လာမည့်နှစ်သစ်ကူးနဲ့ ပတ်သက်ပြီး အထူးမေတ္တာရပ်ခံလိုက်တဲ့ ဖွေးဖွေး

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ဟာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင် မင်းသမီးချောပါ။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်နော်။

မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးဖွေး ဟာ ဇာတ်ကားတိုင်းမှာ ပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံး သရုပ်ဖော်တင်ဆက်နိုင်တာကြောင့် အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။ မြန်မာနိုင်ငံရဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွေမှာလဲ

ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုကြရပြန်ပါတယ်။ မကြာသေးမှီ နာရီပိုင်းလောက်က ဖွေးဖွေး ဟာ ပြည်သူတွေကို မေတ္တာရပ်ခံစာလေးတစ်စောင် ဖြန့်ဝေ လာခဲ့ပါတယ်။ မနက်ဖြန်ဆိုရင် အင်္ဂလိပ်ပြက္ခဒိန် ရဲ့နှစ်သစ်ကူးအချိန်ကို ရောက်ရှိတော့ မှာပဲဖြစ်ပါတယ်။

ဒီလိုအချိန်တွေမှာဆိုရင် မိသားစုတွေတွေ့ဆုံ၍ ဝိုင်းဖွဲ့စားသောက်ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလလေးပဲ ဖြစ်ပါတယ်နော်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ ပျော်ရွှင်မှု့တွေကို ရှေ့တန်းမတင်သင့်တဲ့ အချိန်ကာလဖြစ်နေတာကြောင့်

တတ်နိုင်သလောက် ထိန်းချုပ်ရမဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ဒီအကြောင်းကို သရုပ်ဆောင် ဖွေးဖွေး က ပျော်ရွှင်တာတွေကို အွန်လိုင်းပေါ်မတင်ကြဖို့ အကြောင်းကို သူမရဲ့ကိုယ်ပိုင်အကောင့်မှာ အခုလိုပဲရေးသားလာပါတယ်။

” ပျော်ပါ …Just Have Fun in Private …Pls Don’t Post… ပုံလေးတွေမတင်နဲ့ လွတ်လပ်ရေးရမှ တင်ဖို့သိမ်းထားပေးပါနော်….Help by not acting like This is Normal…ပုံမတင်ရလို့ ဘာမှမဖစ်သွား ပါဘူး ….PLEASE … ” လို့ ဖွေးဖွေး ဟာပြည်သူတွေကို

မေတ္တာရပ်ခံလိုက်တဲ့ သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးရေ… နှစ်သစ်မှာ ပျော်ပါးနေကြတာတွေကို ကျေးဇူးပြုပြီး လိုင်းပေါ်မတင်ကြပါနဲ့နော်။ သရုပ်ဆောင် ဖွေးဖွေး ရဲ့မေတ္တာရပ်ခံချက်တွေကို

လိုက်နာမယ်ဆိုရင် ကောမန့်မှာ ရေးသား သွားပေးခဲ့ ပါအုန်းနော်။ ချစ်တဲ့ပရိသတ်ကြီး နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ၊မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။