ထမင်း ၁၀၀ ဖိုးလေးနဲ့ပဲ တနေ့လုံး အသက်ဆက်နေရတဲ့ အသက် ၉၀ ကျော် အဖွားရဲ့သနားစရာအဖြစ်

ထမင်း ၁၀၀ ဖိုးလေး ကို တနေ့လုံး စားနေရရှာတဲ့ အသက် ၉၀ ကျော် အဖွားရဲ့ သနားစရာ အဖြစ် သက်ကြီးရွယ်အို များကို ပြုစုစောင့်ရှောက်ရေးဟာ အလွန် အရေးကြီးပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအတွက် ပြည်သူက ပြည်သူကို အားကိုးမှပဲရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ယခုလိုကာလမျိုးမှာ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ ပိုပြီး အရေးကြီးပါတယ်။ ယခု လည်း ထမင်း ၁၀၀ ဖိုးလေးကို တနေကုန် စားနေရတဲ့ အသက် (၉၀) ကျော် အဖွားအိုရဲ့ သနားစရာဖြစ်ရပ် အကြောင်းကို ဖော်ပြလိုက်ပါတယ်။ ဦးဇင်းတပါးရဲ့ ရေးသားမှု ဖြစ်ပါတယ်။

“စာဝါသွားရင်း လမ်းမှာ အဘွားအိုတွေ့တာနဲ့ အဘွားအသက်ဘယ်လောက်ရှိပြီလည်းမေးကြည့်တော့ ၉၀ရှိပြီတဲ့ ဒီဟာတွေက ဘာလုပ်မလို့လည်း ၁ပုံ ၁၀၀နဲ့ရောင်းမလို့ အဘွားက ထမင်း၁၀၀ဖိုးဆို တနေကုန် စားလို့ရတယ်။ အဘွား ကအသက်ကြီးပြီဆိုတော့သိပ်မစားနိုင်တော့ဘူးတဲ့ စိတ်ထဲမကောင်း တာနဲ့ ကိုယ်တတ်နိုင်သလောက်လေး လှူဒါန်းခဲ့တယ်။

အဘွားကလည်း သာဓုတွေခေါ်ပြီးတော့ ကျန်းမာဖို့ဆုတောင်းပေးပါတယ်။ အဖွားက တော်တော်လေး အိုနေပါပြီ။ အခုလိုမျိုး မြင်တွေ့ရတာတော့ ရင်ထဲ မကောင်းပါဘူး။ အချိန်သိပ်မရလို့ အဖွားရဲ့ ဖြစ် ကြောင်းကို အလုံးစုံ မမေးမြန်းနိုင်ခဲ့ဘူး။

ဘာကြောင့် အခုလိုဖြစ်တာလဲ။ သားသမီးက စွန့်ပစ်တာလား ၊ သားထောက်သမီးခံ မရှိတော့တာလား ဆိုတာလည်း သေချာ မသိခဲ့ပါဘူး။ ဘာဖြစ်ဖြစ် မြန်မာလူမျိုးမှန်ရင် မိအို ဖအိုတွေကို မစွန့်ပစ်ကြပါနဲ့ ။ နေဝင်ချိန်လေးမှာ သာသာယာယာ တရားအလုပ်နဲ့ ကုသိုလ်တရားတွေ ပွားများနိုင်အောင် ဆောင်ရွက် ပေးကြပါနော်။”

Zawgyi

ထမင္း ၁၀၀ ဖိုးေလး ကို တေန႔လုံး စားေနရရွာတဲ့ အသက္ ၉၀ ေက်ာ္ အဖြားရဲ႕ သနားစရာ အျဖစ္ သက္ႀကီး႐ြယ္အို မ်ားကို ျပဳစုေစာင့္ေရွာက္ေရးဟာ အလြန္ အေရးႀကီးပါတယ္။ သက္ႀကီး႐ြယ္အို ေစာင့္ေရွာက္ေရးအတြက္ ျပည္သူက ျပည္သူကို အားကိုးမွပဲရမယ့္ အေျခအေန ျဖစ္ေနပါတယ္။

ယခုလိုကာလမ်ိဳးမွာ ခိုကိုးရာမဲ့ သက္ႀကီး႐ြယ္အိုေတြကို ေစာင့္ေရွာက္ဖို႔ ပိုၿပီး အေရးႀကီးပါတယ္။ ယခု လည္း ထမင္း ၁၀၀ ဖိုးေလးကို တေနကုန္ စားေနရတဲ့ အသက္ (၉၀) ေက်ာ္ အဖြားအိုရဲ႕ သနားစရာျဖစ္ရပ္ အေၾကာင္းကို ေဖာ္ျပလိုက္ပါတယ္။ ဦးဇင္းတပါးရဲ႕ ေရးသားမႈ ျဖစ္ပါတယ္။

“စာဝါသြားရင္း လမ္းမွာ အဘြားအိုေတြ႕တာနဲ႔ အဘြားအသက္ဘယ္ေလာက္ရွိၿပီလည္းေမးၾကည့္ေတာ့ ၉၀ရွိၿပီတဲ့ ဒီဟာေတြက ဘာလုပ္မလို႔လည္း ၁ပုံ ၁၀၀နဲ႔ေရာင္းမလို႔ အဘြားက ထမင္း၁၀၀ဖိုးဆို တေနကုန္ စားလို႔ရတယ္။ အဘြား ကအသက္ႀကီးၿပီဆိုေတာ့သိပ္မစားႏိုင္ေတာ့ဘူးတဲ့ စိတ္ထဲမေကာင္း တာနဲ႔ ကိုယ္တတ္ႏိုင္သေလာက္ေလး လႉဒါန္းခဲ့တယ္။

အဘြားကလည္း သာဓုေတြေခၚၿပီးေတာ့ က်န္းမာဖို႔ဆုေတာင္းေပးပါတယ္။ အဖြားက ေတာ္ေတာ္ေလး အိုေနပါၿပီ။ အခုလိုမ်ိဳး ျမင္ေတြ႕ရတာေတာ့ ရင္ထဲ မေကာင္းပါဘူး။ အခ်ိန္သိပ္မရလို႔ အဖြားရဲ႕ ျဖစ္ ေၾကာင္းကို အလုံးစုံ မေမးျမန္းႏိုင္ခဲ့ဘူး။

ဘာေၾကာင့္ အခုလိုျဖစ္တာလဲ။ သားသမီးက စြန႔္ပစ္တာလား ၊ သားေထာက္သမီးခံ မရွိေတာ့တာလား ဆိုတာလည္း ေသခ်ာ မသိခဲ့ပါဘူး။ ဘာျဖစ္ျဖစ္ ျမန္မာလူမ်ိဳးမွန္ရင္ မိအို ဖအိုေတြကို မစြန႔္ပစ္ၾကပါနဲ႔ ။ ေနဝင္ခ်ိန္ေလးမွာ သာသာယာယာ တရားအလုပ္နဲ႔ ကုသိုလ္တရားေတြ ပြားမ်ားႏိုင္ေအာင္ ေဆာင္႐ြက္ ေပးၾကပါေနာ္။”