သရုပ်ဆောင်ပိုင်တံခွန်အတွက်ဂုဏ်ပြုတေးသီချင်းတစ်ပုဒ်ကိုထိုင်းဘာသာစကားနဲ့သီဆိုပေးခဲ့တဲ့ထိုင်းလူမျိုးအဆိုတော် LALITA WAN WAN(ရုပ်/သံ)

ပိုင်တံခွန်အတွက်ဂုဏ်ပြုတေးသီချင်းတစ်ပုဒ်ကိုထိုင်းဘာသာစကားနဲ့သီဆိုပေးခဲ့တဲ့ထိုင်းလူမျိုးအဆိုတော် LALITA WAN WAN (ရုပ်/သံ) အောက်ဆုံးတွင်  ရုပ်သံဖိုင်ပါ ရှိပါသည်။ ပိုင်တံခွန်လို့ ဆိုလိုက်တာနဲ့ အရပ် ရှည်ရှည်၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး

တက်တူးအပြည့် အပြုံးချိုသူကြီး တစ်ယောက်ကို မြင်ယောင်မိကြမယ်ထင်ပါတယ်။ နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေ အပြည့်ရရှိနေတဲ့ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာတော့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအခိုင်အမာရရှိထားတာဖြစ်ပါတယ်။

 

Fan Meeting ပြုလုပ်ရတဲ့အထိကို ထိုင်းနိုင်ငံမှာ အောင်မြင်ခဲ့တဲ့ ပိုင်တံခွန်ဟာ (၂၀၁၉) ခုနှစ်နဲ့ (၂၀၂၀) ခုနှစ်တို့မှာ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး အနုပညာအလုပ်တွေများစွာကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပိုင်တံခွန်တစ်ယောက်နိုင်ငံရေးပြစ်ဒဏ်အဖြစ်

ထောင်ဒဏ်(၃)နှစ်ချမှတ်ခံခဲ့ရတဲ့သတင်းဟာပြည်တွင်းပြည်ပမီဒီယာတွေမှာဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ပိုင်တံခွန်အတွက်ပရိသတ်တွေက စိတ်မကောင်း ဖြစ်နေ ကြသလို ဒီတစ်ခါမှာလည်း ထိုင်းလူမျိုး အဆိုတော် Lalita Wan Wan က “ပိုင်တံခွန်”လို့ အမည်ရတဲ့

သီချင်းလေးတစ်ပုဒ်ကိုဂုဏ်ပြုသီဆိုပေးခဲ့တာကိုအခုလိုပဲတွေ့ရပါတယ်။ပိုင်တံခွန်ကတော့အကျဉ်းထောင်ကိုရောက်ရှိနေတာမို့သူ့ကိုချစ်ကြတဲ့ပြည်တွင်းပြည်ပကပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ကိုယ်တိုင် မမြင်တွေ့နိုင်ပေမယ့် ပရိသတ်တွေရဲ့မေတ္တာကို ခံစားသိရှိနိုင်မယ်ဆိုတာ သေချာပါတယ်။