အိမ်မှာမအိပ်ရဲလို့ဆိုပြီး လမ်းပေါ်ထွက်အိပ်‌နေတဲ့ ကလေးရဲ့ သနားစရာဘဝဇာတ်ကြောင်း

ဗီယက်နမ်နိုင်ငံ Ha Giangပြည်နယ် ကျေးလက်ဒေသတွင်နေထိုင်သော အသက် ၄ နှစ်အရွယ် ကောင်လေး သည် ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း မိခင်ကလည်း နောက်အိမ်ထောင်ထပ်ပြုခဲ့ရာ ဦးလေး လက်ထဲတွင် ကြီးပြင်းခဲ့ရသည်။

ဦးလေးဖြစ်သူမှာ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူနေ့စဥ်နှင့်အမျှ သောက်စားမူးယစ်နေပြီး အိမ်ပြန်ရောက်ချိန်တွင်လည်း ကောင်လေးအားအမြဲလိုလို ဆဲဆူကာ အော်ငေါက်နေသဖြင့် ကလေး လေးခမျာ ကြောက်ရွံ့နေခဲ့သည်။

ထို့ကြောင့် ကောင်လေးသည် တစ်နေ့တွင် ဦးလေးဆူမှာကိုကြောက်ပြီး အိမ်မှာမအိပ်ရဲသဖြင့်ညဖက်အချိန် တွင် အဖွားဖြစ်သူဆီသွားနေရန် လမ်းလျှောက်ထွက်ခဲ့သည်။ သို့သော်လည်း လမ်းတစ်ဝက်မှာတင် ညောင်းလို့ဆိုပြီး လှဲချလိုက်ရာကနေ

တစ်ခါတည်းအိပ်ပျော်သွားခဲ့ကာ ဖြတ်သွားဖြတ်လာသူတစ်ဦးမှ မြင်ပြီး ဒေသရှိကလေးငယ် စောင့်ရှောက် ရေးဌာနသို့ ခေါ်ဆောင်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သားသမီးမရှိသော ဇနီးမောင်နှံနှစ်ဦးမှ ကောင်လေး အား အုပ်ထိန်းသူများ၏ခွင့်ပြုချက်နှင့်အတူ ခေါ်ယူမွေးစားခဲ့သည်။

Zawgyi

ဗီယက္နမ္ႏိုင္ငံ Ha Giangျပည္နယ္ ေက်းလက္ေဒသတြင္ေနထိုင္ေသာ အသက္ ၄ ႏွစ္အ႐ြယ္ ေကာင္ေလး သည္ ဖခင္ျဖစ္သူဆုံးပါးသြားၿပီးေနာက္ပိုင္း မိခင္ကလည္း ေနာက္အိမ္ေထာင္ထပ္ျပဳခဲ့ရာ ဦးေလး လက္ထဲတြင္ ႀကီးျပင္းခဲ့ရသည္။

ဦးေလးျဖစ္သူမွာ သူငယ္ခ်င္းအေပါင္းအသင္းမ်ားႏွင့္အတူေန႔စဥ္ႏွင့္အမွ် ေသာက္စားမူးယစ္ေနၿပီး အိမ္ျပန္ေရာက္ခ်ိန္တြင္လည္း ေကာင္ေလးအားအၿမဲလိုလို ဆဲဆူကာ ေအာ္ေငါက္ေနသျဖင့္ ကေလး ေလးခမ်ာ ေၾကာက္႐ြံ႕ေနခဲ့သည္။

ထို႔ေၾကာင့္ ေကာင္ေလးသည္ တစ္ေန႔တြင္ ဦးေလးဆူမွာကိုေၾကာက္ၿပီး အိမ္မွာမအိပ္ရဲသျဖင့္ညဖက္အခ်ိန္ တြင္ အဖြားျဖစ္သူဆီသြားေနရန္ လမ္းေလွ်ာက္ထြက္ခဲ့သည္။ သို႔ေသာ္လည္း လမ္းတစ္ဝက္မွာတင္ ေညာင္းလို႔ဆိုၿပီး လွဲခ်လိုက္ရာကေန

တစ္ခါတည္းအိပ္ေပ်ာ္သြားခဲ့ကာ ျဖတ္သြားျဖတ္လာသူတစ္ဦးမွ ျမင္ၿပီး ေဒသရွိကေလးငယ္ ေစာင့္ေရွာက္ ေရးဌာနသို႔ ေခၚေဆာင္သြားခဲ့သည္။ ကံေကာင္းစြာျဖင့္ သားသမီးမရွိေသာ ဇနီးေမာင္ႏွံႏွစ္ဦးမွ ေကာင္ေလး အား အုပ္ထိန္းသူမ်ား၏ခြင့္ျပဳခ်က္ႏွင့္အတူ ေခၚယူေမြးစားခဲ့သည္။