သား အဆင်ပြေသလောက်လေး အဖိုးကို ကူညီပေးခဲ့ပါလား?

အဖိုး အသက်(၇၁)နှစ်…အကြောင်းအမျိုးမျိုးကြောင့် မိသားစုနှင့် လမ်းခွဲခဲ့တာ (၁၃)နှစ်ကျော်ပါပြီ။ အဖိုးရေ… Mask လေး အားပေးချင်လို့ပါလာပြီ သားရေ…တခု (၅၀)ကျပ်ပါ သားရေ… ဘယ်နှခု ယူမလဲ (အားပေးချင်တယ်ဆိုတော့…အတော် ပျော်သွားတယ် )

 

ဟုတ် အဖိုး…(၂)ခု ယူမယ်နော်…ဒါနဲ့ သားကို မှတ်မိလား ?? (အဖိုး အတော်စဉ်းစားတယ်…mask ချွတ်ပြမှ) ဟာ…သားကို မှတ်မိပြီ…အဖိုး ဒုက္ခ ရောက်ချိန်ဆို…သား ရောက်ရောက်လာတယ်နော်ဟုတ် အဖိုး…ဘာများ ဖစ်လို့လဲ ??

အဖိုး လကုန်ပေးစရာ အိမ်လစာ စုတာ မရသေးပါဘူးသားရယ်…အရောင်းဝယ်ကလဲ ပါးတယ်…သိပ်မဝယ်ကြဘူး။ အော်…ဟုတ်…ဘယ်လောက်မလို့လဲ အဖိုးရဲ့?? တလ (၅)သောင်း သား…လျှပ်စစ်မီးဖိုးက (၁)သောင်း ပေးရတယ် သားကော…ဒါနဲ့ သား ခုနက mask (2)ခု ယူထားတယ်နော် ….

 

ဟုတ်တယ် သား…(၁၀၀)ကျပ်ပဲ ကျတာပါ…သား အဆင်ပြေသလောက်လေး အဖိုးကို ကူညီပေးခဲ့ပါလား ??ဟုတ် အဖိုး….mask (1)ခု (၅၀)ကျပ်နော်…ဟုတ်တယ် သား… (၅၀)ပါ။ သား mask (1)ခုကို (၅)သောင်းနဲ့ ပေးဝယ်မယ်ဗျာ…(2)ခုဆို (၁)သိန်းပေါ့…

ရော့ အဖိုး…100,000 Ks အဖိုး စိတ်မညစ်နဲ့တော့…လိုတာ သုံးနော်…ဝမ်းသာလိုက်တာ…အဖိုး အခု ပြန်တော့မယ်… တခါတည်း သွားပေးမယ်။တကယ် ကျေးဇူးတင်ပါတယ် သားရယ်…ဒုက္ခရောက်လို့ စိတ်ညစ်နေချိန်ဆို သားရောက်ရောက်လာတတ်တယ်နော်…ဟုတ် အဖိုး…ရပါတယ်…နေပူတယ် အိမ်ဂရုစိုက်ပြန်နော်….

 

အဖိုး ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ပွိုင့်မှာ သွားအားပေးလို့ရပါတယ်။ (ကျနော်နဲ့အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးအားလုံးကို အဖိုးကိုယ်စား ကျေးဇူးတင်ရှိပါတယ် ဗျ )အဖိုး ပျော်သွားတာလေး မြင်တော့…

ကျနော်တို့လဲ ပျော်ရပါတယ် ဗျ…ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ် လှူဒါန်းနိုင်ပါတယ်နော်…

Zawgyi

အဖိုး အသက္(၇၁)ႏွစ္…အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိသားစုႏွင့္ လမ္းခြဲခဲ့တာ (၁၃)ႏွစ္ေက်ာ္ပါၿပီ။ အဖိုးေရ… Mask ေလး အားေပးခ်င္လို႔ပါလာၿပီ သားေရ…တခု (၅၀)က်ပ္ပါ သားေရ… ဘယ္ႏွခု ယူမလဲ (အားေပးခ်င္တယ္ဆိုေတာ့…အေတာ္ ေပ်ာ္သြားတယ္ )

ဟုတ္ အဖိုး…(၂)ခု ယူမယ္ေနာ္…ဒါနဲ႔ သားကို မွတ္မိလား ?? (အဖိုး အေတာ္စဥ္းစားတယ္…mask ခြၽတ္ျပမွ) ဟာ…သားကို မွတ္မိၿပီ…အဖိုး ဒုကၡ ေရာက္ခ်ိန္ဆို…သား ေရာက္ေရာက္လာတယ္ေနာ္ဟုတ္ အဖိုး…ဘာမ်ား ဖစ္လို႔လဲ ??

အဖိုး လကုန္ေပးစရာ အိမ္လစာ စုတာ မရေသးပါဘူးသားရယ္…အေရာင္းဝယ္ကလဲ ပါးတယ္…သိပ္မဝယ္ၾကဘူး။ ေအာ္…ဟုတ္…ဘယ္ေလာက္မလို႔လဲ အဖိုးရဲ႕?? တလ (၅)ေသာင္း သား…လွ်ပ္စစ္မီးဖိုးက (၁)ေသာင္း ေပးရတယ္ သားေကာ…ဒါနဲ႔ သား ခုနက mask (2)ခု ယူထားတယ္ေနာ္ ….

ဟုတ္တယ္ သား…(၁၀၀)က်ပ္ပဲ က်တာပါ…သား အဆင္ေျပသေလာက္ေလး အဖိုးကို ကူညီေပးခဲ့ပါလား ??ဟုတ္ အဖိုး….mask (1)ခု (၅၀)က်ပ္ေနာ္…ဟုတ္တယ္ သား… (၅၀)ပါ။ သား mask (1)ခုကို (၅)ေသာင္းနဲ႔ ေပးဝယ္မယ္ဗ်ာ…(2)ခုဆို (၁)သိန္းေပါ့…

ေရာ့ အဖိုး…100,000 Ks အဖိုး စိတ္မညစ္နဲ႔ေတာ့…လိုတာ သုံးေနာ္…ဝမ္းသာလိုက္တာ…အဖိုး အခု ျပန္ေတာ့မယ္… တခါတည္း သြားေပးမယ္။တကယ္ ေက်းဇူးတင္ပါတယ္ သားရယ္…ဒုကၡေရာက္လို႔ စိတ္ညစ္ေနခ်ိန္ဆို သားေရာက္ေရာက္လာတတ္တယ္ေနာ္…ဟုတ္ အဖိုး…ရပါတယ္…ေနပူတယ္ အိမ္ဂ႐ုစိုက္ျပန္ေနာ္….

အဖိုး ေ႐ႊတိဂုံဘုရား အေရွ႕ဘက္မုဒ္ ပြိဳင့္မွာ သြားအားေပးလို႔ရပါတယ္။ (က်ေနာ္နဲ႔အတူ ပူးေပါင္းပါဝင္လႉဒါန္းေပးၾကေသာ (၇)ရက္သားသမီးအားလုံးကို အဖိုးကိုယ္စား ေက်းဇူးတင္ရွိပါတယ္ ဗ် )အဖိုး ေပ်ာ္သြားတာေလး ျမင္ေတာ့…

က်ေနာ္တို႔လဲ ေပ်ာ္ရပါတယ္ ဗ်…ဆင္းရဲႏြမ္းပါး အဖိုးအဖြားမ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက ကိုပူတူးႏွင့္ေဘာ္ဒါမ်ား ဖုန္း 09-5408437 သို႔ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္ေနာ္…