စီးပွားရှာသူတိုင်း မဖြစ်မနေလိုက်နာရမယ့် ဆရာကြီး မင်းသိင်္ခပြောခဲ့တဲ့ နည်းလမ်း (၇)ခု

၁။ မင်းပိုင်တဲ့ တောင်းထဲမှာ ကြက်ဥ ၁ဝလုံး ရှိတယ် တစ်နေ့ကို ၉လုံးစားပြီး ၁ လုံးချန်ထားလို့ ၁ဝရက်ကြာရင် ဘာဖြစ်မလဲ။ ကြက်ဥ ၁ဝလုံး ရောက်နေပြီပေါ့ တစ်လုံး လျှော့ စားလိုက်တဲ့အတွက် မင်းလည်း ဘာမှ မသိသာပါဘူး။

ဆိုလိုတာက အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဝင်ငွေ ၁ဝပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။ ၉ ပုံတောင် သုံးရတဲ့အတွက် ဒီလောက်ကြီးလည်း ချိုးခြုံရာမကြဘူး မဟုတ်လား ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။

 

၂။ နောက်တစ်ခုက မင်းရဲ့ဝင်ငွေ ထွက်ငွေ တွေကို သေသေချာချာသိထားဖို့လိုတယ်။ မလိုအပ်ပဲနဲ့ ထွက်နေတဲ့ လမ်း ကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။ အဲလိုမှ မလုပ်ရင် အိတ်ပေါက် နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။ ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။

၃။ တတိယတစ်ခုက ငွေ ကိုစုပေမယ့် သက်မဲ့ လိုသဘောမထားရဘူး။ နွားတွေ ကြက်တွေ မွေးသလိုပေါ့။ အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။ ငွေ ကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့နေရာတွေမှာ ထည့်ဝင်မြုပ်နှံကွ။ အဲလိုမှ မလုပ်ပဲ ငွေကို သေတ္တာ ထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။

 

လေဖြတ်တဲ့လူလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။ဥပမာကွာ ငါ့သား မွေးတုန်းက ငါငွေလေး နည်းနည်းအတိုးချထားတယ်။ ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲထပ်မြုပ်တယ် အဲဒီကနေအတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်း ပို့မယ်လုပ်တော့ ငွေကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ ဒါဟာမြေပုံ ၃ပေါ့။

၄။ နောက်တစ်ခုက အလုပ် လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။ မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။ သေချာတာလောက် ကိုယ်ကျွမ်း ကျင်သလောက် နိုင်သလောက်ပဲလုပ်ရမယ် လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။

 

တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ် အပြောကလည်း ကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ ယုံသွားတယ်။ အစစ်ဆိုရင်ပြန်ရောင်းရင် သိန်း ၂ဝလောက် ရမှာကို ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး အိမ်ရောက်တော့ လျှပ် စစ်ဓာတ်မီးမပြောနဲ့ လက်နှိပ် ဓာတ်မီး တောင် မငြိမ်းဘူး။

စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။ တစ်သိန်းမို့ပေါ့ ၁ဝသိန်းဆိုရင် ငါခွက်ဆွဲနေလောက်ပြီ။ အဲဒီတော့ ပြောချင်တဲ့ လေးအချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ် ၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာ ရင်းနှီး မြုပ်နှံမှု မှမလုပ်ရဘူး။

 

၅။ နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှား နေတာ မသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင် ကြိုးစားရမယ်။ အိမ်ငှား စရိတ်ဟာ ကြာလာရင် အိမ်တစ်လုံး စာလောက်ရှိလာတယ် စိတ်ရှုပ်ရတယ် သေးတာကြီးတာမဓာန မဟုတ်ဘူး။

ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီအပေါက်က ငွေ အထွက်ဆုံးပဲ ။ အဲဒီတော့ ကားပဲမောင်းမောင်း ၊ စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား ။ ဒါ ငါးခုမြောက် မြေပုံပဲ။၆။ တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး ဆိုတဲ့ စကား ရှိတယ်။ စကား ပဲရှိတာကွ မလိုက်နာကြဘူး။

 

ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ် အတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်။ ရုတ်တရက် ကိုယ်သေသွားရင် ကျန်ရစ်သူ မိသားစု ကို မထိခိုက်စေဖို့၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဒါ ခြောက်ခုမြောက် မြေပုံပဲ။

၇။ (၇)ချက်မြောက် ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ ၊ ကိုယ်နဲ့ လုပ်ငန်း တူတွေရှိနေတယ်ကွ ၊ ကိုယ်ကရပ်ပေမဲ့ သူတို့ကကြိုးစားနေမှာ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက် လေလေ ဝင်ငွေ ကောင်းလေလေပေါ့ကွာ ၊ မင်းသဘောပေါက်ဖို့က

 

ကိုယ့်ဆီကို အားပေးတဲ့ဖောက်သည်တို့ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမဟုတ်ဘူး ..ကိုယ့်ထက်သာတဲ့လူ ၊ တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ .. အဲဒါတော့ မြဲမြဲမှတ်ထား။ ငါပြောချင်တဲ့ ရခုမြောက်မြေပုံက ဒါပဲ။

မင်းသဘောပေါက်ဖို့ကတော့ အလုပ် တစ်ခုမှာ သဘာရင့်ဝါရင့်တာနဲ့ မကြီးပွားဘူးနော် တော်မကြီးပွားတာ.. ကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲ လူနာက သွားမှာနော်… သဘာရင့် ဝါရင့်တယ်ဆိုပြီး သွားမှာ မဟုတ်ဘူး… ဒီအချက်ကို မြဲမြဲသဘောပေါက်စမ်းပါ။

 

ဆရာမင်းသိင်္ခရေးတဲ့ ဖျားသားချောင်းက ရေမျှောကမ်းတင် အောင်ဗဒင် ဆိုတဲ့စာအုပ်ထဲက တရုတ်ကြီးအဖောက်က စီးပွားရေးလုပ်ဖို့ကြိုးစားနေတဲ့အောင်ဗဒင်ကို အကြံပေး နေတာပါ။ မှတ်သားစရာ အချက်ကလေးတွေဖြစ်တဲ့အတွက် စာဖတ်သူများအတွက် သင့်တော်သလို ပြန်လည်ရေးသား ဝေမျှလိုက်ပါတယ် ။