ခိုးကြောင်ခိုးဝှက်နဲ့ express ကားကြီးစီးပြီး သွားနေတဲ့ စခတွေ ထိပြန်ပြီ (ရုပ်သံ)

expressကားကြီးစီးပြီး ခိုးကြောင်ခိုးဝှက်နဲ့သွားနေတဲ့ စခတွေ ထိပြန်ပြီ (ရုပ်သံ) အောက်ဆုံးတွင် video ပါသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးကားလမ်း၊ ရွာသာကြီးကျေးရွာနှင့် ဆားတောင်မြို့ကြားတွင် စစ်ကိုင်းမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်

ခရီးသည်တင် Express ကားအား မြင်းဖြူရှင် ပြောက်ကျားအဖွဲ့ အပါအဝင် မဟာမိတ်သုံးဖွဲ့ ပူးပေါင်းကာ မို င်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၃ နာရီခန့်တွင် မြင်းဖြူရှင် ပြောက်ကျားအဖွဲ့၊ ဝက်လက်မြို့နယ် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့နှင့်

ဂဠုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တို့ မို င်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။“သူတို့က Express ကား ရှေ့ ပြေးကားတွေအရင် လွှတ်တယ်ဗျ၊ အဲ့မှာက အခွံကြီးပဲ၊ မောင်းသူ တစ်ယောက်ဘဲ ပါတာ။ ကျွန်တော် တို့ တစ်ညလုံး စောင့်ပြီးတဲ့အချိန် သတင်းက ထပ်ရတယ်။

ကားပေါ်မှာ စစ်သားနဲ့ စစ်မိသားစုတွေ ပါတယ်ဆိုပြီး။ ဒီကောင်တွေက အရင်လို မဟုတ်တော့ဘူး ခိုးကြောင်ခိုးဝှက် ပုံစံမျိုးနဲ့ လာတာဗျ။ ဒီကောင်တွေက လုံးဝထွက်မလာတော့ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ မို င်းတစ်လုံး အရင်ခွဲလိုက်တယ်။

အဲ့တော့မှ ဒီလမ်းကြောမှာ မို င်းမရှိတော့ဘူးဆိုပြီး ကားက ရွာသာကြီးထဲ သောင်တင်နေရာကနေ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်နေတော့ ထွက်လာတယ်။ အဲမှာ ကျွန်တော်တို့ မို င်းဆွဲလိုက်တယ်” ဟု မြင်းဖြူရှင် ပြောက်ကျားအဖွဲ့တာဝန်ရှိသူက မဇ္ဈိမအား ပြောသည်။

စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Express ကားအား မို င်း ခုနစ်လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှေ့ထွက်မို င်း နှစ်လုံးနှင့် ဘေးကွဲမို င်း ငါးလုံး အသုံးပြုခဲ့ကြောင်း ဆိုသည်။“ကျွန်တော်တို့ အသံမိုင်း အရင်သုံးတာ။ ပြည်သူဘာညာ မကပ်အောင်၊

ဒုက္ခမရောက်စေချင်လို့ အရင်ရှင်းထုတ်တဲ့ သဘောပေါ့။ဒါကို အဲ့ကောင်တွေက ကျွန်တော်တို့ ဆုတ်သွား ပြီထင်ပြီး ခဏကြာတော့ ပြန်ထွက်လာကြတယ်။ အဲ့တော့မှ ကျွန်တော်တို့က ခုနစ်လုံးစလုံး ဆွဲချ ပစ်လိုက် တယ်” ဟု ၎င်းကဆက်ပြောသည်။ အဆိုပါယာဉ်တွင် စစ်ကောင်စီတပ်သား ၁၃ ဦးနှင့်

မိသားစုဝင် ခုနစ်ဦး စုစုပေါင်း ၂၀ ဦး လိုက်ပါလာကြောင်း မြင်းဖြူရှင် ပြောက်ကျားအဖွဲ့ တာဝန်ရှိသူထံက သိရသည်။တိုက်ခိုက်မှုကြောင့် ထိခိုက် ဒ/ဏ်/ရာရသူများအား လူနာတင်ကားဖြင့် တင်ဆောင်သွားကာ ကျန်ရှိသူများကို ခရီးသည်တင် Express ကား နောက်တစ်စီးဖြင့်

လာရောက် ခေါ်ဆောင်သွားကြောင်း ဆိုသည်။“လူနာတင်ယာဉ်နဲ့ တင်ခေါ်သွားတယ်၊ ဘယ်နှစ်ယောက် မှန်းတော့ သေချာမသိဘူး။ ကျွန်တော်တို့ကလည်း အသေအချာကြီး သွားကြည့်လို့ မရလို့လေ။ အ ​ေ သ အပျောက်လည်း ရှိနိုင်တယ်၊

ဒ/ဏ်/ရာရတာတော့ တော်တော်များမယ်ဗျ။ ကားကလည်း ဘီးပေါက်တယ်၊ ကားနံရံလည်း ပဲ့သွားတယ်။ ကျန်တဲ့ အဲ့ကောင်တွေကို ပြန်ပြီး ကယ်သွားတာလည်း အဲလိုကား၊ အရောင်ကလည်း အနီရောင်ပဲ တစ်ပုံစံထဲ” ဟု ဆက်ပြောသည်။

Videoကြည့်ရန်…