စျေးဦးလဲပေါက်…အိမ်အစောကြီးလဲ ပြန်ရပြီ

အဖိုး အသက် (၇၈)နှစ်တဲ့….အဖွားနှင့်သားက အိမ်မှာ…သားက ဂျင်လေးတွေ လုပ်ပေးတယ်တဲ့…အဖိုးက ဆေးခြယ်တယ်တဲ့….အဖိုးရေ…ဂျင်လေးတွေ ဘယ်လိုရောင်း?? သား ဗိုလ်ချုပ်စျေးမှာဆို ၃ထောင်ရောင်း ကြတယ်…အဖိုးကို 2,000 Ksပဲ ပေးပါ။

 

ဘယ်လိုဆော့ရတာတုန်း အဖိုး?? ဒီလိုကြိုးလေးဆွဲပြီ လက်ပေါ် တင်ထားလို့လဲရတယ် သား…ဟုတ် အဖိုး…စျေးဦးပေါက်ပြီလား ??မပေါက်သေးပါဘူး သားရယ်… အရင်က ကော…တနေ့ ဘယ်လောက် ရောင်းရလဲ ??

တခါတလေ (၅)ခုပဲ ရောင်းရတယ်…မမှန်ပါဘူး သားရယ်…ဟုတ် အဖိုး…ဘယ်နှခုရှိလဲမသိဘူးနော်…အဖိုး မသိဘူး.ပြန်သွားလို့ အဖိုး အိတ်ထဲ ပါသွားတာ အဖိုး ပိုက်ဆံလိုပဲ တွေးပါတယ် သားရယ်…သားတွက်ကြည့်တာ….(၁၂)ခုရှိတယ် အဖိုး ဟုတ်လား…

 

ဟုတ် အဖိုး…သား အားလုံးယူမယ်လေ…ဟာ…တကယ်လား…သားက ဘာလုပ်ဖို့လဲ ?အဖိုးရှေ့က သား ကလေးလေး ဆော့ဖို့ပါ။ သမီး ဆော့ဖို့လား…ဟုတ်တယ် အဖိုး….(အဖိုးက သူမကို သင်ပေးနေတာ ဆော့ပုံဆော့နည်းတွေ)အဖိုး ရော့….50,000 Ks ပါ။

သား ပိုနေတယ်မလား…အဲ့လောက်မကျဘူးလေ…ဟုတ်တယ် အဖိုး ပိုနေတာ အဖိုးယူလိုက်ပါ။ အဖွားအတွက် တခုခု ဝယ်သွားလိုက်နော် … ကျေးဇူးတင် လိုက်တာ သားရယ်…စျေးဦးလဲပေါက်…အိမ်လဲ အစောကြီးပြန်ရပြီ။

 

ဟုတ် အဖိုး…ဂရုစိုက်ပြန်နော်…ခဏ ခဏ သားနာမည်လေးပြောခဲ့ပါ…အဖိုး မေတ္တာပို့ပေးချင်လို့ပါ။ ဟုတ် အဖိုး….သား နမည် ပူတူးပါဗျ…ကျေးဇူးတင်ပါတယ် အဖိုးရယ်… (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးအားလုံးကို အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ )

အော်…အဖိုး အိမ်စောပြန်ရလို့ ပျော်နေတာလေးကြည့်ပြီ ပျော်နေမိတယ်။ ဆင်းရဲနွမ်းပါး အဖိုးအဖွား များအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်…

Zawgyi

အဖိုး အသက္ (၇၈)ႏွစ္တဲ့….အဖြားႏွင့္သားက အိမ္မွာ…သားက ဂ်င္ေလးေတြ လုပ္ေပးတယ္တဲ့…အဖိုးက ေဆးျခယ္တယ္တဲ့….အဖိုးေရ…ဂ်င္ေလးေတြ ဘယ္လိုေရာင္း?? သား ဗိုလ္ခ်ဳပ္ေစ်းမွာဆို ၃ေထာင္ေရာင္း ၾကတယ္…အဖိုးကို 2,000 Ksပဲ ေပးပါ။

ဘယ္လိုေဆာ့ရတာတုန္း အဖိုး?? ဒီလိုႀကိဳးေလးဆြဲၿပီ လက္ေပၚ တင္ထားလို႔လဲရတယ္ သား…ဟုတ္ အဖိုး…ေစ်းဦးေပါက္ၿပီလား ??မေပါက္ေသးပါဘူး သားရယ္… အရင္က ေကာ…တေန႔ ဘယ္ေလာက္ ေရာင္းရလဲ ??

တခါတေလ (၅)ခုပဲ ေရာင္းရတယ္…မမွန္ပါဘူး သားရယ္…ဟုတ္ အဖိုး…ဘယ္ႏွခုရွိလဲမသိဘူးေနာ္…အဖိုး မသိဘူး.ျပန္သြားလို႔ အဖိုး အိတ္ထဲ ပါသြားတာ အဖိုး ပိုက္ဆံလိုပဲ ေတြးပါတယ္ သားရယ္…သားတြက္ၾကည့္တာ….(၁၂)ခုရွိတယ္ အဖိုး ဟုတ္လား…

ဟုတ္ အဖိုး…သား အားလုံးယူမယ္ေလ…ဟာ…တကယ္လား…သားက ဘာလုပ္ဖို႔လဲ ?အဖိုးေရွ႕က သား ကေလးေလး ေဆာ့ဖို႔ပါ။ သမီး ေဆာ့ဖို႔လား…ဟုတ္တယ္ အဖိုး….(အဖိုးက သူမကို သင္ေပးေနတာ ေဆာ့ပုံေဆာ့နည္းေတြ)အဖိုး ေရာ့….50,000 Ks ပါ။

သား ပိုေနတယ္မလား…အဲ့ေလာက္မက်ဘူးေလ…ဟုတ္တယ္ အဖိုး ပိုေနတာ အဖိုးယူလိုက္ပါ။ အဖြားအတြက္ တခုခု ဝယ္သြားလိုက္ေနာ္ … ေက်းဇူးတင္ လိုက္တာ သားရယ္…ေစ်းဦးလဲေပါက္…အိမ္လဲ အေစာႀကီးျပန္ရၿပီ။

ဟုတ္ အဖိုး…ဂ႐ုစိုက္ျပန္ေနာ္…ခဏ ခဏ သားနာမည္ေလးေျပာခဲ့ပါ…အဖိုး ေမတၱာပို႔ေပးခ်င္လို႔ပါ။ ဟုတ္ အဖိုး….သား နမည္ ပူတူးပါဗ်…ေက်းဇူးတင္ပါတယ္ အဖိုးရယ္… (က်ေနာ္တို႔ႏွင့္အတူ ပူးေပါင္းပါဝင္လႉဒါန္းေပးၾကေသာ (၇)ရက္သားသမီးအားလုံးကို အဖိုးကိုယ္စား ေက်းဇူးတင္ပါတယ္ဗ် )

ေအာ္…အဖိုး အိမ္ေစာျပန္ရလို႔ ေပ်ာ္ေနတာေလးၾကည့္ၿပီ ေပ်ာ္ေနမိတယ္။ ဆင္းရဲႏြမ္းပါး အဖိုးအဖြား မ်ားအတြက္ အတူအကြ ပူးေပါင္း ကူညီလႉဒါန္းလိုပါက ကိုပူတူးႏွင့္ေဘာ္ဒါမ်ား ဖုန္း 09-5408437 သို႔ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္ေနာ္…