ထူးထူးခြားခြား အစ်မတစ်ယောက်လိုချစ်ရတဲ့ အဆိုတော် ပိုပို ကို အိပ်မက်မက်လို့ စိတ်ပူပြီးဆုတောင်းပေးလိုက်တဲ့ ချယ်ရီသင်း
ပရိသတ်ကြီးရေ အဆိုတော် ပိုပိုကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမကတော့ ပုဒ်မ ၅၀၅(က) ထုတ်ခံရပြီးနောက်ပိုင် းမှာတော့
နေအိမ်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ပရိသတ်တွေနဲ့ ပိုပိုကို ချစ်ကြတဲ့ အနုပညာ လောကမှ ညီအစ်ကိုမောင် နှမတွေကလည်း သူမရဲ့ကျန်းမာရေးအတွက်စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။
မကြာသေးခင်က ပိုပိုနဲ့ ညီအစ်မအရင်းတွေလို အရမ်းခင်ကြတဲ့ အဆိုတော်ချယ်ရီသင်းရဲ့ Facebook Story မှာ ပို့စ်တစ်ခု ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကတော့ အကျဉ်းထောင်ထဲမှာဖမ်းဆီးခံထားရတဲ့ ပိုပိုနဲ့ပတ်သက်ပြီး အလွန်ထူးခြားတဲ့ အိမ်မက်မက်ခဲ့ကြောင့် ထုတ်ပြောပြ လာခဲ့တာ ဖြစ်ပါတယ်။”
ညက မပိုကို ထူးထူးခြားခြား အိမ်မက် မက်တယ်။ သူအရမ်းလှနေတယ် အိမ်မက်ထဲမှာ ဘယ်လိုနေနေရလဲ မမရေ အဆင်ရောပြေရဲ့လား စိတ်ပူတယ် 💔💔” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုပိုတစ်ယောက် ဘေးကင်းအဆင်ပြေစေဖို့ ဆုတောင် းပေးသွားကြပါဦးနော်။
Zawgyi