ကိုင်ထားတာတော့သေ-နတ် ကြောက်တတ်လိုက်ပုံကတော့

ပုသိမ်မြို့ တွင် နတ်ကနေသူ တစ်ဦးကို စစ်ကောင်စီတပ်များ ဝင်ရောက် ဖမ်းဆီးဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာစေတီလမ်းပေါ်ရှိ အိမ်တစ်အိမ်တွင် နတ်ကနေသည့် ထက်ပိုင်ဖြိုး(ခ)ပြည်ကျော်အား စစ်ကောင်စီ တပ်များနှင့် ရဲများက ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားကြောင်း

ဒေသခံများထံက သိရသည်။စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်စဉ်က ပုသိမ်မြို့၊ ရေကြည်ဦး ဘုရားရှေ့ စစ်ကောင်စီ ကျိန်စာ တိုက်ပွဲတွင် ထက်ပိုင်ဖြိုး ဦးဆောင်ခဲ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။“

မနေ့ညက နတ်ကနေတဲ့ အချိန်မှာ ဝင်ဖမ်းသွားတာပါ၊ လက်နက်တွေကိုင်ပြီး နတ်ပွဲထဲအထိ ဝင်ဖမ်းတာ ဆိုတော့ ထွက်ပြေးတဲ့သူလည်း ထွက်ပြေးကြတယ်၊ ထက်ပိုင်ဖြိုး ကိုတော့ ဖမ်းသွားကြတယ်၊ ပထမ တစ်ခါ ထက်ပိုင်ဖြိုးကို ဖမ်းသေးတယ်၊

အမှုပိတ်ပြီး ပြန်လွတ်လာလို့ သူ့အလုပ်သူ ပြန်လုပ်နေတာကို အခု ထပ်ဖမ်းသွားတာပါ” ဟု မျက်မြင် တွေ့ရှိသူ တစ်ဦးကပြောသည်။ လက်ရှိတွင် ထက်ပိုင်ဖြိုး(ခ)ပြည်ကျော် ကို စစ်ကောင်စီတပ်များနှင့် ရဲများက

မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေး ကြောင်း ဖမ်းဆီးခံရပြီး နောက်ပိုင်း မိသားစုများ နှင့် အဆက်အသွယ် မရသေးကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Zawgyi

ပုသိမ္ၿမိဳ႕ တြင္ နတ္ကေနသူ တစ္ဦးကို စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္ ဖမ္းဆီးဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ မဟာေစတီလမ္းေပၚရွိ အိမ္တစ္အိမ္တြင္ နတ္ကေနသည့္ ထက္ပိုင္ၿဖိဳး(ခ)ျပည္ေက်ာ္အား စစ္ေကာင္စီ တပ္မ်ားႏွင့္ ရဲမ်ားက ဒီဇင္ဘာလ ၂၉ ရက္ေန႔ ညပိုင္းက ဖမ္းဆီးသြားေၾကာင္း

ေဒသခံမ်ားထံက သိရသည္။စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား ျပဳလုပ္စဥ္က ပုသိမ္ၿမိဳ႕၊ ေရၾကည္ဦး ဘုရားေရွ႕ စစ္ေကာင္စီ က်ိန္စာ တိုက္ပြဲတြင္ ထက္ပိုင္ၿဖိဳး ဦးေဆာင္ခဲ့သည္ဟု စြပ္စြဲကာ ဖမ္းဆီးသြားျခင္း ျဖစ္ေၾကာင္း နီးစပ္သူ တစ္ဦးက ေျပာသည္။“

မေန႔ညက နတ္ကေနတဲ့ အခ်ိန္မွာ ဝင္ဖမ္းသြားတာပါ၊ လက္နက္ေတြကိုင္ၿပီး နတ္ပြဲထဲအထိ ဝင္ဖမ္းတာ ဆိုေတာ့ ထြက္ေျပးတဲ့သူလည္း ထြက္ေျပးၾကတယ္၊ ထက္ပိုင္ၿဖိဳး ကိုေတာ့ ဖမ္းသြားၾကတယ္၊ ပထမ တစ္ခါ ထက္ပိုင္ၿဖိဳးကို ဖမ္းေသးတယ္၊

အမႈပိတ္ၿပီး ျပန္လြတ္လာလို႔ သူ႔အလုပ္သူ ျပန္လုပ္ေနတာကို အခု ထပ္ဖမ္းသြားတာပါ” ဟု မ်က္ျမင္ ေတြ႕ရွိသူ တစ္ဦးကေျပာသည္။ လက္ရွိတြင္ ထက္ပိုင္ၿဖိဳး(ခ)ျပည္ေက်ာ္ ကို စစ္ေကာင္စီတပ္မ်ားႏွင့္ ရဲမ်ားက

မည္သည့္ေနရာသို႔ ေခၚေဆာင္သြားသည္ကို မသိရေသး ေၾကာင္း ဖမ္းဆီးခံရၿပီး ေနာက္ပိုင္း မိသားစုမ်ား ႏွင့္ အဆက္အသြယ္ မရေသးေၾကာင္း ၎ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။