ရဲဘော်တွေလွတ်နိုင်အောင် ကာပစ်ရင်းဖမ်းဆီးခံရတဲ့ CDF-Mindat ရဲဘော်ကို အာဏာသိမ်းစစ်ကောင်စီ တပ်ကနှိ-ပ်စ-က်ကာသ-တ်ဖြ-တ်

မင်းတပ်မြို့နယ် ရှစ်မွှေးကျေးရွာအနီး ဒီဇင်ဘာ ၂၆ ရက်နေ့တိုက်ပွဲမှာ CDF-Mindat ရဲဘော်တစ်ယောက် ကျဆုံးတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းဖွဲ့ကထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ CDF-Mindat ရဲဘော်ဟာ အသက် ၂၂ နှစ်အရွယ် ဆလိုင်းဖေဟုန်းဖြစ်ပြီး အ-လောင်းရရှိတဲ့ချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ နှိ-ပ် စ-က်ဒ-ဏ် ရာတွေ တွေ့ရှိခဲ့ပါတယ်။ ဆလိုင်းဖေဟုန်း ကျဆုံးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတပ်မြို့ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

စစ်ကောင်စီ ၂ ဖွဲ့က ညှပ်တိုက်တာ ။ သူတို့က ၉ ယောက်ထဲ ။ သူတစ်ယောက်တည်းကျန်ခဲ့ပြီး တခြား ၈ ယောက်ကို တပ်ဆုတ်ခိုင်းပြီးတော့ သူကကာပစ်ပေးခဲ့တယ်။ အဲ့လိုနဲ့ စစ်ကောင်စီတပ်တွေက မိသွားတယ်။ အ-လောင်းပြန်တွေ့တဲ့ချိန်မှာ မပြေးနိုင်အောင် ခြေထောက်တဖက် ကျောဖြတ်ထားတယ်။

ပြီးတော့ မျက်နှာ တဖက်က ရစရာ မရှိတော့ဘူး။ သေ-န-တ်ဒင်နဲ့ ထုထားတာမျိုးပါ။ ပြီးတော့ နားတဖက်လည်း ပြ-တ်တယ်။ နှိ-ပ် စ-က်ခံရတဲ့ အဝေးကနေတောင် သူအော်သံကြားရတယ်တဲ့။

Zawgyi

မင္းတပ္ၿမိဳ႕နယ္ ရွစ္ေမႊးေက်း႐ြာအနီး ဒီဇင္ဘာ ၂၆ ရက္ေန႔တိုက္ပြဲမွာ CDF-Mindat ရဲေဘာ္တစ္ေယာက္ က်ဆုံးတယ္လို႔ မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရး သတင္းဖြဲ႕ကထုတ္ျပန္ထားပါတယ္။

က်ဆုံးသြားတဲ့ CDF-Mindat ရဲေဘာ္ဟာ အသက္ ၂၂ ႏွစ္အ႐ြယ္ ဆလိုင္းေဖဟုန္းျဖစ္ၿပီး အ-ေလာင္းရရွိတဲ့ခ်ိန္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြရဲ႕ ႏွိ-ပ္ စ-က္ဒ-ဏ္ ရာေတြ ေတြ႕ရွိခဲ့ပါတယ္။ ဆလိုင္းေဖဟုန္း က်ဆုံးသြားတဲ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး မင္းတပ္ၿမိဳ႕ေဒသခံတစ္ဦးက အခုလိုေျပာပါတယ္။

စစ္ေကာင္စီ ၂ ဖြဲ႕က ညႇပ္တိုက္တာ ။ သူတို႔က ၉ ေယာက္ထဲ ။ သူတစ္ေယာက္တည္းက်န္ခဲ့ၿပီး တျခား ၈ ေယာက္ကို တပ္ဆုတ္ခိုင္းၿပီးေတာ့ သူကကာပစ္ေပးခဲ့တယ္။ အဲ့လိုနဲ႔ စစ္ေကာင္စီတပ္ေတြက မိသြားတယ္။ အ-ေလာင္းျပန္ေတြ႕တဲ့ခ်ိန္မွာ မေျပးႏိုင္ေအာင္ ေျခေထာက္တဖက္ ေက်ာျဖတ္ထားတယ္။

ၿပီးေတာ့ မ်က္ႏွာ တဖက္က ရစရာ မရွိေတာ့ဘူး။ ေသ-န-တ္ဒင္နဲ႔ ထုထားတာမ်ိဳးပါ။ ၿပီးေတာ့ နားတဖက္လည္း ျပ-တ္တယ္။ ႏွိ-ပ္ စ-က္ခံရတဲ့ အေဝးကေနေတာင္ သူေအာ္သံၾကားရတယ္တဲ့။