သန်လျင်တွင် လူကြမ်းသရုပ်ဆောင် ကိုတင်ကိုကို စစ်တပ်ကဖမ်းဆီး

သန်လျင်တွင် လူကြမ်းသရုပ်ဆောင် ကိုတင်ကိုကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ လ-က်ချောင်းများ ပြ-တ်တော-က်ပြီး ခြေထောက် ကျ-ည်ဖော-က်ဝင် ဒဏ်ရာကို ဆေးကုသခွင့်မပေးဘဲ ဆက်ရိုက်နှက်နေ၍ အသ-က်အန္တရာယ် စိုးရိမ်နေရ။

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် လူကြမ်းသရုပ်ဆောင် ကိုတင်ကို စစ်တပ်က ယနေ့ နံနက်ပိုင်း သေ နတ်ဖြင့်ပ-စ်-ခတ် ဖမ်းဆီးပြီး ဒဏ်ရာကို ဆေးကုသခွင့်မပေး၍ အသ-က်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

သန်လျင်မြို့နယ်၊ဘုရားကုန်အုပ်စု ကျောက်ရေတွင်းကွက်သစ်ရပ်၊ရုံးလမ်းဘဝလွတ်မြောက်ရေးလမ်းဆုံ၊ ရပ်ကွက်ရုံးတွင် စစ်ကောင်စီတပ်များက လူကြမ်းသရုပ်ဆောင် ကိုတင်ကို ယနေ့ နံနက် ၆နာရီခွဲအချိန်တွင် ရပ်ကွက်ရုံးအ ရှေ့ လမ်းမပေါ်၌ သေ-နတ်ဖြင့် ပ-စ်ခ-တ်ကြောင်း၊

ပ-စ်ခ-တ်မှုကြောင့် ကိုတင်ကို၏ လ-က်ချော-င်းများပြ-တ်တော-က်ခြင်း၊ ခြေထောက်တွင် ကျည်ဆန်ဖောက်ဝင်ဒဏ် ရာများဖြင့် မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
လက်ရှိတွင် ကိုတင်ကိုကို နံနက်၆နာရီခွဲမှ ယခုအချိန်ထိ လူသားချင်းစာနာမူအရ

လုံလောက်သောဆေးကုသမူမပေးဘဲ ရပ်ကွက်ရုံးဘေးရှိ စာကြည့်တိုက်တွင် ဖမ်းဆီးချုပ်နှောင်ကာ မတရားရိုက်နှက်စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“သူ့အခြေအနေက သွေးထွက်များနေတာရယ် ဆက်ရိုက်နေတာကြောင့် အ သက် အန္တရာယ်စိုးရိမ်ရပါတယ်” ဟု

မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။  ကိုတင်ကို(လူကြမ်းသရုပ်ဆောင်)၏အဖေဖြစ်သူနှင့်ယောက်ဖဖြစ်သူကိုလည်း စစ်တပ်က နေအိမ်မှ လာရောက် ဖမ်းဆီး သွားပြီးယခုအချိန်ထိမည်သည့်နေရာတွင် ဖ-မ်း ဆီးချုပ်နှောင်ထားသည်ကို မသိရှိရသေးဟု ဒေသခံကဆိုသည်။