ခဏနားတဲ့အချိန်လေးမှာ စာအုပ်လှန်တမ်းကစားပြီး မျက်နှာကိုအိုးမဲသုတ်ကာ အပျော်တွေဖန်တီးနေကြတဲ့ PDF လူငယ်လေးများ(ရုပ်သံဖိုင်)

ခဏနားတဲ့ အချိန်လေးမှာ စာအုပ်လှန်တမ်းကစားပြီး မျက်နှာကိုအိုးမဲသုတ်ကာ အပျော်တွေ ဖန်တီးနေ ကြတဲ့ PDF လူငယ်လေးများ (ရုပ်သံဖိုင်) အောက်ဆုံးတွင် vedio ပါရှိပါသည်။ ကြမ်းတမ်းလွန်းတဲ့ဘဝမှာ ကိုယ်ပိုင်ပျော်ရွှင်မှုကို မရရအောင်ဖန်တီးပြီး

ရောက်တဲ့ နေရာမှာ ပျော်အောင်နေ ကြတဲ့ PDF လူငယ်လေးတွေဟာ ဒီနေ့မှာလည်း သူတို့ရဲ့ ပျော်ရွှင်မှုကို တခြားလူတွေပါ ခံစားရအောင် ပျော်ခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ပြန်လည် ဝေမျှ လာခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်ပြီး ပင်ပန်းနေ ကြပေမယ့် အားလပ်ချိန်ခဏလေးမှာ စာအုပ်လှန်တမ်းကစားပြီး ကျတဲ့ ဂဏန်းအရေအတွက်အတိုင်း မျက်နှာကိုအိုးမဲသုတ်ကာ စနောက်ကြတဲ့ ကစားနည်းနဲ့ သူတို့ရဲ့ကိုယ်ပိုင် ပျော်ရွှင်မှုကို ရှာဖွေခဲ့ကြပါတယ်။

မိဝေးဘဝေးနဲ့ တောထဲတောင်ထဲမှာ ပင်ပင်ပန်းပန်းနေထိုင်ရပြီး စားသောက်ဖို့အတွက်လည်း ရတာလေး တွေနဲ့ရုန်းကန်နေရတဲ့အခြေအနေမှာတောင် တစ်ချက်မှအားမလျော့သွားဘဲ ပြည်သူ့အောင်ပွဲအတွက်ကို သာ အစဉ်တစိုက်ကြိုးစားပေးနေကြတာ တကယ်ကိုကျေးဇူးတင်စရာပါ။

သူတို့အတွက်လှူဒါန်းပေးကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောပြီး တော်လှန်ရေးလုပ်ငန်းစဉ် တွေကို အရင်ကထက်ပိုပြီး အားစိုက်ကာ ကြိုးစားပေးနေခဲ့ပါတယ်။ ရောက်တဲ့နေရာမှာ ပျော်အောင် ဖန်တီးပြီးနေတတ်ကြသူတွေမို့ အခုလိုခက်ခဲနေချိန်မှာတောင် ကြံဖန်ပြီး အပျော်လေး တွေရှာတတ်

ကြပါသေးတယ်။ လူငယ်ဘဝ လွတ်လပ်ပျော်ပါးမှုတွေကို ဘေးချိတ်ပြီး ခက်ခဲ ကြမ်းတမ်းတဲ့ဘဝ တွေကို ရွေးချယ်ကာ စွန့်လွှတ်အနစ်နာခံသူတွေရဲ့ ပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေကို ပရိသတ်ကြီးလည်း ထပ်တူကြည်နူးရအောင် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။