနသူပဲျဖစ္ပါတယ္။

လတ္တေလာ အေျခအေနေတြအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္စားေသာက္ကုန္ေတြေပးေဝလႉဒါန္းေနတဲ့အျပင္ အလႉေငြေတြလည္း တတ္ႏိုင္သေလာက္လႉဒါန္းေနတာေတြ႕ရပါတယ္။ဒီေန႔မွာေတာ့ ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာကို ထိုင္းသံ႐ုံးမွသံအမတ္က အလႉေငြမ်ားေပးအပ္ခဲ့ပါတယ္။

ရန္ကုန႔္ၿမိဳ႕ ထိုင္းသံ႐ုံးမွ သံအမတ္ Mrs. Suphatra Srimaitreephiithak မွ ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးမ်ားေဂဟာသို႔ သြားေရာက္၍ က်ပ္သိန္း ၂၀ ခန္႔ တန္ဖိုးရွိ ကေလး အသုံး အေဆာင္ပစၥည္းမ်ားကို လႉဒါန္းခဲ့ေၾကာင္းသိရပါသည္။ “ထိုင္းႏိုင္ငံသံအမတ္ႀကီးက ကေလးေတြအတြက္ ေမတၱာလက္ေဆာင္မ်ား တန္ဖိုးက်ပ္သိန္း ၂၀ ခန႔္ကို လာေရာက္လႉဒါန္းေပးပါတယ္ရွင္။

လိုအပ္တာေတြအတြက္ ဆက္သြယ္ရန္ေျပာၿပီး အားေပးစကားမ်ားေျပာၾကားေပးသြားတဲ့အတြက္လည္းေက်းဇူးအထူးတင္ရွိပါတယ္။ ကေလးေတြကိုလည္းခ်စ္ေပးတဲ့ အတြက္ လည္း ပီတိျဖစ္ရပါတယ္ရွင္” လို႔ခိုင္ႏွင္းေဝကေျပာပါတယ္။ ထိုင္းႏိုင္ငံ သံအမတ္ႀကီး Mrs. Suphatra Srimaitreephiithak ကကေလးေတြအတြက္ ေမတၱာလက္ေဆာင္မ်ား နဲ႔အတူ ေငြက်ပ္သိန္း(၂၀) ခန႔္ကိုလာေရာက္လႉဒါန္းေပးတဲ့ သတင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ ပရိသတ္ႀကီးေရ…အလႉေလးကို သာဓုေခၚဆိုခဲ့ပါအုံးေနာ္။