ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ လူမင်း ကိုလွမ်းလို့ ငိုရလွန်းလို့ မျက်ရည် တွေတောင် ခမ်းတော့မယ်ဆိုတဲ့ ခင်စံပယ်ဦး
ပရိသတ်ကြီးရေ…ဖေဖော်ဝါရီလမှစပြီးတော့ အခုအချိန်ထိတိုင်အောင် ပြည်သူလူထုပါမကျန် အနုပညာ ရှင် တွေအားလုံးဟာ အတိုက်အခိုက် အန္တရာယ် တွေခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ကြုံတွေ့ နေရ ပေမယ့် ဒီမိုကရေစီရရှိရေးအတွက်
နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ အားတတ်သရောရရာ နေရာကနေနိုင် သလောက် ပါဝင်နေကြဆဲပါ။ အနုပညာရှင် များကလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ လမ်းမပေါ် ထွက် ကာလှုပ်ရှားမှု တွေပြုလုပ်ခဲ့ကြပါတယ်။
ဒီလိုအားကြိုးမာန် တတ်ပါဝင်ကြတဲ့အနုပညာရှင်တွေ ထဲမှာအန်ကယ်လေးလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ လူမင်း လည်းပါဝင်ခဲ့ပါတယ်။ ခုဆိုရင် လူမင်း ဟာ CDM မှာပါဝင်ရန်ဝန်ထမ်းတွေ ကိုနှိုးဆော်ပေးခဲ့ တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတာလည်း ဖြစ်ပါတယ်။
အားလုံးက လူမင်းနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေကြတာလည်း အမှန်ပါပဲ။ အခုလည်း ဇနီးဖြစ် သူခင်စံပယ်ဦးဟာခင်ပွန်းအတွက် အရမ်းစိုးရိမ်ပူပန်ပြီး နေ့စဉ်တိုင်းမျက်ရည် ကျနေရ ကြောင်းကို ယောကျ်ားအတွက်စိတ်ပူပြီးငိုရလွန်းလို့မျက်ရည်တွေေ တာင်ခမ်းတော့မယ်။
ဒါပေမယ့်လည်းမယိုင်လဲ သွားအောင်ကြိုစား ပြီးအားတင်းထားပါမယ် ရေရေရာရာတော့ ဘာမှမစားချင် ဘူး ဆိုပြီးရင်ဖွင့်ရေးသား ဖော်ပြခဲ့သည်ကိုပြန်လည်ဝေမျှ ပေးလိုက်ပါတယ်။ ပရိသတ်ကြီးရေ လူမင်း အဖမ်းခံထားရတာ အခုဆိုရင်တော့
အချိန်အတော်ကြာမြင့်‌နေပြီဖြစ်တာကြောင့် ပရိသတ်တွေနဲ့အတူ မိသားစုကလဲ လွမ်းနေပါပီနော်။ ဦး လူမင်းအမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Zawgyi