ရေမွန် (ဘပီ) ကို Suprise တိုက်ခဲ့တဲ့ညလေးအကြောင်းကို အမှတ်တရ ပြောပြခဲ့တဲ့ နိုဗန်ထူး

ပရိသတ်ကြီးရေ ရော့ခ်အဆိုတော် ရေမွန် ကတော့ ၂၀၂၁ ခုနှစ်၊ဇွန်လ ၂၃ ရက်နေ့မှာ အစာအိမ်သွေး ကြောပေါက်ရောဂါနဲ့ ပရိသတ်ကြီးကိုခွဲခွာသွားခဲ့တာ အခုဆိုရင် ၂လကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ရေမွန်ကွယ်လွန်ခဲ့တာ ၂လကျော်တိုင်အောင် ချစ်ခင်ရတဲ့မိသားစု၊

 

သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့အခုချိန်ထိ ရေမွန်ရဲ့အမှတ်တရတွေကို လွမ်းတသသ ပြောနေကြ ဆဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရေမွန်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ နိုဗန်ထူး ကတော့ ရေမွန်နဲ့ပတ်သတ်တဲ့ အမှတ်တရအချို့ကို

ပြောပြထားတဲ့ သတင်း‌လေးကို မျှဝေတင်ဆက်ပေးပါမယ်နော်။” မထင်မှတ်ဘဲ ဘပီကို Suprise တိုက်တဲ့ည … ကိုယ့်လူတွေပွဲ အေးဆေးသွားအားပေးရင်း ပွဲပြီးခါနီးတော့ဆိုင်မှာ စောင့်မယ်ဆိုပြီး သွားနှုတ်ဆက်ရင်း U D က မင်းရောက်နေတာ မထူးဘူး။

တက်ဟဲရင်း ဟိုကောင့်ကို Suprise လိုက် ဆိုတာနဲ့ဘဲ သီချင်းပြီးခါနီး ဝင်ယောင်တဲ့ပွဲ။ နောက်တော့ တရုတ်တန်း ထမင်းကြော် သွားဆွဲ ည လုံးပေါက်ပြီးရင် သောင်းကျန်းကြ။ Wingman အနေနဲ့ တချို့ကိစ္စတွေ Run။ ” နိုဗန်ထူး ကတော့ ရေမွန် နဲ့ပတ်သတ်တဲ့

အမှတ်တရညလေးတစ်ခုရဲ့ Suprise ‌လေးကိုပရိသတ်တွေလည်း သိရအောင် သူ့ရဲ့လှုမူ့ကွန်ယက်မှာ ‌မျှဝေရေးသားထားပါတယ်။ကဲ…ပရိသတ်ကြီးရေ နိုဗန်ထူးပြောပြတဲ့အမှတ်တရလေးတွေကို ဖတ်ပြီးတော့ ကိုရေမွန်ကြီး ကိုလွမ်းနေလောက်ပီထင်ပါတယ်။

ကိုရေမွန် ကိုချစ်တဲ့ပရိသတ်ကြီးအတွက် ရေမွန်နဲ့ပတ်သတ်တဲ့သတင်းလေး‌နဲ့အတူ ဓာတ်ပုံလေးတွေကို ပါမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ရှိပါတယ်။

Zawgyi





