“တံမြက်စည်းရောင်းတဲ့ အသက် (၉၀) အရွယ် အဖွားအတွက် ၆လစာ အိမ်စာချုပ် ချုပ်ဆိုပေးခဲ့တဲ့ မိုးစက်”

ပရိသတ်ကြီးရေလတ်တလောမှာပရဟိတ လုပ်ငန်းတွေရရင်ရသလို ပြုလုပ်နေသူတွေထဲမှာ လူရွှင်တော်မိုးစက်လည်းအပါအဝင်ပါပဲနော်။ အဘက်ဘက်က စားဝတ်နေရေး ခက်ခဲနေတဲ့ကာလကြီးမှာ အလှူရှင်တွေနဲ့စုပေါင်းကာ ဒုက္ခရောက်နေတဲ့ သူတွေအပြင် လမ်းမှတွေ့တဲ့သက်ကြီးရွယ်အိုတွေကိုလည်း အကူအညီပေးလျက်ရှိသူပါ။

မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို အများစုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိပါတယ် ။ ဒါ့ကြောင့်လည်း ပရိသတ်တွေအားလုံးက မိုးစက်ကို လေးစားချစ်ခင်နေကြတာပါ။

ဒါတင်မကဘဲ သူရဲ့အလှူလေးတွေကို လည်း အားလုံးမြင်တွေ့ပြီး ပီတိဖြစ်ရအောင်လည်းရေးသားဖော်ပြလေ့ရှိပါတယ် ။ဒီနေ့မှာလည်း တံမြက်စည်းရောင်းတဲ့ အသက် ၉၀ကျော် အဖွားအတွက်မိုးစက်က၆လစာ အိမ်စာချုပ် ချုပ်ဆိုပေးခဲ့ပါတယ် ။ အဲ့ဒီအလှူ နဲ့ပတ်သတ်ပြီးမိုးစက်က

“ဖွားဖွားအတွက် အလှူငွေ (၆)သိန်းကျော်ရရှိခဲ့ပါတယ်။ဒါကြောင့် အိမ်လစာ (၆) လစာ ၄၈၀၀၀၀ ကျပ် နဲ့ စာချုပ်ပေးခဲ့ပါတယ်။ အိမ်ရှင် ကလည်း ၃၀၀၀၀ ကျပ် အဖွားအတွက် ​ပြန်လှူပေးခဲ့ပါတယ်။ အဖွားရဲ့ သမီးဖြစ်သူကလည်း ခြေထောက်နာနေတော့ အဖွားကို လုပ်ကျွေးပြုစုနိုင်ခြင်း မရှိတဲ့အခါ

အဖွား တံမြက်စည်းထွက်ရောင်းနေရရှာတာပါ။ အခုတော့ သားအမိနှစ်ယောက်လုံး အရိပ်အောက်မှာ (၆) လ မပူမပင် ခိုလှုံခွင့်ရခဲ့ပါပြီ ။” လို့ လူမှုကွန်ယက်မှာ တင်ထားတာ လေးကို ပီတိဖြစ်စေဖို့ပြ်လည်တင်ပြပေးလိုက်ပါတယ်နော်…..

Zawgyi

ပရိသတ္ႀကီးေရလတ္တေလာမွာပရဟိတ လုပ္ငန္းေတြရရင္ရသလို ျပဳလုပ္ေနသူေတြထဲမွာ လူ႐ႊင္ေတာ္မိုးစက္လည္းအပါအဝင္ပါပဲေနာ္။ အဘက္ဘက္က စားဝတ္ေနေရး ခက္ခဲေနတဲ့ကာလႀကီးမွာ အလႉရွင္ေတြနဲ႔စုေပါင္းကာ ဒုကၡေရာက္ေနတဲ့ သူေတြအျပင္ လမ္းမွေတြ႕တဲ့သက္ႀကီး႐ြယ္အိုေတြကိုလည္း အကူအညီေပးလ်က္ရွိသူပါ။

မိုးစက္က ကိုယ္တိုင္လည္း ရရွိတဲ့ အႏုပညာေၾကးေလးေတြစုေပါင္းၿပီး လႉဒါန္းသလို အမ်ားစုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိပါတယ္ ။ ဒါ့ေၾကာင့္လည္း ပရိသတ္ေတြအားလုံးက မိုးစက္ကို ေလးစားခ်စ္ခင္ေနၾကတာပါ။

ဒါတင္မကဘဲ သူရဲ႕အလႉေလးေတြကို လည္း အားလုံးျမင္ေတြ႕ၿပီး ပီတိျဖစ္ရေအာင္လည္းေရးသားေဖာ္ျပေလ့ရွိပါတယ္ ။ဒီေန႔မွာလည္း တံျမက္စည္းေရာင္းတဲ့ အသက္ ၉၀ေက်ာ္ အဖြားအတြက္မိုးစက္က၆လစာ အိမ္စာခ်ဳပ္ ခ်ဳပ္ဆိုေပးခဲ့ပါတယ္ ။ အဲ့ဒီအလႉ နဲ႔ပတ္သတ္ၿပီးမိုးစက္က

“ဖြားဖြားအတြက္ အလႉေငြ (၆)သိန္းေက်ာ္ရရွိခဲ့ပါတယ္။ဒါေၾကာင့္ အိမ္လစာ (၆) လစာ ၄၈၀၀၀၀ က်ပ္ နဲ႔ စာခ်ဳပ္ေပးခဲ့ပါတယ္။ အိမ္ရွင္ ကလည္း ၃၀၀၀၀ က်ပ္ အဖြားအတြက္ ​ျပန္လႉေပးခဲ့ပါတယ္။ အဖြားရဲ႕ သမီးျဖစ္သူကလည္း ေျခေထာက္နာေနေတာ့ အဖြားကို လုပ္ေကြၽးျပဳစုႏိုင္ျခင္း မရွိတဲ့အခါ

အဖြား တံျမက္စည္းထြက္ေရာင္းေနရရွာတာပါ။ အခုေတာ့ သားအမိႏွစ္ေယာက္လုံး အရိပ္ေအာက္မွာ (၆) လ မပူမပင္ ခိုလႈံခြင့္ရခဲ့ပါၿပီ ။” လို႔ လူမႈကြန္ယက္မွာ တင္ထားတာေလးကို ပီတိျဖစ္ေစဖို႔ျပ္လည္တင္ျပေပးလိုက္ပါတယ္ေနာ္…..