မင်းသား ရဲတိုက် ရဲ့ကျန်းမာရေးအတွက် ဆုတောင်းပေးလိုက်တဲ့ သရုပ်ဆောင် ညီနန္ဒ

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းခဲ့တာဆိုရင်တော့ အခုဆိုရင် ဆယ်လကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူတူရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေဟာလဲ လက်ရှိမှာ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံ ထားရပြီး အချို့အနုပညာရှင်တွေက ကိုယ်ပိုင်အိမ်တွေကိုစွန့်လွှတ်ပြီး

လွတ်မြောက်နယ်မြေမှာ တိမ်းရှောင်နေကြရပါတယ်။ သရုပ်ဆောင် ညီနန္ဒ တစ်ယောက်လဲ လက်ရှိမှာ ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားရတာကြောင့် မိသားစုနဲ့ ခွဲခွာပြီး ဘေးကင်း ရာကို တိမ်းရှောင်နေရပါတယ်။ ညီနန္ဒ ဟာ အင်းစိန်ထောင်မှာ အဖမ်းဆီးခံထားရတဲ့

ပြည်သူချစ်သရုပ်ဆောင် မင်းသား ရဲတိုက် ရဲ့ကျန်းမာရေးကို အထူးစိုးရိမ်နေတဲ့အတွက် ဆုတောင်း စကားတွေကို သူ့ရဲ့အကောင့်မှာအခုလိုပဲရေးသားလာပါတယ်။ မင်းသား ရဲတိုက် ကတော့ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာတော့

တရားခွင်မှာ ရုတ်တရတ် မေ့မျောသတိလစ်သွားခဲ့တယ်လို့ သတင်းတွေအရသိရပါတယ်။ ရဲတိုက် ဟာ သတိလစ်မေ့မျောသွားတာကြောင့် အင်းစိန်ထောင်တရားခွင်မှာပဲ ဆရာဝန်တစ်ဦးရဲ့ အရေးပေါ် ကုသမှု့တစ်ခု ရရှိခဲ့ပါတယ်။

ဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးကလည်း ရုံးချိန်းမှာ သူ့ကိုစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅-က အမှု့အတွက် တရားခွင်မှာ ထွက်ဆိုနေတာကြောင့် သရုပ်ဆောင် ရဲတိုက် ကို အခုလို အရေးပေါ် ကုသမှုပေးခဲ့တာ ဖြစ် တယ်လို့ သိရပါတယ်။

ရဲတိုက် ကို အရေးပေါ်ကုသပြီးနောက် အင်းစိန်ဆေးရုံကို ယာယီပို့ဆောင်ပေးပြီး ညနေပိုင်းမှာ အင်းစိန်ထောင်ကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့ဆီက သိရပါတယ်။ ရဲတိုက် ပြန်လည်သတိရလာပေမယ့်

သရုပ်ဆောင် ညီနန္ဒ ကတော့ ရဲတိုက် ရဲ့ကျန်းမာရေးအတွက် စိတ်ပူနေတဲ့ဆိုတဲ့အကြောင်းကို ” ညီလေး ရဲတိုက် ဒီနေ့တရားရုံးမှာမေ့လဲသွားတယ်လို့ သိရတယ်… ညီလေး အမြန်ဆုံးကျန်းမာပါစေ…” လို့ သူရဲ့ လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါ တယ်နော်။

ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် မင်းသားချော ရဲတိုက် ရဲ့ကျန်းမာရေး အမြန်ဆုံးပြန်လည် ကျန်းမာ ပါစေလို့ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားခဲ့ပါ အုန်းနော်။ သရုပ်ဆောင် ရဲတိုက် မြန်ဆုံးပြန်လည်လွတ်မြောက်ပါပြီးတော့ ကျန်းမာပါစေလို့ဆုတောင်းစကားမေတ္တာပို့သအပ်ပါတယ်။

Zawgyi







