ကရင်ပြည်နယ် လေးကေ့ကော်ရှိ စစ်ဘေးရှောင် ပြည်သူများအတွက် အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ ပရိတ်သတ်အချစ်တော် ခေးကြီးလု

မော်ဒယ်လ်လုလုအောင်ကတော့ အောင်မြင်လျက်ရှိနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီးပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ သူမကတော့ အချိုးအစားပြေပြစ်ပြီးသွယ်လျလှပတဲ့အမိုက်စားကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ ။

အမိုက်စားပုံရိပ်လေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ လုလုအောင်က ပုရိသတွေကြားမှာ ရေပန်းစားနေသူလေးလည်း ဖြစ်ပါတယ်။ လှပလွန်းတဲ့ကောက်ကြောင်းတွေအပြင် မျက်နှာလေးကလည်း ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။

ခေးကြီးလုလုအောင်ကတော့ သူမရဲ့ အမိုက်စား sexy ကျကျပုံလေးတွေကို ဖေ့ဘွတ်ပေါ်တွင် အများဆုံးဖော်ပြလေ့ရှိရာ ယောင်္ကျားလေးပရိသတ်တွေ အများဆုံး တစ်ခဲနက် အားပေးခြင်းခံရတာလည်းဖြစ်ပါတယ်။

လုလုအောင်က မြန်မာ့နွေဉီးတော်လှန်ရေးမှာ ဖေဖော်ဝါရီလထဲကစပြီး လမ်းပေါ်ထွက်ကာ အားတတ်သရော ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ အခုချိန်ထိ ကို ပရိသတ်တွေနဲ့ တစ်သားတည်းရပ်တည်နေတာကြောင့် ပရိသတ်တွေက အချစ်ပိုခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး နေတတ်တဲ့ လုလုအောင် တစ်ယောက်ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူဖြစ်သလို အလှူအတန်းရက်ရောသူလေးလဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ထန်တလန် မီးဘေးသင့် ပြည်သူများအတွက်လည်းလှူဒါန်းခဲ့ပါသေးတယ်။

အခုလည်း သူမက ကရင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။သူမက စစ်ဘေးရှောင်နေရတဲ့ကရင်ပြည်သူတွေအတွက်ဆိုပြီး အလှူငွေ ကျပ် ၁၀ သိန်းတိတိ ကို KAREN EAGLE ထံမှာ လှူတန်းထားတာပဲဖြစ်ပါတယ်။

အလှူငွေလက်ခံရခဲ့ပုံကိုတော့“ကရင်ပြည်နယ်လေးကေ့ကော် အနီးတဝိုက်ရှိစစ်ဘေးရှောင်ပြည်သူများအတွက် နိူင်ငံကျော်မော်ဒယ် လုလုအောင်မှ ကျနော်တို့ Karen Eagle အဖွဲ့မှတဆင့် အလှူငွေ (၁၀)သိန်းကျပ်တိတိပါဝင်ခဲ့ပါသည်။

ပြည်သူ့အချစ်တော်မော်ဒယ် လုလုအောင် အပေါ်ဘုရားသခင်သာ၍ ကောင်းချီးပေးလျှက်ချီးမြောက်ပါစေ” ဆိုပြီး KAREN EAGLE ရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

မော်ဒယ်လ်လုလုအောင်ကလည်း “ချစ်ရတဲ့ ကရင်ပြည်နယ်က စစ်ဘေးသင့်သွေးချင်းမောင်နှမ တွေတွက် များကြီးမဟုတ်ပေမယ့် ခေးကြီးလု ရဲ့ မေတ္တာရေကြည်တစ်ပေါက်” ဆိုပြီး ပြန်လည်မျှဝေထားတာလေးကို ပီတိဖြစ်ဏေရန်တင်ပြပေးလိုက်ပါတယ်နော်