ညကြီးသင်္ကန်းခြုံထားတဲ့ကိုရင်လေးက ချိုစိမ့်နဲ့ပဲနံပြားပါဆယ်ဆွဲပြီး သင်္ချိုင်းကုန်းထဲ ဝင်သွားလို့လိုက်ကြည့်လိုက်သောအခါ

မနေ့ည၈နာရီကျော်ကျော်ဆလောက်ကကျနော်လက်ဖက်ရည်သောက်ဖို့သောက်နေကျဆိုင်ထဲကိုဝင်လိုက်တယ်။ ထိုင်ခုံကမရှိတော့ ကိုရင်လေးထိုင်နေတဲ့ စားပွဲမှာပဲ ဝင်ထိုင် လိုက်တယ်။ စားပွဲထိုးကောင်မလေးက ကျနော့်အတွက် လက်ဖက်ရည်ခွက်ချပေးနေတုန်းကိုရင်လေးကမေးလိုက်တယ်။

ဒကာမလေး ကိုရင် မှာထားတာကြာပီလေမရသေးဘူးးလားတဲ့…ကျနော်လည်း မနေနိုင်မထိုင်နိုင်မေး လိုက်မိတယ်။ ကိုရင်ကဘာမှာထားတာလဲလို့…ချိုစိမ့်နဲ့ပဲနံပြားမှာထားတာ အဲဒါနဲ့ကျနော်လည်း ပြန်မေးလိုက်တယ်။ ကိုရင်ကဒီအချိန်စားလို့မရဘူးလေဆိုတော့….မဟုတ်ဘူး။

အမေ့အတွက်တဲ့…လက်ဖက်ရည်ခွက်ချပေး နေတုန်းကိုရင်လေးကမေးလိုက်တယ်။ ဒကာမလေး ကိုရင် မှာထားတာကြာပီလေ မရသေးဘူးးလားတဲ့….. ကျနော်လည်း မနေနိုင် မထိုင်နိုင်မေးလိုက်မိတယ်။ ကိုရင်ကဘာမှာထားတာလဲလို့…ချိုစိမ့်နဲ့ပဲ နံပြားမှာ ထားတာအဲဒါနဲ့ကျနော်လည်းပြန်မေးလိုက်တယ်။

ကိုရင်ကဒီအချိန်စားလို့မရဘူးလေဆိုတော့ မဟုတ်ဘူး အမေ့အတွက်တဲ့ မြို့ရှောင်လမ်းထဲ ရောက်တော့ ဘယ်ဘက်ကိုချိုးဝင်ခိုင်းတယ်ပြီးတော့ သင်္ချိုင်းကုန်းထဲ ဝင်ခိုင်းတယ် ဗျာ… ကျနော် တော်တော် လန့်သွား တယ်။ ညက၈နာရီကျော်ပီလေ သင်္ချီုင်းကုန်း ဆိုတာ တိတ်ဆိတ်နေတာ

ကြက်သီးတွေ တဖြန်းဖြန်းထ လာတယ်။ ဒါပေမယ့် ကျနော်ကြောက်စိတ်ကို ဖယ်ပြီးတော့ သင်္ကန်းခြုံ ထားတဲ့ ကိုရင်လည်းပါတယ်ဆိုပီးအားတင်းဝင်လိုက်တယ်။ အဲဒီမှာ ကိုရင်ကဆင်းပီး ဓါတ်မီးလေးနဲ့ ဟိုကြည့်ဒီကြည့်ကြည့်ပြီး အုပ်ဂူလေးးတစ်လုံးပေါ်တက်ထိုင်ပြီး

အမေ…အမေကြိုက်တဲ့ချိုစိမ့်ရယ်ပဲနံပြားရယ်… သားလာပို့တာပါ။ သားကိုခွင့်လွှတ်ပါ။ အမေရယ်တဲ့… အမေမသေခင်တုန်းကမပြုစုခဲ့ရတာတွေ သားအခုမှယူကြုံးမရဖြစ်နေပြီ အမေရယ်တဲ့… အဲလိုတွေ ပြော ပြီးတော့ ကိုရင်က အဲ့ဒါကိုရင့်အမေရဲ့အုပ်ဂူလေးပဲတဲ့…

မသေခင်တုန်းက လုပ်မကျွေးနိုင်ခဲ့လို့ အခုလာပို့ တာပါလို့သူပြောတဲ့စကားနားထောင်းရင်း ကျနော် သူ့ကျောင်းထိပြန်လိုက်ပို့ပေးလိုက်ပါတယ်။ ကျနော် သံဝေဂ တစ်ခုရလိုက် တယ်။ သူတောင် သေသွားတဲ့ မိခင်ကိုသင်္ချီုင်းကုန်ထိလိုက်ကျွေးနေသေးတာ…ငါတို့ကအခုအသက်ရှိနေတဲ့မိခင်ကို

ပိုတောင်ဂရုတစိုက်ကျွေးသင့်တယ်ဆိုတဲ့အသိတရားရလိုက်ပီလေ…ကိုယ့်ကိုမွေးပေးတဲ့ မိခင်ဆိုတာ တစ်သက်လုံးတစ်ယောက်ပဲရှိတာမို့…. အစားထိုးမရတဲ့ အနန္ဒဂိုဏ်းဝင် ကျေးဇူးရှင်ကို အသက်ရှင် နေတုန်း…လုပ်ကျွေးသမှုပြုကြရင်းနဲ့ကျေးဇူးဆပ်ကြရအောင် သူငယ်ချင်းတို့ ရေအခုတော့…ကျနော်ရယ် ကိုရင်ရယ်သင်္ချိုင်းက ငြိမ်သက်နေတဲ့ အုပ်ဂူလေးးရယ်…။