ညီလေးဖြစ်သူရဲ့ရောဂါ ဆေးဝါးဖိုးစရိတ်အတွက် မိုးအေးအေးနဲ့ တံတားပေါ်မှာ တောင်းရမ်းနေခဲ့ကြတဲ့ ညီအစ်ကိုနှစ်ဦး

ဘဝက ခက်ခဲနေတာကြောင့် အိမ်ခြေယာမဲ့ကလေးတွေ လမ်းပေါ်မှာ တောင်းရမ်းနေကြတာကို မြင်တွေ့ ရတာက ပုံမှန်ပါပဲ။ ၎င်းတို့ကို ကူညီပေးချင်ပေမဲ့လည်း ကျွန်တော်တို့မှာလည်း နေ့စဉ်နှင့်အမျှ ဆင်းရဲ ငတ်မွတ်နေကြရတာပါဘဲ။

 

ဒါ့ကြောင့် တစ်ခါတလေမှာ လူအများက ၎င်းအိမ်ခြေယာမဲ့ကလေးတွေရဲ့တကယ့် ဘဝအဖြစ်အပျက်ကို မသိဘဲ ၎င်းတို့ကို လျစ်လျူရှုကာ ကျော်သွားတတ်ကြပါတယ်။ မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ San Fernando Pampanga မြို့ရှိ တံတားတစ်ခုပေါ်သို့ ဖြတ်သန်းသွားနေခဲ့တဲ့

Pearl Jhene David အမည်ရှိအမျိုးသမီးအင်တာနက်အသုံးပြုသူတစ်ဦးဟာ တံတားပေါ်တက်မဲ့ လှေကားထစ်မှာ တောင်းရမ်းနေတဲ့ ကောင်လေးနှစ်ယောက်ရဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ ပြန်လည်မျှဝေခဲ့ပါတယ်။

 

ထို Aldin အမည်ရှိကောင်လေး နှင့် Santino အမည်ရှိကောင်လေးတို့နှစ်ဦးက မွေးချင်းများဖြစ်ကြပြီး ဖျားနာနေတဲ့ Santino ရဲ့ ရောဂါအတွက် ဆေးဝယ်ရန် တောင်းရမ်းနေကြတယ်လို့ Pearl က ဆိုထား ပါတယ်။ Santino မှာက ကျောက်ကပ်ရောဂါရှိပြီး

၎င်းတို့ရဲ့မိခင်ဖြစ်သူက အလုပ်မှာရှိနေတာကြောင့် ၎င်းတို့ညီအစ်ကိုက မခင်ကိုစောင့်ဆိုင်းရင်း ပိုက်ဆံ တောင်းရမ်းနေတာပါလို့ အစ်ကိုဖြစ်သူ Aldin က ဆိုခဲ့ပါတယ်။ အအေးဒဏ်ကြောင့် လှေကားထစ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး

 

အဖျားတက်နေသေးတဲ့ Santino ကိုမြင်လိုက်ရတော့ Pearl က နှလုံးသားကြေကွဲသွားပုံရပါတယ်။ လက်ရှိမှာ Pearl က သူ့ရဲ့ထိုပို့စ်ကို ဖျက်လိုက်ပေမဲ့လည်း “NoypiAko” ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ အဆို အရ အင်တာနက်သုံးစွဲသူများစွာက Pearl ထံမှ

ဖုန်းဆက်လို့ရမဲ့ဖုန်းနံပါတ်ရခဲ့သလို ထိုညီအစ်ကိုတို့ကိုလည်း ကူညီပေးခဲ့ကြကြောင်း သိရပါတယ်။ အင်တာနက်အသုံးပြုသူအများအပြားက ထိုညီအစ်ကိုနှစ်ဦးတို့ရဲ့အခက်အခဲအတွက် စိတ်မကောင်း ဖြစ်နေခဲ့ကြပြီး ၎င်းတို့ရဲ့ idol ဖြစ်တဲ့

 

ဖြစ်ရပ်မှန် သတင်းတင်ဆက်သူ Raffy Tulfo အမည်ရှိအမျိုးသားကလည်း ၎င်းတို့အား ကူညီပေးရန် ဆန္ဒရှိနေခဲ့ပါတယ်။ဒီအတောအတွင်း Pearl ရဲ့ပို့စ်အသစ်မှာ Arlyn Ortega အမည်ရှိ Aldin နှင့် Santino တို့ရဲ့မိခင်ဖြစ်သူက Mr. Raffy ရဲ့ဝန်ထမ်းများနှင့် စကားပြောဆိုခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် မိခင် Arlyn နှင့် သူမရဲ့ခင်ပွန်းတို့က ၎င်းတို့အား ကူညီပေးခဲ့သူများအားလုံးကို စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောခဲ့ကြပြီး Pearl ကလည်း Santino ရဲ့နောက်လာမည့်ဆေးစစ်မှုအတွက် သူမရဲ့သူငယ်ချင်းဖြစ်သူနှင့် စကားပြောခဲ့ကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။