အာဂျင်တီးနားတရားရုံးနှင့် ICC တရားရုံးက ပေးပို့လာသောစာဟူသမျှ လက်မခံရန် မင်းအောင်လှိုင်မှလျှို့ဝှက်ညွှန်ကြား

မင်းအောင်လှိုင် နှင့် စစ်ခေါင်းဆောင်များထံသို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနား တရားရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာများကို လုံး၀ လက်ခံခြင်း မပြုရန်

မင်းအောင်လှိုင်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကို နေပြည်တော်တရားလွှတ်တော်ချုပ်ထံသို့ ပေးပို့ထားပြီး တရားသူကြီးချုပ် ထွန်းထွန်းဦးကလည်း

၎င်း၏ တရားလွှတ်တော် ဝန်ထမ်းများကို ပြည်ပမှ ဝင်လာမည့် မည်သည့်စာကိုမှ လက်မခံရန် တစ်ဆင့်ထပ်မံ လျှို့ဝှက် ညွှန်ကြားကြောင်း သိရှိရသည်။ တရားလွှတ်တော် ဝန်ထမ်းများအနေဖြင့် ပြည်ပမှ ဝင်ရောက်လေ့ရှိသည့် DHL အပါအဝင်

အမြန်ချောပို့ နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် ညွှန်ကြားထား ကြောင်း သိရှိရသည်။ လတ်တလော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်အာဏာသိမ်းပြီးနောက်

ပြည်သူများကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှု ကျူး လွန်မှုများအတွက် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင် များကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နှင့်အာဂျင်တီးနား တရားရုံးတို့တွင် တရားစွဲထားမှုများကို စတင်စစ်ဆေးနေပြီဖြစ်သည်။

Zawgyi

မင္းေအာင္လႈိင္ ႏွင့္ စစ္ေခါင္းေဆာင္မ်ားထံသို႔ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC ၊ အာဂ်င္တီးနား တရား႐ုံး အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက ေပးပို႔လာေသာ အေၾကာင္းၾကားစာ၊ ဖမ္းဆီးမိန႔္၊ ဖမ္း၀ရမ္းႏွင့္ဆင့္ေခၚစာမ်ားကို လုံး၀ လက္ခံျခင္း မျပဳရန္

မင္းေအာင္လႈိင္က ၫႊန္ၾကားခ်က္ ထုတ္ျပန္လိုက္ေၾကာင္း သိရွိရသည္။စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ၫႊန္ၾကားခ်က္ကို ေနျပည္ေတာ္တရားလႊတ္ေတာ္ခ်ဳပ္ထံသို႔ ေပးပို႔ထားၿပီး တရားသူႀကီးခ်ဳပ္ ထြန္းထြန္းဦးကလည္း

၎၏ တရားလႊတ္ေတာ္ ဝန္ထမ္းမ်ားကို ျပည္ပမွ ဝင္လာမည့္ မည္သည့္စာကိုမွ လက္မခံရန္ တစ္ဆင့္ထပ္မံ လွ်ိဳ႕ဝွက္ ၫႊန္ၾကားေၾကာင္း သိရွိရသည္။ တရားလႊတ္ေတာ္ ဝန္ထမ္းမ်ားအေနျဖင့္ ျပည္ပမွ ဝင္ေရာက္ေလ့ရွိသည့္ DHL အပါအဝင္

အျမန္ေခ်ာပို႔ ႏွင့္ အျခားနည္းလမ္းမ်ားျဖင့္ ေပးပို႔လာသည့္စာမ်ားကို လက္ခံျခင္းမျပဳရန္ ၫႊန္ၾကားထား ေၾကာင္း သိရွိရသည္။ လတ္တေလာ ျမန္မာႏိုင္ငံတြင္ ႐ိုဟင္ဂ်ာမ်ားအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ စစ္အာဏာသိမ္းၿပီးေနာက္

ျပည္သူမ်ားကို သတ္ျဖတ္ၿပီး စစ္ရာဇဝတ္မႈ က်ဴး လြန္မႈမ်ားအတြက္ မင္းေအာင္လႈိင္ႏွင့္ စစ္ေခါင္းေဆာင္ မ်ားကို ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC ႏွင့္အာဂ်င္တီးနား တရား႐ုံးတို႔တြင္ တရားစြဲထားမႈမ်ားကို စတင္စစ္ေဆးေနၿပီျဖစ္သည္။