လူတချို့ရဲ့ စကားကြောင့် ဝမ်းနည်းသွားရတဲ့ ကျပ် (၅၀၀) တန် ထမင်းဆိုင် စေတနာရှင် လူငယ်လေး

လူတချို့ရဲ့ စကားကြောင့် ဝမ်းနည်းသွားရတဲ့ ကျပ် (၅၀၀) တန် ထမင်းဆိုင် စေတနာရှင် လူငယ်လေး သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ကမ္ဘာ့ဈေးအသက်သာဆုံး ဒံပေါက်ကို ရောင်းချပေးခဲ့တဲ့ YG ပရဟိတ လူငယ်အဖွဲ့မှ လူငယ်တယောက်ရဲ့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာတဲ့ အကြောင်းကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်“လူတွေက ခက်တယ်ဗျာ။

ဒီနေ့အဝစား ၅၀၀ ထမင်း ဟင်းအပြင် အရံဟင်း ချဉ်ရည်ဟင်း တို့စရာ ငရုတ်သီးသုပ်ပေးတာတောင် ဒံပေါက် မဟုတ်ရင် မစားဘူးတဲ့။ တချို့တွေ ပြောသွားကြတယ်။ ကျနော်တို့လည်း စိုက်ပြီး လှူရတာ ပါဗျာ။ အရင်းတောင် ပြန်မရပါဘူး။ အလှူရှင်ရှိတဲ့နေ့ နည်းနည်းပါးပါး ထပ်စိုက်ပြီး ဒံပေါက်လုပ်ပြီး ရောင်းပေးပါတယ်။

ဒါပေမယ့် အများစားလို့ရအောင် ထမင်းဟင်းလည်း ရောင်းပေးရပါမယ်။ ဒါတောင် တော်တော်စိုက်ပြီး လှူရတာပါ။တကယ် အကောင်းဆုံးလုပ်ပြီး ရောင်းပေးတာပါ။ နားလည် ပေးစေချင်ပါတယ်။ SALMAN, YG ပရဟိတလူငယ်များ။”လူတချို့ရဲ့ စကားအသုံးအနှုန်းတွေကြောင့် ပရဟိတလုပ်တဲ့ လူငယ်တွေ ခံစားနေရတယ်လို့ သိရပါတယ်။

လာစားတဲ့ လူတွေအနေနဲ့လည်း ကိုယ်မစားချင်ရင် ဒီအတိုင်း ပြန်သွားလို့ ရပေမယ့်လည်း ဒီလို စကားမျိုး ဝေယျာဝစ္စလုပ်တဲ့သူကို မပြောသင့်ပါဘူး။ ပရဟိတ လူငယ်များအနေနဲ့ လည်း ဘေးက ပြောစကားတွေကို ခေါင်းထဲ မထားဘဲ ပြည်သူတွေ သက်သာ ချောင်ချိစွာ စားသုံးနိုင်အောင်

ဆက်လက် ဆောင်ရွက်ပေးပါလို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။ လှူဒါန်းကြတဲ့ စေတနာ ဇောတိကများနဲ့ ဝေယျာဝစ္စကုသိုလ် ယူကြတဲ့ လုပ်အားဒါနရှင်များ နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီးတော့ ပျော်ရွှင်ကြည်နူးရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဒီနေရာကနေ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

Zawgyi

လူတခ်ိဳ႕ရဲ႕ စကားေၾကာင့္ ဝမ္းနည္းသြားရတဲ့ က်ပ္ (၅၀၀) တန္ ထမင္းဆိုင္ ေစတနာရွင္ လူငယ္ေလး သဃၤန္းကြၽန္းၿမိဳ႕နယ္ထဲမွာ ကမာၻ႔ေဈးအသက္သာဆုံး ဒံေပါက္ကို ေရာင္းခ်ေပးခဲ့တဲ့ YG ပရဟိတ လူငယ္အဖြဲ႕မွ လူငယ္တေယာက္ရဲ႕ ဝမ္းနည္းစြာနဲ႔ ရင္ဖြင့္လာတဲ့ အေၾကာင္းကို ျပန္လည္ေဖာ္ျပ ေပးလိုက္ပါတယ္“လူေတြက ခက္တယ္ဗ်ာ။

ဒီေန႔အဝစား ၅၀၀ ထမင္း ဟင္းအျပင္ အရံဟင္း ခ်ဥ္ရည္ဟင္း တို႔စရာ င႐ုတ္သီးသုပ္ေပးတာေတာင္ ဒံေပါက္ မဟုတ္ရင္ မစားဘူးတဲ့။ တခ်ိဳ႕ေတြ ေျပာသြားၾကတယ္။ က်ေနာ္တို႔လည္း စိုက္ၿပီး လႉရတာ ပါဗ်ာ။ အရင္းေတာင္ ျပန္မရပါဘူး။ အလႉရွင္ရွိတဲ့ေန႔ နည္းနည္းပါးပါး ထပ္စိုက္ၿပီး ဒံေပါက္လုပ္ၿပီး ေရာင္းေပးပါတယ္။

ဒါေပမယ့္ အမ်ားစားလို႔ရေအာင္ ထမင္းဟင္းလည္း ေရာင္းေပးရပါမယ္။ ဒါေတာင္ ေတာ္ေတာ္စိုက္ၿပီး လႉရတာပါ။တကယ္ အေကာင္းဆုံးလုပ္ၿပီး ေရာင္းေပးတာပါ။ နားလည္ ေပးေစခ်င္ပါတယ္။ SALMAN, YG ပရဟိတလူငယ္မ်ား။”လူတခ်ိဳ႕ရဲ႕ စကားအသုံးအႏႈန္းေတြေၾကာင့္ ပရဟိတလုပ္တဲ့ လူငယ္ေတြ ခံစားေနရတယ္လို႔ သိရပါတယ္။

လာစားတဲ့ လူေတြအေနနဲ႔လည္း ကိုယ္မစားခ်င္ရင္ ဒီအတိုင္း ျပန္သြားလို႔ ရေပမယ့္လည္း ဒီလို စကားမ်ိဳး ေဝယ်ာဝစၥလုပ္တဲ့သူကို မေျပာသင့္ပါဘူး။ ပရဟိတ လူငယ္မ်ားအေနနဲ႔ လည္း ေဘးက ေျပာစကားေတြကို ေခါင္းထဲ မထားဘဲ ျပည္သူေတြ သက္သာ ေခ်ာင္ခ်ိစြာ စားသုံးႏိုင္ေအာင္

ဆက္လက္ ေဆာင္႐ြက္ေပးပါလို႔ တိုက္တြန္း လိုက္ရပါတယ္ ခင္ဗ်ာ။ လႉဒါန္းၾကတဲ့ ေစတနာ ေဇာတိကမ်ားနဲ႔ ေဝယ်ာဝစၥကုသိုလ္ ယူၾကတဲ့ လုပ္အားဒါနရွင္မ်ား ႏွစ္သစ္မွာ က်န္းမာ႐ႊင္လန္းၿပီးေတာ့ ေပ်ာ္႐ႊင္ၾကည္ႏူးရတဲ့ ဘဝကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဒီေနရာကေန ဆုေတာင္း ေပးလိုက္ပါတယ္ ခင္ဗ်ာ။