မွေးနေ့ အမှတ်တရအလှူအဖြစ် အိမ်ခြေ(၄၀၀) စာအတွက် လှူဒါန်းမှုများပြုလုပ်သွားမယ်ဆိုတဲ့ အဆိုတော်ချယ်ရီသင်း

အသံ ချိုချိုအေးအေးလေးနဲ့ ဂီတ လောကမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ အဆိုတော် ချယ်ရီသင်းကို အားလုံး သိကြမယ်လို့ ထင်ပါတယ်။ ချယ်ရီသင်းရဲ့အသံလေးက စူးရှပြီး နားထောင်လို့ကောင်းတဲ့အပြင် သူမရဲ့သီချင်းလေးတွေကလည်း တကယ့်ကို အနှစ်သာရ ပြည့်ဝလွန်းတာ ဖြစ်ပါတယ် ။

အချိန်ခဏလေးအတွင်းမှာတင် တစ်ဟုန်ထိုးကျော်ကြားလာခဲ့တဲ့ ချယ်ရီသင်းက သီချင်းတွေကိုလည်း မနားတမ်းဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေကိုလည်း ကောင်းမွန်အောင် ကြိုးစားနေ တဲ့အပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကိုပါ

 

တစ်ဖက်တစ်လမ်းကနေ စွမ်းစွမ်းတမံ ကူညီလုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း မွေးနေ့ အမှတ်တရ အနေနဲ့ အိမ်ခြေ (၄၀၀) စာအတွက် မွန်မြတ်သော အလှူလေးတစ်ခု ပြုလုပ်မယ့် အကြောင်းကို ” ၁-၁-၂၀၂၂ ရက်နေ့ကျရင်ချယ့်မွေးနေ့ရောက်ပြီ ချယ့်မွေးနေ့အမှတ်တရအနေနဲ့ရယ်

 

ဆောင်းဝင်တော့မည်အမှတ်တရလှူဖို့ကျန်တာရယ်ကိုရီးယားကဒယ်ဂူးဘုန်းဘုန်းကလှူတဲ့ငွေအချို့ရယ်ကို _အိမ်ခြေ -၄၀၀ အတွက်လှူဒါန်းပေးဖို့တွေးထားပါတယ်❤️ လှူဖို့ရာအတွက်နေရာလေးတွေမန့်ပေးပါလား🙏🙏 အခုထိမွေးနေ့လက်ဆောင်မုန့်ဖိုး -၅သိန်းတော့ရထားပါတယ် တအားပေးချင်တဲ့သူတွေ ပေးကြို ပေးလို့ရပြီဗျို့🤪🤪🤪 ” ရေးသားဖော်ပြထားတာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Zawgyi



 


 
