PDF ရဲဘော်လေးရဲ့ နံနက်ခင်းလေ့ကျင့်ခန်းမှာ ကျောပေါ်တက်ပြီး လာဆော့ကစားနေတဲ့ ခွေးလေးရဲ့ဗီဒီယို

PDF ရဲဘော်လေးရဲ့ နံနက်ခင်းလေ့ကျင့်ခန်းမှာ ကျောပေါ်တက်ပြီး လာဆော့ကစားနေတဲ့ ခွေးလေးရဲ့ဗီဒီယို

အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည်

PDF ရဲဘော်လေးရဲ့ နံနက်ခင်းလေ့ကျင့်ခန်းမှာ ကျောပေါ်တက်ပြီး လာဆော့ကစားနေတဲ့ ခွေးလေးရဲ့ဗီဒီယို
ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဆီ အာဏာကို မတရားလုယူထားတဲ့ စစ်တပ်ကို ဆန့်ကျင်တော်လှန်ဖို့ နယ်ပယ်ဒေသ

အသီးသီးက လူငယ်၊ လူရွယ်တွေနဲ့ ပြည်သူတွေဟာ လွတ်မြောက်နယ်မြေအသီးသီးမှာ စစ်သင်တန်းကို တက်ရောက်သင်ယူနေကြတာပဲ

ဖြစ်ပါတယ်။

မျှော်လင့်ချက်၊ အနာဂတ်တွေကို ပြန်လည်ရရှိဖို့ ကိုယ့်နယ်မြေဒေသမဟုတ်တဲ့ ဒေသမှာနေထိုင်ရပေမယ့် လူငယ်လေးတွေဟာ တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုရင်း နေထိုင်နေကြတာပဲဖြစ်ပါတယ်။

အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မှီခိုနေကြတဲ့ လူငယ်တွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါလေးတွေနဲ့လည်း အနေကြာ

သွားတဲ့အချိန်မှာ သံယောဇဉ်တွေဖြစ်ကြတာပဲဖြစ်ပါတယ်။

 

ဒီကနေ့မှာလည်း PDF ရဲဘော်လေးရဲ့ နံနက်ခင်းလေ့ကျင့်ခန်းမှာ ကျောပေါ်

တက်ပြီး လာဆော့ကစားနေတဲ့ ခွေးလေးရဲ့ဗီဒီယိုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

 

ပရိသတ်ကြီးလည်း အထက်ပါဗီဒီယိုလေးကိုကြည့်ပြီး PDF ရဲဘော်လေးနဲ့ ချစ်စဖွယ်ခွေးလေးရဲ့ ချစ်စရာသံယောဇဉ်လေးကို မြင်ယောင်မိကြမယ်လို့ ထင်ပါတယ်။