မျက်စိမမြင်သော်လည်း ဓားသွေးပြီး ဝမ်းရေးဖြေရှင်းနေရလို့ လစဉ်ကူညီထောက်ပံ့ပေးခဲ့တဲ့ အဘ ဦးမောင်ကြိုင် ရဲ့ စိတ်မကောင်းစရာသတင်းကိုပြောလာတဲ့ မိုးစက်

ပရိသတ်ကြီးရေ မိုးစက်ကတော့ ဝမ်းရေခက်ခဲစွာဖြေရှင်းနေရတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေကို သူရဲ့အလှူရှင်တွေနဲ့ ပေါင်းပြီး လိုက်လံကူညီထောက်ပံ့ပေးနေတာ ပရိသတ်တွေလည်း သိရှိပြီးသား ဖြစ်မှာပါနော်။

မိုးစက်ကူညီထောက်ပံ့ပေးနေတဲ့ အဖိုးအဖွားတွေထဲက ဓားသွေးပြီး ဝမ်းရေးဖြေရှင်နေရတဲ့ မျက်မမြင် အဘ ဦးမောင်ကြိုင်ကို ပရိသတ်တွေမှတ်မိမယ်ထင်ပါတယ်နော်။ အဘဦးမောင်ကြိုင်ကတော့ မနေ့က နေ့လည်(၁၁း၅၅)မိနစ်မှာ ဘဝတစ်ပါးကိုပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါတယ်။

မိုးစက်ကတော့ အဘရဲ့ နာရေးသတင်းလေးကို စိတ်မကောင်းစွာနဲ့ပဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြ လာခဲ့ပါတယ်။”အလှူရှင်များရဲ့ လှူဒါန်းငွေများနဲ့ ကျွန်တော် လစဉ်ထောက်ပံ့ပေး နေရတဲ့

ဓားသွေးတဲ့ မျက်မမြင် အဘ ဦးမောင်ကြိုင်အသက် (71) နှစ် ဟာ…ဒီနေ့ နေ့လည်(11:55) မိနစ်မှာ ကွယ်လွန်သွား ရှာပါပြီ ။ဒီဇင်ဘာ (၁၅) ရက်နေ့က ဘဘ ဆီထောက်ပံ့ငွေ ပေးရင်း တွေ့ခဲ့ရတာ နောက်ဆုံးဖြစ်မယ်မှန်း မသိခဲ့ပါဘူး။ ဘဘ ဦးမောင်ကြိုင် တစ်ယောက် ကောင်းရာ သုဂတိလားပါစေ ။” ဆိုပြီးအဘရဲ့ နာရေးကို စိတ်မကောင်းစွာနဲ့ပဲ အဘကို ကူညီထောက်ပံ့ ပေးနေတဲ့ အလှူရှင်တွေ သိရှိအောင် မျှဝေဖော်ပြလာခဲ့တာ ပဲဖြစ်ပါတယ်။

Zawgyi

ပရိသတ္ႀကီးေရ မိုးစက္ကေတာ့ ဝမ္းေရခက္ခဲစြာေျဖရွင္းေနရတဲ့ သက္ႀကီး႐ြယ္အို အဖိုးအဖြားေတြကို သူရဲ႕အလႉရွင္ေတြနဲ႔ ေပါင္းၿပီး လိုက္လံကူညီေထာက္ပံ့ေပးေနတာ ပရိသတ္ေတြလည္း သိရွိၿပီးသား ျဖစ္မွာပါေနာ္။

မိုးစက္ကူညီေထာက္ပံ့ေပးေနတဲ့ အဖိုးအဖြားေတြထဲက ဓားေသြးၿပီး ဝမ္းေရးေျဖရွင္ေနရတဲ့ မ်က္မျမင္ အဘ ဦးေမာင္ႀကိဳင္ကိုပရိသတ္ေတြမွတ္မိမယ္ထင္ပါတယ္ေနာ္။အဘဦးေမာင္ႀကိဳင္ကေတာ့ မေန႔က ေန႔လည္(၁၁း၅၅)မိနစ္မွာ ဘဝတစ္ပါးကိုေျပာင္းေ႐ႊ႕ကြယ္လြန္သြားခဲ့ပါတယ္။

မိုးစက္ကေတာ့ အဘရဲ႕ နာေရးသတင္းေလးကို စိတ္မေကာင္းစြာနဲ႔ပဲသူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေဖာ္ျပ လာခဲ့ပါတယ္။”အလႉရွင္မ်ားရဲ႕ လႉဒါန္းေငြမ်ားနဲ႔ ကြၽန္ေတာ္ လစဥ္ေထာက္ပံ့ေပး ေနရတဲ့ ဓားေသြးတဲ့ မ်က္မျမင္ အဘ ဦးေမာင္ႀကိဳင္အသက္ (71) ႏွစ္ ဟာ…

ဒီေန႔ ေန႔လည္(11:55) မိနစ္မွာ ကြယ္လြန္သြား ရွာပါၿပီ ။ဒီဇင္ဘာ (၁၅) ရက္ေန႔က ဘဘ ဆီေထာက္ပံ့ေငြ ေပးရင္း ေတြ႕ခဲ့ရတာ ေနာက္ဆုံးျဖစ္မယ္မွန္း မသိခဲ့ပါဘူး။ ဘဘ ဦးေမာင္ႀကိဳင္ တစ္ေယာက္ ေကာင္းရာ သုဂတိလားပါေစ ။” ဆိုၿပီးအဘရဲ႕ နာေရးကို စိတ္မေကာင္းစြာနဲ႔ပဲ အဘကို ကူညီေထာက္ပံ့ ေပးေနတဲ့ အလႉရွင္ေတြ သိရွိေအာင္ မွ်ေဝေဖာ္ျပလာခဲ့တာ ပဲျဖစ္ပါတယ္။