နေပူပူ၊မိုးရွာရွာထဲမှာ မိခင်ဆုံးသွားပြီးနောက်ပိုင်း စျေးရောင်းရင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရုန်းကန်နေရပြီဖြစ်တဲ့ ၈ နှစ်အရွယ် ကောင်လေး
နေပူပူ၊မိုးရွာရွာထဲမှာ မိခင်ဆုံးသွားပြီးနောက်ပိုင်း စျေးရောင်းရင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရုန်းကန်နေရပြီဖြစ်တဲ့ ၈ နှစ်အရွယ် ကောင်လေး ဟိုချီမင်မြို့မှာနေထိုင်တဲ့ Trung အမည်ရှိ ကောင်လေးတစ်ယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့
အခြေအနေ ဖြတ်သန်းရတဲ့အကြောင်းဟာလူများကို မျက်ရည်ကျစေခဲ့ပါတယ် ။ ခက်ခဲကြမ်းတမ်းတဲ့ဘဝနဲ့ သူ့အမေမရှိတော့တဲ့အတွက် အသက်(၈)နှစ်အရွယ်အဆိုပါ ကောင်လေးဟာအသက်မွေးဝမ်းကြောင်းပြုရတဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခဲ့ရပါတယ် ။
Trung အသက် 3 နှစ်သား အရွယ်မှာ မိခင်က သေဆုံးသွားပြီး သူတို့နား ထာဝရထွက်သွားခဲ့တာပါ။ ထိုအချိန်မှစပြီး ကျန်ခဲ့တဲ့ သားအဖ ၂ယောက်က အသီးအရွက် ယာဂုတို့ဖြင့် အချင်းချင်း ကျွေးမွေးကြပါတယ် ။
မိခင်သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး ။ မိခင်မရှိတဲ့နောက်ပိုင်းဖခင်ကအရင်ကလို ကျန်းမာရေးမကောင်းတာကြောင့် အလုပ်ကထွက်ပြီး လမ်းဘေးမှာ ခရု ရောင်းတဲ့အလုပ်ကို ပြောင်းလုပ် ရပါတယ် ။
ဒီအဖေရဲ့အလုပ်ချိန်က မနက် 2 နာရီမှာ စပေမယ့် 10 နာရီအထိ ရောင်းရပါတယ် ။ ကျောင်းချိန်ပြင်ပမှာ Trung က သူ့ဖခင်ကို ကူညီရန် အမြဲရှိနေပါတယ် ။ ပြောစရာမရှိ လောက်အောင် ကောင်လေးက မိုးရွာရွာနေပူပူမှာ ထမင်းနဲ့ အဝတ်အစားတွေအတွက် ကြိုးကြိုးစားစားလုပ်နေဆဲဖြစ်ပါတယ် ။
တခြားကလေးတွေ ဆော့ကစားနေချိန်မှာ Trung ကတော့ဖခင်ကိုကူညီဖို့ စျေးရောင်းနေရပါတယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခက်ခဲပင်ပန်းစွာ ကြီးပြင်းလာတဲ့ကလေးတွေဟာဒီလို နာကျင်စရာတွေကို အမြဲနားလည်ပါတယ် ။ ဖခင်ကို အမြဲကူညီတက်တဲ့ သားလိမ္မာလေးဖြစ်တာ ကြောင့် အဆင်ပြေမှုတွေ အမြန်ရရှိဖို့ ဆုတောင်းပေးပါတယ် ။
Zawgyi
နေပူပူ၊မိုးရွာရွာထဲမှာ မိခင်ဆုံးသွားပြီးနောက်ပိုင်း ဈေးရောင်းရင်း ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရုန်းကန်နေရပြီဖြစ်တဲ့ ၈ နှစ်အရွယ် ကောင်လေး ဟိုချီမင်မြို့မှာနေထိုင်တဲ့ Trung အမည်ရှိ ကောင်လေးတစ်ယောက်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့