အချစ်ရေး ၊ငွေရေးကြေးရေး၊ နှင့်ကြွေးတောင်းယတြာများ

” အချစ်ရေးကံကောင်းစေရန် “

တနင်္လာနံတွေဖြစ်တဲ့ ငါး ၊ ခို ၊ ကျီး ၊ ခွေး ၊ကြောင် အစရှိသဖြင့် ရေသတ္တဝါ ၊ ကုန်းသတ္တဝါ ၊ လေသတ္တဝါတို့ကို သင့်လျော်ရာအစာများ ကျွေးပါ။ အစာမကျွေးမီ

အဂ္ဂေါဗုဒ္ဓေါ

အဂ္ဂေါဓမ္မော

အဂ္ဂေါသံဃော

အဂ္ဂေါမေ ဝိပါကော ဟောတု

ယံ ယံ ဣစ်ဆံ သမိဇ်ဈတု

ဟု ကျွေးမည့် အစာကို (၇) ခေါက်မန်း၍ ကျွေးပါ ။

အစာကျွေးနေစဉ် မိမိရဲ့ အချစ်ရေး ကံကောင်းပါစေ ။ မိမိချစ်ရသူ၏ အချစ်ကို ရရှိပါစေ ။ မိမိချစ်သူက မိမိအပေါ် သစ္စာ ရှိပါစေ စသည်ဖြင့် ဆုတောင်းပါ ။

” ကြွေးတောင်းယတြာ မခက်ပါ “

ကြံရည်တစ်ခွက်ထဲသို့ ခရေညွန့် ၆ ညွန့်ထည့်ပါ ။ အိမ်ဘုရားတွင် လှူပြီး အကြွေးရစေဖို့ ဆုတောင်းပါ။

တနင်္လာနေ့ ၉ နာရီ ၄၅ မိနစ်မှာ လှူပြီး

ဆုတောင်းခြင်းဖြင့် အကြွေးများ အမြန်ရစေပါတယ် ။
” ငွေရေးကြေးရေး ယတြာများ “

ကဲ လလည်း ကုန်ခါနီးပြီ ။ လစာကလည်း ထုတ်ရတော့မယ် ။ အကြွေးရှိတဲ့သူတွေက အကြွေးတွေဖယ်ဆပ် ၊ အကြွေးမရှိတဲ့လူတွေကျ တစ်လလုံး အားခဲထားသမျှ စားမယ် ၊ သောက်မယ် ပျော်မယ် ၊ ပါးမယ်နဲ့ ဖြစ်နေကြမယ့် အချိန်ကာလလေးပေါ့ ။

အချို့သူတွေက ငွေစုမယ်ဆိုပြီး ငွေမစုမိဘဲ ကုန်သွားလို့ မျောက်မှိုင် မှိုင်နေရတဲ့ အဖြစ်မျိုး ။ အချို့ကလည်း မသုံးရက်မစားရက်ဘဲ ပြိတ္တာဖြစ်နေတဲ့ အဖြစ်မျိုးတွေ မကြုံရလေအောင်အတွက် ကျွန်တော် ဂမ္ဘီရမျက်ရှင် ကနေပြီးတော့ စေတနာရှေ့ထားပြီးငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ယတြာလေးတွေကို ဖန်တီးပေးလိုက်ရပါတယ်ဗျာ ။

၁ ။ ငွေရေးကြေးရေး အဆင်မပြေဘူးဆိုရင် –

တြင်ကာ ဆိုတဲ့ စကားကို (၅) ခွန်းရွတ်ဆိုပါ ။

ရွတ်ဆိုသည့်အခါတွင်လည်းငွေရေးကြေးရေးပြေလည်နေပြီဟူသည့် အတွေးမျိုးကိုပါ စိတ်ထဲ ပုံဖော်တွေးရမှာဖြစ်ပါတယ် ။

၂ ။ ငွေဝင်ယတြာတစ်ခုကတော့ ပထမဆုံး

ဘယ်ဘက်လက်ဝါးပြင် အထက်နားလောက်မှာ ညာဘက် လက်ညှိုးနဲ့ ‘က’ (ကကြီး) ပုံရေးလိုက်ပါ ။

ပြီးတာနဲ့ ညာဘက်လက်ဝါးပြင် အောက်နားလောက်မှာ ဘယ်ဘက်လက်ညှိုးနဲ့ ‘ယ'(ယပလပ်) ပုံရေးလိုက်ပါ ။ သတိထားရမှာက လက်ဝါးနှစ်ဖက်ကို ပူးထပ်လိုက်ချိန်မှာ ‘ထ’ ပုံစံလေး ဖြစ်နေပါစေ ။ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ စောစောက ရေးထားတဲ့ လက်ဝါး နှစ်ဖက်ကို ”ငွေဝင်စေ” လို့ ပြောပြီး
လက်ခုပ်တီးသလို ရိုက်ချလိုက်ရုံပါပဲ ။

၃ ။ လကလည်းကုန်ပြီ အကြွေးတွေကလည်း မပေးကြသေးဘူးဆိုရင်တော့အကြွေးတောင်းယတြာရှိပါတယ် ။

(က) မုန့်စိမ်းပေါင်းကို ကြွေပန်းကန်ထဲကို ထည့်ပါ။ ထိုမုန့်စိမ်းပေါင်းပေါ် ဖယောင်းတိုင်တတိုင်ထွန်းပါ။ ပြီးတော့ ဘုရားမှာကပ်လှူပြီး အကြွေးယူထားသူ၏မျက်နှာကို မြင်အောင်ကြည့်ပါ။ နောက်နာမည်ခေါ်ပြီး ငါ့အကြွေးအမြန်လာပေးစေဟု့(၉)ကြိမ်ပြောပါ။ ရက်ပိုင်းအတွင်းအဆင်ပြေသွားပါလိမ့်မယ်။

(ခ) အကြွေးပြန်လိုချင်ရင် မိမိချေးထားသော

ငွေများအမြန်ပြန်ရစေရန် အိမ်နောက်ဖေးမှမြက်ပင်နှင့် စပါးတွဲကိုပူချည်ပြီး အိမ်ရှေ့တွင် ချိတ်၍ စာကလေးများကိုကျွေးပါ ။ စပါးတွဲတွေကို ချိတ်တဲ့အချိန်မှာ “မောင်အဝှာ ငါ့ငွေတွေအမြန် လာပေးပါ” လို့ အကြွေးယူထားသူရဲ့. နာမည်ကိုခေါ်ပြီးချိတ်ပါ ။

၄ ။ လကုန်ဆိုတော့ ငွေကတော့ ဝင်လာပါပြီ ။ ဒါပေမဲ့ မလိုအပ်တဲ့ နေရာတွေမှာ ကုန်ကုန်သွားတယ် ။ အပိုငွေမထွက်ချင်ဘူးဆိုသူများအတွက် ငါးသေတ္တာတစ်ဗူးဝယ်လိုက်ပါ ။ ထိုငါးသေတ္တာဗူးပေါ်မှာ ဖယောင်းတိုင်အစိမ်းတစ်တိုင်ထွန်းပြီး ငွေအပိုမထွက်ရပါစေလို့ ဆုတောင်းပေးပါ ။

၅ ။ ငွေမြဲစေရန်ယတြာ တစ်မျိုး ၊ ကြွေပန်းကန်ပြား( အသေး )တစ်ချပ်ပေါ်တွင် မတ်စေ့တစ်စေ့ကိုခိုင်မြဲအောင်ကပ်၍ မတ်စေ့ပေါ်ဖယောင်းတိုင်ထွန်းပါ ။ နေ့စဉ် တစ်တိုင်စီ ထွန်းရင်းလိုရာဆုတောင်းပါလေ ။

ကဲ ယတြာတွေကတော့ ပြီးပြီ ။ အဆောင်အပိုင်းဘက်လှည့်ရအောင်ဗျာ ။ ကျွန်တော့်ဆီမှာ ငွေရေးကြေးရေးပြေလည်စေသော အဆောင်များ ၊ ဆိုင်ရောင်းကောင်းစေသည့် ဂဝံများ ၊ အကြွေးတောင်းပေးသည့် အဆောင်ဂဝံအစီအရင်များ ၊

ကိုယ့်ငွေရေးကြေးရေးကိစ္စများအား လိုက်လံတိုက်ခိုက်နေသည့် သူများအား ကာကွယ်တိုက်ခိုက် ရန်ပြိုစေသော ဆေးဖယောင်းတိုင်များ ၊ အနောက်တိုင်း ကာဗလာအဆောင် များအား သူတို့၏ အဖိုးအခများဖြင့် မှာယူနိုင်ပါသည် ။