မရှိဆင်းရဲသူတွေ အလွယ်တကူယူစားလို့ရအောင် အိမ်ရှေ့မှာထမင်းထုပ် ဟင်းထုပ်တွေ ချိတ်ထားလေ့ရှိတဲ့ ရွာလေးရဲ့ချစ်စရာဓလေ့

ယနေ့ ထမင်းက ၂ ထုပ် ဟင်းက ၄ ထုပ် အိမ်ရှေ့တရုတ်စကားဝါပင်လေးမှာ မရှိဆင်းရဲတဲ့သူ ဗိုက်ဆာတဲ့ ၀သူများ အလွယ်တကူနဲ့ ယူစားလို့ရအောင်ချိတ်ထားဖြစ်တယ်ဗျ ရှမ်းပြည်နယ်လေးရဲ့ ချစ်စရာ့ ဓလေ့ ရိုးရာလေးဆိုလည်း မမှားဘူးပေါ့ဗျာ။

ကျွန်တော်က သူတို့လာယူစားတာလေးကို မြင်ချင်တယ်။ ပြီးတော့ ပိုပြီး ဝမ်းမြှောက်ပီတိလေးဖြစ်ချင်လို့ စောင့်ကြည့်နေခဲ့တာ ချိတ်ထားပြီး သိပ်မကြာခင်လေး မှာပဲ လူတစ်ယောက် ရောက်လာပြီး ထမင်းထုပ် ဟင်းထုပ်တွေလာယူတယ်ဗျ။

အဲ့မှာ ကျွန်တော်က ထမင်းထုပ် လာယူတဲ့ အစ်ကိုကြီးကို လှမ်းပြောလိုက်တယ်။ အကုန် ယူသွားပါလို့ ပြောလည်းပြောလိုက် ရော သူကကျွန်တော့်ကို ဘာပြန်ပြောတယ်ထင်လဲ ရပါတယ်ဗျာ အစ်ကို တစ်ယာက် စာလေးပဲ ယူသွား ပါ့မယ်တဲ့။

အကုန်လုံး ယူမသွားချင်ပါဘူးတဲ့။ အနောက်မှာ သူ့လိုပဲ ဗိုက်ဆာတဲ့သူတွေ လာယူစားလို့ ရအောင်လို့တဲ့ သူစားဖို့ ထမင်း တစ်ထုပ်နဲ့ ဟင်း တစ်ထုပ်လေးပဲ ယူသွားလေရဲ့ဗျာ။ ကောင်းလိုက်တဲ့ စိတ်ဓာတ်လေး မွန်မြတ်လိုက်တဲ့ စိတ်ထားကောင်းလိုက်တဲ့ ကိုယ်ချင်းစာစိတ် ကြားရတာ

ပီတိဖြစ်လိုက်တာဆိုတာ ပြောမနေပါနဲ့တော့ အဲ့မှာကျွန်တော့် အတွေးထဲ ရောက်လာတာကတော့ မြန်မာ နိုင်ငံက လူကြီးတော်တော် များများပေါ့လေ သူ့လို ကိုယ်ချင်းစာ စိတ်လေး ရှိကြရင် သိပ် ကောင်းမှာပဲလို့ ရှမ်းပြည်မှာ အိမ်တိုင်းနည်းပါးပဲ…

ဒီအတိုင်းလေးတွေချည်းပဲ ကိုယ်စားလို့ မကုန်နိုင်မှန်းသိရင် သီးသန့်ခွဲထားပြီး ကိုယ့်အိမ်ရှေ့မှာ ကြွပ်ကြွပ် အိတ်လေးတွေ ထဲထည့်ပြီး ချိတ်ဆွဲထား တတ်ကြလေရဲ့ အဲ့ဒါကြောင့် လူကြီးတစ်ယောက် ကျွန်တော့်ကို ပြောတာ ရှမ်းပြည်မှာနေရင် ထမင်းဘယ်တော့မှ မငတ်ဘူးတဲ့လေ။

Zawgyi

ယေန႔ ထမင္းက ၂ ထုပ္ ဟင္းက ၄ ထုပ္ အိမ္ေရွ႕တ႐ုတ္စကားဝါပင္ေလးမွာ မရွိဆင္းရဲတဲ့သူ ဗိုက္ဆာတဲ့ ၀သူမ်ား အလြယ္တကူနဲ႔ ယူစားလို႔ရေအာင္ခ်ိတ္ထားျဖစ္တယ္ဗ် ရွမ္းျပည္နယ္ေလးရဲ႕ ခ်စ္စရာ့ ဓေလ့ ႐ိုးရာေလးဆိုလည္း မမွားဘူးေပါ့ဗ်ာ။

ကြၽန္ေတာ္က သူတို႔လာယူစားတာေလးကို ျမင္ခ်င္တယ္။ ၿပီးေတာ့ ပိုၿပီး ဝမ္းေျမႇာက္ပီတိေလးျဖစ္ခ်င္လို႔ ေစာင့္ၾကည့္ေနခဲ့တာ ခ်ိတ္ထားၿပီး သိပ္မၾကာခင္ေလး မွာပဲ လူတစ္ေယာက္ ေရာက္လာၿပီး ထမင္းထုပ္ ဟင္းထုပ္ေတြလာယူတယ္ဗ်။

အဲ့မွာ ကြၽန္ေတာ္က ထမင္းထုပ္ လာယူတဲ့ အစ္ကိုႀကီးကို လွမ္းေျပာလိုက္တယ္။ အကုန္ ယူသြားပါလို႔ ေျပာလည္းေျပာလိုက္ ေရာ သူကကြၽန္ေတာ့္ကို ဘာျပန္ေျပာတယ္ထင္လဲ ရပါတယ္ဗ်ာ အစ္ကို တစ္ယာက္ စာေလးပဲ ယူသြား ပါ့မယ္တဲ့။

အကုန္လုံး ယူမသြားခ်င္ပါဘူးတဲ့။ အေနာက္မွာ သူ႔လိုပဲ ဗိုက္ဆာတဲ့သူေတြ လာယူစားလို႔ ရေအာင္လို႔တဲ့ သူစားဖို႔ ထမင္း တစ္ထုပ္နဲ႔ ဟင္း တစ္ထုပ္ေလးပဲ ယူသြားေလရဲ႕ဗ်ာ။ ေကာင္းလိုက္တဲ့ စိတ္ဓာတ္ေလး မြန္ျမတ္လိုက္တဲ့ စိတ္ထားေကာင္းလိုက္တဲ့ ကိုယ္ခ်င္းစာစိတ္ ၾကားရတာ

ပီတိျဖစ္လိုက္တာဆိုတာ ေျပာမေနပါနဲ႔ေတာ့ အဲ့မွာကြၽန္ေတာ့္ အေတြးထဲ ေရာက္လာတာကေတာ့ ျမန္မာ ႏိုင္ငံက လူႀကီးေတာ္ေတာ္ မ်ားမ်ားေပါ့ေလ သူ႔လို ကိုယ္ခ်င္းစာ စိတ္ေလး ရွိၾကရင္ သိပ္ ေကာင္းမွာပဲလို႔ ရွမ္းျပည္မွာ အိမ္တိုင္းနည္းပါးပဲ…

ဒီအတိုင္းေလးေတြခ်ည္းပဲ ကိုယ္စားလို႔ မကုန္ႏိုင္မွန္းသိရင္ သီးသန႔္ခြဲထားၿပီး ကိုယ့္အိမ္ေရွ႕မွာ ႂကြပ္ႂကြပ္ အိတ္ေလးေတြ ထဲထည့္ၿပီး ခ်ိတ္ဆြဲထား တတ္ၾကေလရဲ႕ အဲ့ဒါေၾကာင့္ လူႀကီးတစ္ေယာက္ ကြၽန္ေတာ့္ကို ေျပာတာ ရွမ္းျပည္မွာေနရင္ ထမင္းဘယ္ေတာ့မွ မငတ္ဘူးတဲ့ေလ။