ရွှေတိဂုံစေတီ တနင်္ဂနွေထောင့်ကထူးခြားတဲ့ ဘီလူးခံဘုရား (သို့) ပကောယှိဘုရားအကြောင်း

ရွှေတိဂုံစေတီ တနင်္ဂနွေထောင့်က ထူးခြားတဲ့ ဘီလူးခံ ဘုရား (သို့) ပကောယှိဘုရားအကြောင်းခုတလော မဟာသမယသုတ်ကို ပူဇော်လာကြတဲ့သူတွေ များလာတာတွေ့လို့ မဟာသမယသုတ်ပူဇော်ရင် အဓိဌါန်အောင်တဲ့ ဆုတောင်းပြည့်တဲ့ ရွှေတိဂုံက ရှမ်းဘိုးတော်တစ်ပါးတည်တဲ့ ပကောယှိဘုရား အကြောင်းလေး လေ့လာမိသလောက် ပြန်ဝေမျှပါ့မယ်နော်…

 

ပကောယှိဘုရားကို စသိတာက အစ်မတစ်ယောက်က ပူဇော်ဖို့ ပုံလေးပို့ပေးလို့ စသိတာပါ နောက်တော့ ဘုရားအကြောင်း သေချာသိချင်လာတာနဲ့ ဂရုတွေထဲ ရှာဖွေဖတ်ရင်းမှ ဘုရားသမိုင်းနဲ့ ပက်သက် တာလေးတွေပါ တင်ထားသူ ကွန်မန့်ရေးထားသူတွေရှိလို့ ပိုပြည့်ပြည့်စုံစုံသိလာရင်း ကိုယ့်လို သိချင် သူတွေ ရှိမလားလို့ ပြန်မျှဝေတာပါ။

ပကောယှိဘုရားက ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်နဲ့ နောင်တော်ကြီး ဘုရားနားမှာရှိပါတယ် ဘုရားအမှတ် ၇၂ ပါ။ ဘီလူးခေါင်းတွေ ခံတည်ထားတဲ့ ဘုရားလို့မေးရင်လဲသိပါတယ်။မုဒ်ထဲက ဆင်းတုတော်ကိုတော့ နဂါးပတ်ပြီး ရေခံတည်ထားပါတယ်။ ဘုရားပူဇော်ရင် ဘုရားဆင်းတုတော်ရော နဂါးရောပါ အဲ့ဒီရေနဲ့ ပြန်လောင်းပြီး ရေပူဇော်ရပါတယ်။

 

မဟာသမယသုတ်မှာ အမည်ပါတဲ့ နတ်မင်းတွေဖြစ်တဲ့ ဟေမာဝတ သုစိလောမ အာဠာဝက စတဲ့ သောတာပန် နတ်စစ်သူကြီးတွေက ဒီ ပကောယှိဘုရားမှာ ရှိပါတယ်တဲ့ မဟာသမယသုတ် ရွတ်ဖတ်ပူဇော် ပြီး မေတ္တာပို့အမျှဝေရင် သူတို့က အခက်အခဲတွေကို ကူညီစောင်မပါတယ် ပညာရေးနဲ့ နိုင်ငံခြားသွားဖို့ အခက်အခဲဖြစ်နေသူများ ဆုတောင်း အဓိဌါန်လုပ်ရင် ပိုပြီးဆုတောင်းပြည့်တယ်ပြောပါတယ်။

ဒါတင်မကဘူး တခြားကိစ္စတွေမှာ အရမ်းအခက်အခဲကြုံနေရင်လဲ သူတို့ရှိတဲ့ဘုရားမှာ မဟာသမယသုတ် ပူဇော်ပြီး စောင့်ရှောက်နေတဲ့ နတ်ဘီလူးတွေကို မေတ္တာပို့အမျှဝေရင် ထူးခြားစွာ ပြည့်တယ်လို့ သိရပါ တယ်။ တစ်ချို့ဆို အကြိမ်၅၀ကျော်လောက်ထိ အဓိဌါန်အောင်တာတွေတောင် ရှိပါတယ် လို့ရေးထား ကြ ပါတယ်။

 

ဘုရားရှိခိုးသွားရင်းတော့ ပွဲတွေလှူပြီး အဓိဌါန်ထားကြတာတွေလဲ တွေ့ပါတယ်။ အောက်မှာဘုရားသမိုင်း အကျဉ်းနဲ့ ဖတ်မိသလောက်တွေကို တင်ပေးထားပါတယ် နောက်ထပ်လဲ ပကောယှိဘုရားအကြောင်း ဒီ့ထက်ပိုပြည့်ပြည့်စုံစုံသိသူများရှိပါကလဲ ဝင်ရောက်မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပကောယှိ ဘုရား (သို့) ဘီလူးဘုရား တနင်္ဂနွေထောင့် ရွှေတိဂုံဘုရားနှင့် နောင်တော်ကြီးကြား

သာယာဝတီမင်းခေါင်းလောင်းနောက်က မုခ်တွေမှာ ဘီလူးခေါင်းတွေခံထားတဲ့ စေတီပါ။ ပကောယှိဘုရား လို့ မေးရင်ရပါတယ်။ ဦးနေဝင်း လက်ထက်ကတည်းက ရွှေတိဂုံပေါ်မှာဘုရားတွေ များနေလို့ ဘယ်သူ့ကိုမှ ဘုရား ထပ်တည်ခွင့် မပေးတော့ပါဘူး။ ပကောယှိ ဖြစ်ရပ်က ထူးခြားလွန်းလို့သာ အထူးအခွင့်အရေး ပေးခဲ့တာပါ၊ ပကောယှိ က ရှမ်းဗမာပါ၊

 

နို့စို့အရွယ် ငယ်စဉ်ဓားပြတွေကြောင့် မိဘသေ၊ တောထဲငိုနေစဉ် တိဘက်ကုန်သည်တွေ တွေ့ပြီး တိဘက် ခေါ်ယူသွားရာမှ အရွယ်ရောက်လာတော့ တိဘက်ဘုန်းကြီးဖြစ်လာပါတယ်။ တိဘက်ကျင့်စဉ် တွေအရ အဆင့်ဆင့် အားထုတ်ကျင့်ကြံရင်း နောက်ဆုံးအဆင့်မှာ ဂူပိတ်ကျင့်ဖို့ ဖြစ်လာပါတယ်။

ကျောက်ဂူကို အသေပိတ်ပစ်ပြီး အောက်မှာ အုတ်တချပ်စာလောက်သာ ဖောက်ထားပါတယ်၊ ဒီအပေါက်က နေ့စဉ် တပည့်တွေက အစာ၊ ရေသွင်းပေးပြီး ၃ရက်ပြည့်လို့မှ အထဲကပုဂံပြား ပြန်မထွက် လာရင် အဲဒီအပေါက်ပါ အသေပိတ်ပစ်လိုက်ပါတော့တယ်။ သေတော့လည်း ဂူသွင်းပြီးသားပေါ့၊ မသေလည်း ကျင့်စဉ်အောင်မှ တန်ခိုးနဲ့ပြန်ထွက် ဆိုတဲ့အဓိပ္ပါယ်ပါ။

 

ပကောယှိအပြောအရ သူကျင့်လိုက်တာ နှစ်ပေါင်းဘယ်လောက်ကြာသွားမှန်းမသိဘူးတဲ့။ တန်ခိုးနဲ့ ပြန်ထွက်လာတော့ တိဘက်မှာ သူသိတဲ့သူတွေ တယောက်မှမရှိတော့ဘူး၊ လက်ရှိဘုန်းကြီးတွေလည်း သူ့ကိုမသိကြတော့ဘူးတဲ့။ မျိုးဆက်က ၃-၄ ဆက်လောက် ကွာသွားပြီ။

 

သူဘယ်သွားရမလဲလို့ အာရုံပြုကြည့်တော့ မြန်မာပြည်ရဲ့ကျေဇူးတွေသူ့မှာ အကြွေးကျန်နေတာမြင်သတဲ့၊ အဲဒီမှာ မြန်မာပြည်ရောက်လာ၊ နန်းဦးဆရာတော်နဲ့တွေ့၊ ဦးကျော်မင်းဆီ နာမ်ကိန်းပြီး သာသနာပြု ခဲ့ပါတယ်။ ရွှေတိဂုံတနင်္ဂနွေထောင့်က ပကောယှိဘုရားက ဦးကျော်မင်းတို့အဖွဲ့တည်ခဲ့တာပါ။