ရေသန့်ရောင်းတဲ့ အဖွား ထပ်ဖြစ်ချင်တဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေမယ့် ဦးမိုးဒီ နှင့် လူရွှင်တော် မိုးစက်

လူရွှင်တော် မိုးစက်ကတော့ ယခုတလောမှာပရိသတ်တွေလေးစားချစ်ရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ မိုးစက်ကခုလို အရာရာ ခက်ခဲနေတဲ့ အချိန် ကာလတွေမှာ အကြောင်းအမျိုးမျိုး ကြောင့် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေတဲ့

မိသားစုတွေကိုတစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းပေးပြီး စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပရိသတ်တွေ အားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။

ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကိုလည်း အားလုံး မြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်း ရေးသားဖော်ပြလေ့ရှိပါတယ် ။အခုလည်း ဦးမိုးဒီနဲ့အတူ ရေသန့် ရောင်းတဲ့ အဖွားကို အလှူငွေဆယ်သိန်း သွားရောက်လှူဒါန်းပေးခဲ့တဲ့ ကြည်နူးစရာဖြစ်ရပ်လေးကို ဖော်ပြ လာပါတယ် ။

 

”သား ရေသန့်ရောင်းတဲ့ အဖွားအတွက် အလှူငွေ ဘယ်နေ့အပ်မှာလဲ…” ဒီနေ့ အပ်မှာဖေကြီး” ဟာ အဲ့ဒါဆို ဖေကြီးလဲ လိုက်မယ်ကွာ သူ့ရဲ့ အပျော်လေးတွေ မြင်ချင်လို့ပါ ပိုကောင်းတာပေါ့ ဖေကြီးရယ်”

မနေ့ညက ဖေကြီးဦးမိုးဒီ နဲ့ Live လွှင့်စျေးရောင်းပြီး ပြန်လာချိန်အဖွားကိုလှူဖြစ်မယ့် အကြောင်းတွေ ပြောပြလိုက်တော့ ဖေကြီး လိုက်ချင် သွားတာထင်ပါတယ်။ အဖွားဆီကို ရောက်တော့ဟာမင်းသားမိုးဒီကြီး မင်းသားမိုးဒီကြီး ဆိုပြီးမွ မွ မွ နဲ့ဝမ်းသာအားရ နမ်းပါလေရောဗျာ”

အဖွားစိတ်ထဲမှာတော့ မင်းသားလို့ဘဲထင်နေတာပေါ့။ အဖွားရေ လာရင်းကိစ္စလေးကတော့ အဖွားအတွက် အလှူငွေလေးတွေ သားဆီမှာရှိပါတယ် ။ အိမ်လေးလဲ ပိုင်သွားပြီဆို တော့ အခု အဖွားထပ်ဖြစ်ချင်တဲ့အဖွားရဲ့ ရင်ထဲက ဆန္ဒလေးသိပါရစေ”

အဖွား က မိဘမဲ့ ကလေးတွေ ရှင်ပြုပေးချင်တာ…”ကောင်းတာပေါ့ဗျာအဲ့ဒီဆန္ဒကို သားဖြည့်ဆည်းပေးပါရစေအဖွားရဲ့ရှေ့ရေးအတွက်လဲ မပူပါနဲ့ နောက်ထပ် လာလှူမယ့် အလှူရှင်တွေ အများကြီး ရှိပါသေးတယ်။”

ဒါဆိုရင် အဖွားအလှူ့အစ်မကြီးဖြစ်တော့မှာပေါ့နော်…” ဖြစ်ရမှာပေါ့ဗျာ လှူတဲ့ရက်ရောက်ရင်ကျွန်တော်ဦးမိုးဒီ ကိုယ်တိုင်လာနိုင်အောင် ကြိုးစားပေးပါ့မယ်ဗျာ”ပုံတွေနဲ့ တကွ ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။