ဒီစာလေးဖတ်ပြီးရင် ရဲဘော်တွေကို ဘာကြောင့် ထောက်ပို့ကူညီလှူဒါန်းရမယ်ဆိုတာ ပို သဘောပေါက်လာမှာပါ

တဖောင်းဖောင်းနဲ့ ဆွဲပြီး ပစ်ထည့်လိုက်တဲ့ စက်‌ေ-သနတ်ကြောင့် ဝသုန် မှောက်ချလိုက်တယ်။ သူ့ရှေ့မှာ ရဲဘော် ၁၀ ယောက်လောက်ရှိသေးတယ်။ သူတို့တွေအကုန် စက္ကန့်ဝက်အတွင်း ပြားနေအောင် ဝပ်သွားကြတယ်။ရှေ့ဆုံးက ရဲဘော်တစ်ယောက် မှောက်ကျသွားပြီး သွေး အန်ပြီး ငြိမ်သွားတယ်။ ထိ ပြီ ထိ ပြီ ဆိုတဲ့အသံ တွေ ဆူညံကုန်တယ်။ ဝသုန်က နောက်ကို နည်းနည်း ပြန်ဆုတ်ပြီး ခြံထောင့်အကွေ့နားမှာ ဝပ်နေတယ်။ အုတ်တံတိုင်းက ခါးတစ်ဝက်ပဲရှိလို့ ခေါင်းမပေါ်အောင် ဝပ်နေရတယ်။

ပြန်ပစ်တဲ့သူတွေ ရှောင်တဲ့သူတွေ နဲ့ ဆူညံပြီး ရှုပ်ယှက်ခတ်နေတဲ့အချိန် ဘေးနားက မြောင်းကြီးထဲ ၁၂၀ မမ လက်နက်ကြီး တစ်လုံး အုံးခနဲကျတယ်။ ဝသုန် နဲ့ဆို ၁၅ပေလောက်ပဲ ဝေးမယ်။ ရေတွေ ဖွာခနဲစင်ထွက်ကုန်ပြီး သူတို့ ရေစိုကုန်တယ်။ မကြာခင် ထပ်ကျမယ့် လ-က်န-က်ကြီးက ခေါင်းပေါ် ဖြစ်တော့မှာ သေချာပြီ။ဝသုန်က စစ်မြေပြင်မှာ ဓာတ်ပုံရိုက်နေတဲ့ ရဲဘော် တစ်ယောက်ပါ။ တိုက်ပွဲ အတွေ့အကြုံ (၃) လ ရှိပြီ။

 

သူ့လက်ထဲမှာ ကင်မရာ တစ်လုံးပဲရှိတယ်။ ‌ေ-သ နတ်မကိုင်ဘူး။ ရှေ့တန်းမှာ ဓာတ်ပုံလိုက်ရိုက်နေတာ ၃ လ။ အဲ့ဒီ ၃ လမှာ (၁၅) ရက်တိတိက တစ်နေကုန် မိုးလင်း မိုးချုပ် တိုက်တဲ့ပွဲတွေ။ ပြ-င်းထ-န် ကြမ်းကြုတ်တဲ့ပွဲတွေ။ အခု သူက သူ့အတွေ့အကြုံကို ကျနော့်ကို ပြောပြနေတာ။ ပွက်လော ရိုက်နေတဲ့ အဲ့ဒီနေရာမှာ ရှေ့ဆုံးက ကျသွားတဲ့ရဲဘော်ကို ခြံစည်းရိုး တစ်ရိုးပေါ်ကနေ တစ်ရိုး ခက်ခက်ခဲခဲ ဆွဲထုတ်နေကြတယ်ဆိုတာ အနားက ရဲဘော်တွေ ပြောနေကြတယ်။

ခွေးတွေပစ်တဲ့ ကျည်ဆံတွေက တဖောင်းဖောင်း ကွဲပြီး ခေါင်းပေါ် မှာ ဝှီခနဲ ဝှီခနဲ ဖြတ်ပျံနေတယ်။ ဝသုန်တို့ ခေါင်းမထောင်နိုင်ဘူး။ ရှေ့က အဖွဲ့တွေ ဘယ်သူတွေ ကျကုန်လဲ ဘယ်သူတွေ ထိကုန်လဲ ညှပ်ပိတ်ပြီးများ အကြိတ်ခံနေရပြီလား ဘာမှန်းမသိတဲ့ ကြောက်မက်ဖွယ်ခံစားချက်ကြီးက သူ့စိတ်ထဲမှာ ပြင်းထန်နေတယ်။ အပြင်မှာက တိုက်ပွဲ ပြင်းထန်နေတယ်။

 

အဲ့ဒီ ခါးလောက်ရှိတဲ့ အုတ်တံတိုင်းလေးကနေ ကုန်းကုန်းကွကွနဲ့ တခြားရဲဘော်တချို့နဲ့အတူဖြေးဖြေးချင်း ဝသုန်တို့ ပြန်ဆုတ်ကြတယ်။ မဆုတ်ရင် လက်နက်ကြီး ထပ်ကျပြီး အသက်ပါ ရှုံးတော့မှာ။ရှေ့ဆုံးစည်း နဲ့ သိပ်မဝေးတဲ့ ခြံဝန်းတစ်ခုတည်း ပြန်ရောက်တော့ အဲ့ဒီဝန်းထဲမှာ ရဲဘော်တွေ စကားများနေကြတယ်။ ပြန်တက်မယ့်သူနဲ့ ပြန်ဆုတ်မယ့်သူနဲ့ တွေဝေနေတဲ့သူနဲ့။

ရှေ့နားမှာလည်း တစ်ဖွဲ့ အားရပါးရ ပစ်နေကြတယ်။ ခုနက ပိတ်ခံနေရတဲ့တစ်ဖွဲ့ဘက်ကလည်း အသံတွေ ဆူညံနေတယ်။ အဲ့အချိန်မှာ ကျသွားတဲ့ရဲဘော်ရဲ့ body က နောက်ကို ရောက်လာပြီဆိုလို့ ရဲဘော်တစ်ချို့ သွားကူညီကြဖို့ ပြေးတက်သွားကြတယ်။ (၁) မိနစ်အတွင်းမှာ ဆေးအဖွဲ့ က ထမ်းစင်ပေါ် မှာ body သယ်ပြီး ဝသုန်တို့ရှိတဲ့ ခြံဝန်းထဲ အသကုန်ပြေးလာကြတယ်။

 

ဘေးမှာလည်း ရဲဘော်တစ်ချို့ ပါလာတယ်။ ခြံထောင့်က အိမ်သေးသေးလေးရဲ့ အနောက်ပေါက်ကို ဖြတ်ပြီး နောက်တစ်ခြံကို ကူးရမှာ။ အဲ့ဒီအချိန်မှာ . . အုန်းခနဲ အသံနဲ့အတူ ဝသုန့် နား အူ ထွက်သွားတယ်။ ဝသုန့်မျက်နှာကို အင်မတန် ပြင်းထန်တဲ့ လေထုက အုံးခနဲ တွန်းထုတ်လိုက်ပြီး လှန်ထွက်သွားတယ်။ ဖုန်လုံးတွေက အလိပ်လိုက် အထက်ကို ထောင်တက်သွားတယ်။

ရှေ့တည့်တည့် (၁၀) ပေ အကွာမှာ လက်နက်ကြီး တစ်လုံး လာကျတာ။ ယမ်းငွေ့တွေ ထောင်းနေတယ်။ ” lee ပဲ . . “လို့အော်ပြီး ဝသုန် သူ့မျက်နှာ ပြန်ပွတ်ကြည့်တယ်။ သူ့နားသူ ကလော်ကြည့်တယ်။ ဒဏ်ရာ မရှိဘူး။ သိပ် ကံကောင်းတယ်။ မြေပြန့်မှာ ၁၀ ပေအကွာ လာကျတဲ့ လက်နက်ကြီးက သူ့ကို မထိသွားဘူး။ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်။တီး း း . . ဆိုပြီး အသံရှည်ကြီးစွဲပြီး အူနေတဲ့နားထဲမှာ ပတ်ဝန်းကျင်အသံတွေ အကုန် တိုးကုန်တယ်။ ‌ေ-သနတ်သံနဲ့ လ-က်န-က်ကြီးသံ ဆူညံနေတာတွေတောင် ခပ်တိုးတိုးပဲ ကြားတော့တယ်။

 

အနားမှာရှိတဲ့ ရဲဘော်တွေ ပြားနေအောင် ဝပ်နေကြတာရယ် . . ဖုန်လုံးကြီး ထ နေတာကို ဒီတိုင်း ငေးကြည့်နေတဲ့ ရဲဘော်အနည်းငယ်ရယ်ကို သူမြင်နေရတယ်။ သူ့မျက်စောင်း ထိုးမှာ မျက်နှာ မာမာနဲ့ ပြန်ထ လာတဲ့ ရဲဘော် (၂) ယောက်က ရဲမေ တွေ။ ဆံပင်တွေ ထုံးထားပေမယ့် ချွေးတွေရွဲနှစ်ပြီး ဆံပင်တွေ ပြေကျနေတယ်။ လက်ထဲမှာ မော-င်းပြ-န်ကြီးတွေနဲ့။ လ-က်န-က်ကြီးကျထည့်လိုက်လို့ body သယ်လာတဲ့ ဆေးအဖွဲ့က အိမ်အဝင်ပေါက်မှာ အလဲလဲအကွဲကွဲ ဖြစ်ကုန်တယ်။ ဖုန်လုံးတွေကြားထဲမှာ ပြန် ထ တဲ့သူက ထ . . ဆဲတဲ့သူက ဆဲ . . ။

ဝသုန် အဲ့နားပြေးဝင်သွားချိန်မှာ ရဲဘော်တစ်ယောက်က မျက်ဖြူဆိုက်ပြီး အရုပ်ကျိုးပြတ်လှဲကျနေတယ်။ သူ့ကိုဆွဲနေတဲ့ ရဲဘော် (၂) ယောက်က ဆွဲမရလို့ စိတ်ပင်ပန်းလွန်းပြီး အော်ဆဲနေကြတယ်။ ရုပ်ရှင်ထဲကလို ဆူညံရှုပ်ထွေး ပွက်လောရိုက်နေတဲ့ ရှေ့တန်းစစ်မြေပြင်လိုဟာကြီးကို ဝသုန်မြင်နေရတာ။ သူ သတိ ကြီးကြီးထားပြီး အာရုံကိုစုစည်းလိုက်တယ်။

မကြာခင် မိနစ်ပိုင်းတွင်း ဒီနေရာကို လက်နက်ကြီး ထပ်ကျတော့မယ်။ သူ ဆုတ်ရတော့မယ်။ ဆေးအဖွဲ့ ကတော့ သန်မာစွာ ပြန် ထ ပြီး body ကို ထမ်းစင်နဲ့ပြန်သယ်လို့ ခြံပြင်ကိုပြေးထွက်တယ်။ အပြင်မှာ အဆင်သင့်ရပ်ထားတဲ့ ကားပေါ်ကို body တင်ပေးလိုက်ပြီး ဒဏ်ရာရတဲ့ နောက်တစ်ယောက် သယ်ဖို့ ပြန်ပြေးသွားကြတယ်။တချို့က အကာကွယ်ရှိတဲ့နေရာမှာ ပုံလှဲကျပြီး အမောဆို့နေကြတယ်။ ရဲဘော်တစ်ယောက်က ကွမ်းရွက် ကို ခါနေတယ်။

သူ့ သူငယ်ချင်းက သူ့ကို အော်ဆဲတော့မှ ကွမ်းရွက်ကွမ်းသီးတွေ အိတ်ထဲထိုးထည့်ပြီး ထ ထွက်သွားတယ်။ ကားတွေက တဝှီးဝှီးနဲ့ လူနာတွေကို တင်လိုက် ပြန်လိုက် လာလိုက်။တိုက်တစ်တိုက်ရဲ့အကွယ်မှာတော့ ဒဏ်ရာရနေတဲ့ ရဲဘော်တွေကို ဆေးမှူးတွေ ပတ်တီးစီးပေးနေတယ်။ ရဲဘော်တစ်ယောက်က ပတ်တီးစီးထားတဲ့ လက်ထဲမှာ ဆေးလိပ်ညှပ်ထားတယ်။ နောက်တစ်ယောက် ကတော့ ခေါင်းမှာ ပတ်တီးနဲ့။ သူ့မျက်နှာက shock ဖြစ်နေတယ်။ ” ငါ့ရဲဘော် ကျသွားပြီ ” ဆိုတာကို ထပ်ခါ ထပ်ခါ ရေရွတ်နေတယ်။ ” သူ့အသံက အင်မတန် နာကျည်းစရာပဲ။

နောက်ထပ်ရဲဘော်တစ်ယောက်ကတော့ သူကြုံခဲ့တာကို သူ့သူငယ်ချင်းကို ပြောပြနေပြီး ရယ်နေတယ်။ လက်ဟန်ခြေဟန် အပြည့်။ ရှေ့မှာတော့ ကားတစ်စီး အရေးပေါ် ထပ်ဖြတ်သွားတယ်။ ” ငါတို့ရဲဘော် တစ်ယောက် ထိထားသေးလား “” အေး ထိ ထားတယ် “” ဟာကွာ ငါ low မ မင်းအောင်လှိုင် ”
ဆိုတဲ့ အသံနဲ့အတူ တစ်ဟုန်ထိုး ပြေးတက်သွားတဲ့ ရဲဘော်တစ်ယောက်ကိုလည်း

ခပ်လှမ်းလှမ်းမှာ မြင်နေရတယ်။ သူ့ရဲဘော် ဘာများဖြစ်သွားလဲဆိုတာ စိုးရိမ်စိတ်ကြီးကို အရမ်းမြန်တဲ့ သူ့ခြေထောက်တွေမှာ တွေ့နေရတယ်။ နောက်ထပ်ရဲဘော်တစ်ဖွဲ့ကတော့ သေနတ်တွေကို တဖြောင်း ဖြောင်းနဲ့ မောင်းတင်ပြီး ရှေ့ကို တက်သွားကြတယ်။ လက်နက်ကြီး အသံတွေက တဂျိန်းဂျိန်း။ လ-က်န-က်ငယ်သံတွေက တဒိုင်းဒိုင်း . . ။ဒီအဖြစ်အပျက်ကြီးမှာ ပါဝင်ပြေးလွှားပစ်ခတ်နေသူတွေက အသက် ၁၉ နဲ့ ၂၅ အတွင်းမှာ ပျှမ်းမျှ ရှိတဲ့ လူငယ်လေးတွေ အများစု။

အသက်ပေးရရင်လည်း ပျော်ပျော်ကြီး။ ကြောက်စရာကောင်းတဲ့ အချိန်မှာ လည်း ပျော်ပျော်ကြီး။ ဝမ်းနည်းတဲ့အခါမှာလည်း အော်ဟစ်ငိုယိုပြီး နောက်တစ်ရက်မှာတော့ ပျော်ပျော်ကြီး . . တိုက်ပွဲ ဆက်ဝင်ကြတဲ့ သံမဏိ ရဲဘော်တွေ။ဒီအဖြစ်အပျက်ကြီး ပြီးသွားတဲ့ နောက်နေ့မှာတော့ အဲ့နားတစ်ဝိုက်ကို ကားတွေ တစ်စီးပြီး တစ်စီး ထပ်ရောက်လာပြန်တယ်။ ပြည်သူ့ရဲဘော်တွေ အတို အရှည် မျိုးစုံ နှုတ်ခမ်းနီတောင့်တွေ တချွင်ချွင်နဲ့။ Fashion အမျိုးမျိုးကို ဝတ်စားဆင်ယင်လို့ တစ်ယောက်ထက် တစ်ယောက် သာ အောင် ပဲများနေ ကြ တယ်။

မကြာခင်မှာ ရှေ့ကို တက်သွားပြီး ပြင်းထန်တဲ့ တိုက်ပွဲ နောက်တစ်ပွဲ ထပ်ဖြစ်ကြပြန်တယ်။အရွယ်နဲ့ မမျှ နဲ့ ကြမ်းတမ်းယုတ်မာတဲ့ စစ်ပွဲကြီးမှာ ခုံမင်စွာ တိုက်ပွဲဝင်နေတာ မူးယစ်ဆေးကြောင့်ဆိုတဲ့ အောက်တန်းကျတဲ့ အကြောင်းရင်းကြောင့် မဟုတ်ပါဘူး။ အရေးတော်ပုံ အောင်မှဖြစ်မယ်ဆိုတဲ့ မြင့်မြတ် တဲ့စိတ်နဲ့ ပျော်ပျော်ကြီး အသက် လာပေးကြတာပါ။ ဒီလောက်ဆိုရင် အိမ်မှာ အေးဆေး နေခွင့်ရနေတဲ့ သူတွေက ဒီရဲဘော်တွေကို ဘာကြောင့် ထောက်ပို့ကူညီလှူဒါန်းရမယ်ဆိုတာ ပို သဘောပေါက်လာမှာပါ။

ဒီရဲဘော်တွေကို စာနာစိတ်အပြည့်နဲ့ ကိုယ်ချင်းစာပေးပြီး fb မှာ post တစ်ခုတင်တာက အစ သတိ ကြီးကြီး ထားရမယ်ဆိုတာလည်း ပိုသဘောပေါက်လာမှာပါ။ ဒီအကြောင်းတွေကို ဖုန်းကနေ ပြောပြနေတဲ့ ဝသုန် တစ်ယောက် မောသွားပုံရတယ်။ သူ နားဦးမယ်တဲ့။ ” နားဦးကွာ ” လို့ ပြောလိုက်ပြီး ဖုန်းမချခင် မှာတော့ သူငယ်ချင်း ဝသုန်က အကြောင်းအရာ နှစ်ခုကို နိဂုံးအနေနဲ့ ပြောပြတယ်။

 

တစ်ခုကတော့ သူ့မိန်းမကိုချစ်လို့ သူ့မိန်းမ စကားနားထောင်ပြီး ထိပ်ဆုံးထိ မတက်လိုက်လို့ အသက် ဆက်ရှင် ရတာကွဆိုပြီး တစ်ကွက်ကြွားသွားပါတယ်။ နောက်တစ်ခုကတော့ . . ၂၄ နာရီ ပျော်ရွင် ရယ်မော နေတတ်တဲ့ ရဲဘော်တစ်ယောက်ရှိတယ်။တစ်ရက်မှာတော့ ခွေးတွေ ထောင်တဲ့မြေမြုပ်မှိုင်းကြောင့် သူ့ခြေထောက်ကြီး ပြုတ်ထွက်သွားတယ်။ ဝသုန် ရဲ့ မျက်စိရှေ့မှာတင် ဖြစ်သွားတဲ့ မြင်ကွင်း။

နောက် ၁ လ အကြာမှာတော့ ခြေထောက်ငုတ်တိ မှာ ပတ်တီးစီးပြီး electric guiter တီးလို့ သီချင်းတွေ အော်ဆိုနေတဲ့ အဲ့ဒီရဲဘော်ကို တစ်နေရာမှာ ဝသုန် တွေ့လိုက်ပါတယ်။သူခြေထောက်ပြတ်သွားတဲ့ဖြစ်စဉ်မှာ ရိုက်ထားတဲ့ပုံကို သူ့ကိုပြလိုက်တော့ ” ဟာ မိုက်လိုက်တာ ” ဆိုပြီး ပုံကူးပေးဖို့ ပူဆာနေပါတယ်တဲ့။ သူငယ်ချင်း ဝသုန် ပြောပြတဲ့အကြောင်းအရာတွေကို ဒီ post နဲ့ မှတ်တမ်း တင်အပ်ပါတယ်။