(၉) နှစ်အရွယ် ကလေးငယ်၏အသက်ကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ နှလုံးလှသူရဲကောင်းတဦး

ဒလ ပန်းဆိုးတန်း ကူးတို့ သင်္ဘောပေါ်မှ ရေထဲသို့ ပြုတ်ကျ သည့် ကလေးငယ်တစ်ဦးမှာ လူ စွန့်စား တစ်ဦး၏ ကယ်တင်ပေးခဲ့မှု ကြောင့် အသက်ချမ်းသာရာရခဲ့ ကြောင်း ယခုလ ၂၁ ရက် မွန်းတည့် ၁၂ နာရီက မြင်ခဲ့ရသည်။

အဆိုပါ ကူးတို့သင်္ဘောသည် ဒလမှ ပန်းဆိုးတန်း သို့ ထွက်လာပြီး ပန်းဆိုးတန်းဗောသို့ကပ် ပြီးနောက် အသက်ကိုးနှစ်ဝန်းကျင်ရှိ ကလေး ငယ်တစ်ဦးမှာ သင်္ဘောနှင့် ဗော ကြား အနည်းငယ်ဟနေသည့် နေရာ ထဲမှ ရေထဲသို့ ပြုတ်ကျသွားခြင်းဖြစ်ပြီး လူအများ အော်ဟစ်ဆူညံ ဝိုင်းအုံနေစဉ်

အဆိုပါ လူစွန့်စားက သင်္ဘောနှင့် ဗောကြားမှ ရေထဲသို့ဆင်း၍ ကလေးငယ်အား ခက်ခက်ခဲခဲ ကယ်တင်ခဲ့ ခြင်း လည်းဖြစ်သည်။“ရေကလည်း တအားစီးနေတယ်။ သင်္ဘောနဲ့ ဗောကလည်း ကပ်နေတယ်။ ကလေးကလည်း သင်္ဘောဝမ်းဗိုက် အောက်၊ ဗောဝမ်းဗိုက်အောက် ရောက်မသွားလို့ နို့မို့ဆို ကလေး အသက်ဆုံးရှုံးနိုင်တယ်။

ကလေး လည်း ကံကောင်းတယ်။ဆင်းဆယ်တဲ့ လူကိုလည်း လေးစား လောက်တယ်” ဟု မျက်မြင်တွေ့ရှိ သူ တစ်ဦးက ပြောသည်။ သင်္ဘောနှင့် ဗောကြားမှ ရေထဲသို့ ပြုတ်ကျသွား သည့် ကလေးငယ်ကို ဆင်းယူကယ်တင်ခဲ့သူမှာ ကိုလှဝင်းအောင်ဆိုသူ ဖြစ်ပြီး ယခု ကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ် ပေါ်တတ်ကြောင်း၊

ဖြစ်ပွားသည် နှင့် အနီးရှိပုဂ္ဂိုလ်များ (ကိုလှဝင်း အောင်ကဲ့သို့)မှ ကယ်တင်ခဲ့ပြီး အနီးရှိ သမ္ဗန်ဆိပ်မှ သမ္ဗန်များကလည်း ကယ်တင်ရန် အသင့်ရောက် ရှိလာတတ်ကြောင်းလည်း သိရသည်။ သင်္ဘောနှင့် ဗောကြား ကွာဟမှုများမရှိစေရန် ဆောင်ရွက် ထားသင့်ကြောင်းကိုလည်း ခရီးသွား ပြည်သူများ က ပြောကြားသည်။ မောင်ယဉ်ဦး (ဒလ)

Zawgyi

ဒလ ပန္းဆိုးတန္း ကူးတို႔ သေဘၤာေပၚမွ ေရထဲသို႔ ျပဳတ္က် သည့္ ကေလးငယ္တစ္ဦးမွာ လူ စြန႔္စား တစ္ဦး၏ ကယ္တင္ေပးခဲ့မႈ ေၾကာင့္ အသက္ခ်မ္းသာရာရခဲ့ ေၾကာင္း ယခုလ ၂၁ ရက္ မြန္းတည့္ ၁၂ နာရီက ျမင္ခဲ့ရသည္။

အဆိုပါ ကူးတို႔သေဘၤာသည္ ဒလမွ ပန္းဆိုးတန္း သို႔ ထြက္လာၿပီး ပန္းဆိုးတန္းေဗာသို႔ကပ္ ၿပီးေနာက္ အသက္ကိုးႏွစ္ဝန္းက်င္ရွိ ကေလး ငယ္တစ္ဦးမွာ သေဘၤာႏွင့္ ေဗာ ၾကား အနည္းငယ္ဟေနသည့္ ေနရာ ထဲမွ ေရထဲသို႔ ျပဳတ္က်သြားျခင္းျဖစ္ၿပီး လူအမ်ား ေအာ္ဟစ္ဆူညံ ဝိုင္းအုံေနစဥ္

အဆိုပါ လူစြန႔္စားက သေဘၤာႏွင့္ ေဗာၾကားမွ ေရထဲသို႔ဆင္း၍ ကေလးငယ္အား ခက္ခက္ခဲခဲ ကယ္တင္ခဲ့ ျခင္း လည္းျဖစ္သည္။“ေရကလည္း တအားစီးေနတယ္။ သေဘၤာနဲ႔ ေဗာကလည္း ကပ္ေနတယ္။ ကေလးကလည္း သေဘၤာဝမ္းဗိုက္ ေအာက္၊ ေဗာဝမ္းဗိုက္ေအာက္ ေရာက္မသြားလို႔ ႏို႔မို႔ဆို ကေလး အသက္ဆုံးရႈံးႏိုင္တယ္။

ကေလး လည္း ကံေကာင္းတယ္။ဆင္းဆယ္တဲ့ လူကိုလည္း ေလးစား ေလာက္တယ္” ဟု မ်က္ျမင္ေတြ႕ရွိ သူ တစ္ဦးက ေျပာသည္။ သေဘၤာႏွင့္ ေဗာၾကားမွ ေရထဲသို႔ ျပဳတ္က်သြား သည့္ ကေလးငယ္ကို ဆင္းယူကယ္တင္ခဲ့သူမွာ ကိုလွဝင္းေအာင္ဆိုသူ ျဖစ္ၿပီး ယခု ကဲ့သို႔ ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ ေပၚတတ္ေၾကာင္း၊

ျဖစ္ပြားသည္ ႏွင့္ အနီးရွိပုဂၢိဳလ္မ်ား (ကိုလွဝင္း ေအာင္ကဲ့သို႔)မွ ကယ္တင္ခဲ့ၿပီး အနီးရွိ သမၺန္ဆိပ္မွ သမၺန္မ်ားကလည္း ကယ္တင္ရန္ အသင့္ေရာက္ ရွိလာတတ္ေၾကာင္းလည္း သိရသည္။ သေဘၤာႏွင့္ ေဗာၾကား ကြာဟမႈမ်ားမရွိေစရန္ ေဆာင္႐ြက္ ထားသင့္ေၾကာင္းကိုလည္း ခရီးသြား ျပည္သူမ်ား က ေျပာၾကားသည္။ ေမာင္ယဥ္ဦး (ဒလ)