ခုလာမည့် New Year ကြွေးကြော်သံ နဲ့ပတ်သတ်ပြီး အသိပေးလိုက်တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

ပရိသတ်ကြီးရေ…သရုပ်ဆောင် မြနှင်းရည်လွင်ကတော့လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက် နယ်မြေမှာ ရောက်ရှိနေ ပြီးတော့ တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်နေတဲ့အနုပညာရှင် မင်းသမီးတစ်လက်ဖြစ်ပေမယ့် အောင်မြင်မှု့တွေကို စွန့်ပစ်ပြီးတော့

အမှန်တရားအတွက် ရဲရဲဝင့်ဝင့် ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူမကိုပရိသတ်တွေက အရမ်းကို ချစ်ခင်အားပေးကြရတာလဲ ဖြစ်ပါတယ်။ မြနှင်းရည်လွင် ကိုချစ်တဲ့ပရိသတ်တွေကတော့ သူမရဲ့လုံခြုံဘေးကင်းရေးအတွက် အမြဲ တမ်းစိတ်ပူပင်နေတာပဲ ဖြစ်ပါတယ်။

မြနှင်း ဟာ New Year ကြွေးကြော်သံ နဲ့ပတ်သတ်တဲ့အကြောင်း တစ်ခုကိုပရိသတ်တွေကို အခုလိုပဲ အသိပေးလာပါတယ်။” နှစ်သစ်ဆုတောင်း အားသစ်လောင်း နှင့် အတူ “ဖက်ဒရယ်ဒီမိုကရေစီ New Year” နှစ်သစ်ကိုလည်းကြိုမယ် ဖက်ဆစ်ကိုလည်းဖြိုမယ်

(၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ ည ၉ နာရီ (09:00 PM) မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၁၂ နာရီ၁၀မိနစ်အထိ (00:10 AM)) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ၏အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးစတင်ခဲ့ရပြီး မြေပေါ်မြေအောက် အဖွဲ့အစည်း အသီးသီးမှ နည်းမျိုးစုံ ဘက်ပေါင်းစုံဖြင့် တော်လှန်နေကြရသည်မှာလည်း (၁၁) လတိုင် ကြာခဲ့ပြီ ဖြစ်ပါသည်။

ထို့ကြောင့် ကျန်းမာရေးမိသားစုများမှ ဦးစီး၍ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ကြသော ဆေးပညာရှင်များနှင့် နယ်ပယ်စုံမှ ရဲဘော်များအား လေးစားအမှတ်ရခြင်း အထိမ်းအမှတ် အပြင်၊ ယနေ့တိုင် ယုံကြည်ချက်ကြံ့ကြံ့ခိုင်စွာဖြင့်တိုက်ပွဲဝင်လျက်ရှိကြသော ကျန်းမာရေး CDM ဝန်ထမ်းများ၊ CDM ထောက်ပံ့သူများ၊

အာဇာနည်ရဲဘော်များ နှင့် တော်လှန်ရေးတွင် ကျရာနေရာမှ အားသွန်ခွန်စိုက် ပါဝင်ပေးနေကြသော ပြည်သူများအားလုံးကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ် ၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည နှစ်သစ်ကူးချိန်တွင်အားသစ်လောင်း ဆုတောင်းခြင်းအခမ်းအနား ပြုလုပ်မည်ဖြစ်ပါသည်။

ကြွေးကြော်တော်လှန် ည ၁၂ နာရီ တိတိတွင် “Happy New Year”ဟု အော်ဟစ်ကြိုဆိုမည့်အစား New Year ကြွေးကြော်သံ ” Federal Democracy NewYear” ဟု အော်ဟစ်ရွတ်ဆို၍ နှစ်သစ်ကို ကြွေးကြော်ကြိုဆိုကြပါမည်။ (မှတ်ချက်။ ။ကြွေးကြော်သံရွတ်ဆိုရာတွင် မိမိတို့၏လုံခြုံဘေးကင်းရေးကို အထူး ဦးစားပေးဂရုပြုစေလိုပါသည်)

ဆုတောင်း တော်လှန်တော်လှန် နှစ်သစ်ဆုတောင်းပွဲ Prayer_Strike တော်လှန်ရေးအဆက်ဆက် အသက်၊ သွေး၊ချွေးများ ထည့်ဝင် ပေးဆပ် သွားကြသော အာဇာနည်များ၊ သူရဲကောင်းများ၊ အကျဥ်းထောင်ထဲမှ သူရဲကောင်းရဲဘော်များ၊ PDF တပ်သားများ၊တော်လှန်နေကြသော ပြည်သူများအားလုံးအတွက်လည်း December 31 ရက်နေ့ ညတွင် ဝိုင်းဝန်းဆုတောင်းကြပါမည်။

ဘာသာပေါင်းစုံ မိမိယုံကြည်ကိုးကွယ်ရာ အလိုက် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဆုတောင်း ပေးကြပါရန်။ ဆုတောင်းသည့်အခါတွင် ဖယောင်းတိုင်ထွန်းခြင်း၊ ဝမ်းနည်းခြင်းနှင်းဆီများ ဖြန့်ကြဲခြင်း စသည်ဖြင့်ကြိုက်နှစ်သက်သည့်ပုံစံနှင့်ဆုတောင်းမှုကို ဓါတ်ပုံမှတ်တမ်းတင်ပြီး social media တွေမှာ တင်ကြရင်း သွေးမအေးကြောင်းပြသကြပါစို့ခင်ဗျာ။” လို့

မြနှင်း ဟာသူမရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။ ပရိသတ်ကြီးရေ….. သရုပ်ဆောင် မြနှင်းရည်လွင် အသိပေးလိုက်တဲ့စကားလေးတွေကို ချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။