လမ်းလျှောက်နေတာတောင် ကျောမလုံတော့တဲ့ ရန်ကုန်ကပြည်သူတွေ ခံစားနေရတဲ့အဖြစ်

လမ်းလျှောက်တာဘဲဖြစ်ဖြစ်၊ အပြေးလေ့ကျင့်တာဘဲဖြစ်ဖြစ် အစစအရာရာဂရုစိုက်ကြပါ။ ကိုယ့် အနောက်လှန် ပြန်လှည့်ကြည့်ပေးပါ။ ဒီနေ့ညနေ ငါးနာရီလောက် ရွှေတိဂုံဘုရားဘက် လမ်းလျှောက်ပြီး အပြန် အလုံလမ်းနားရောက်တော့

ပလပ်ဖောင်းပေါ်က မလျှောက်ဘဲကားလမ်းပေါ် ခဏတက်မိသွားတယ်။ အဲ့နားကလမ်းတစ်ခြမ်း ပိတ် ထားတယ်လေ။ အဲဒါနဲ့ဆောက်လက်စ အလုံလမ်းဂုန်းကျော်တံတားနားတက်ခါနီးမှာ အနောက်က ကားမီးထွန်းလို့ ကျွန်တော်ဘေးကပ်ပေးလိုက်တယ်။

 

ကားကကျွန်တော့်ကိုကျော်မသွားဘဲ အနောက်ကဆက်လိုက်လာပါတယ်။ ကျွန်တော်လည်း ကိုယ့်အသိ တစ်ယောက် နှုတ်ဆက်တယ်ထင်လို့ အနောက်လမ်းကြည့်မှ အုတ်သဲကျောက်သယ်တဲ့ ကားကြီး ဖြစ်နေ တယ်။ ကားပေါ်နေလှမ်းပြောသွားတယ်။

မင်းလမ်းလျှောက်တာ ပလက်ဖောင်းပေါ် တက်လျှောက်မမြင်ဘူးလား၊ ဘဝကူးသွားမယ်ဘာညာပေါ့။ ကျွန်တော်လည်းဘာမှပြန်မပြောပါဘူး။ အဲဒါနဲ့ကျွန်တော့်ကို အဲ့ကားကျော်သွားတယ်။ ကျွန်တော် ကားပေါ်က လူရေတွက်ကြည့်တော့ အစိတ်သုံးဆယ်လောက်ပါတယ်။

 

ကျွန်တော့်ကိုback မှန်ထဲမှာတွေ့လိုထင်တယ် ကားရပ်ပြီးကားခေါင်းထဲက ဆင်းပြီးထိုးတော့မလိုလို ကားနဲ့ဘဲကြိတ်တော့ မလိုလိုလှမ်းဆဲပါတယ်။ ပြီးတော့ပြောသေးတယ် ဟေ့ယျောင်ကျေနပ်လားတဲ့ ။ ကျွန်တော်လည်း ဟန်မပျက်နေပေမယ့် ဒေါသအတော်ထွက်ပါတယ်။

ဒီကားသမားကျွန်တော့်ကိုဆဲပြီး မောင်းထွက်သွားတယ်။ ကျွန်တော်လည်း နားလည်ပေးလိုက်ပါတယ်။ ဒီပုဂ္ဂိုလ်စိတ်မကြည်လို့ဘဲနေမှာပါဆိုပြီး အခုကျွန်တော်ပြောချင်တာက လမ်းလျှောက်ရင် သတိနဲ့ လျှောက်ကြပါ။ လမ်းတွေကအရင်လို မလွတ်လပ်တော့ဘူး။

 

စစ်ကောင်စီရဲ့ကျူးကျော်တဲတွေကအရမ်းupgradeမြင့်လာပြီ။ ကြာရင်လမ်းလည်ခေါင်ရောက်တော့ မယ်။ အဲ့တော့ပြောချင်တာ မြန်မာပြည်ကြီးအမြန် လွတ်မြောက်ငြိမ်းချမ်းပါစေဗျာ။

Zawgyi

လမ္းေလွ်ာက္တာဘဲျဖစ္ျဖစ္၊ အေျပးေလ့က်င့္တာဘဲျဖစ္ျဖစ္ အစစအရာရာဂ႐ုစိုက္ၾကပါ။ ကိုယ့္ အေနာက္လွန္ ျပန္လွည့္ၾကည့္ေပးပါ။ ဒီေန႔ညေန ငါးနာရီေလာက္ ေ႐ႊတိဂုံဘုရားဘက္ လမ္းေလွ်ာက္ၿပီး အျပန္ အလုံလမ္းနားေရာက္ေတာ့

ပလပ္ေဖာင္းေပၚက မေလွ်ာက္ဘဲကားလမ္းေပၚ ခဏတက္မိသြားတယ္။ အဲ့နားကလမ္းတစ္ျခမ္း ပိတ္ ထားတယ္ေလ။ အဲဒါနဲ႔ေဆာက္လက္စ အလုံလမ္းဂုန္းေက်ာ္တံတားနားတက္ခါနီးမွာ အေနာက္က ကားမီးထြန္းလို႔ ကြၽန္ေတာ္ေဘးကပ္ေပးလိုက္တယ္။

ကားကကြၽန္ေတာ့္ကိုေက်ာ္မသြားဘဲ အေနာက္ကဆက္လိုက္လာပါတယ္။ ကြၽန္ေတာ္လည္း ကိုယ့္အသိ တစ္ေယာက္ ႏႈတ္ဆက္တယ္ထင္လို႔ အေနာက္လမ္းၾကည့္မွ အုတ္သဲေက်ာက္သယ္တဲ့ ကားႀကီး ျဖစ္ေန တယ္။ ကားေပၚေနလွမ္းေျပာသြားတယ္။

မင္းလမ္းေလွ်ာက္တာ ပလက္ေဖာင္းေပၚ တက္ေလွ်ာက္မျမင္ဘူးလား၊ ဘဝကူးသြားမယ္ဘာညာေပါ့။ ကြၽန္ေတာ္လည္းဘာမွျပန္မေျပာပါဘူး။ အဲဒါနဲ႔ကြၽန္ေတာ့္ကို အဲ့ကားေက်ာ္သြားတယ္။ ကြၽန္ေတာ္ ကားေပၚက လူေရတြက္ၾကည့္ေတာ့ အစိတ္သုံးဆယ္ေလာက္ပါတယ္။

ကြၽန္ေတာ့္ကိုback မွန္ထဲမွာေတြ႕လိုထင္တယ္ ကားရပ္ၿပီးကားေခါင္းထဲက ဆင္းၿပီးထိုးေတာ့မလိုလို ကားနဲ႔ဘဲႀကိတ္ေတာ့ မလိုလိုလွမ္းဆဲပါတယ္။ ၿပီးေတာ့ေျပာေသးတယ္ ေဟ့ေယ်ာင္ေက်နပ္လားတဲ့ ။ ကြၽန္ေတာ္လည္း ဟန္မပ်က္ေနေပမယ့္ ေဒါသအေတာ္ထြက္ပါတယ္။

ဒီကားသမားကြၽန္ေတာ့္ကိုဆဲၿပီး ေမာင္းထြက္သြားတယ္။ ကြၽန္ေတာ္လည္း နားလည္ေပးလိုက္ပါတယ္။ ဒီပုဂၢိဳလ္စိတ္မၾကည္လို႔ဘဲေနမွာပါဆိုၿပီး အခုကြၽန္ေတာ္ေျပာခ်င္တာက လမ္းေလွ်ာက္ရင္ သတိနဲ႔ ေလွ်ာက္ၾကပါ။ လမ္းေတြကအရင္လို မလြတ္လပ္ေတာ့ဘူး။

စစ္ေကာင္စီရဲ႕က်ဴးေက်ာ္တဲေတြကအရမ္းupgradeျမင့္လာၿပီ။ ၾကာရင္လမ္းလည္ေခါင္ေရာက္ေတာ့ မယ္။ အဲ့ေတာ့ေျပာခ်င္တာ ျမန္မာျပည္ႀကီးအျမန္ လြတ္ေျမာက္ၿငိမ္းခ်မ္းပါေစဗ်ာ။