လက်ထပ်တော့မယ်ဆိုတဲ့အကြောင်းလေးကို ဗီဒီယိုလေးနဲ့ တင်လာခဲ့တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ ကြော်ငြာတွေကို ရိုက်ကူးပြီးပရိသတ်အချစ်တွေကို ရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ မိသားစုလိုက် ရိုးသားဖြူစင်ခြင်းတွေနဲ့အတူ အလှူအတန်းတေ့လည်း ရက်ရောတယ်ဆိုပြီးတော့ ပရိသတ်များကလည်း ချစ်ပေးခဲ့ကြပြန်ပါတယ်။

နိုင်ငံရေး မတည်ငြိမ်နေတဲ့ အချိန်ကာလအတွင်းမှာတော့ ဖြူဖြူထွေးတစ်ယောက် တိတ်ဆိတ် ငြိမ်သက် နေခဲ့ပြန်ပါတယ်။ အနုပညာရှင် တော်တော်များများလည်း တရားသောဘက်နှင့် မတရားသောဘက်ကို လူသားချင်း သိတတ်စွာဖြင့် သိတတ်ခဲ့ကြပြီးပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့ကြပေမဲ့

အဲ့ထဲမှာ ဖြူဖြူထွေးကတော့ တိတ်ဆိတ်နေခဲ့ပြန်ပါတယ်။ ဖြူဖြူထွေးတစ်ယောက် ပြည်သူတွေအတွက် အအေးဗူးတွေ ထွက်ပြီးကမ်းလှမ်းခဲ့ပေမဲ့ ပရိသတ်တွေကတော့ သူမအပေါ်မှာ ချစ်တဲ့အချစ်တွေအစား ဝေဖန်မှုတွေသာ တိုးနေခဲ့ပြန်ပါတယ်။

ဒီနေ့လေးမှာတော့ ဖြူဖြူထွေးက ဟာသနောက်ခံစကားပြောထားတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာ ဖြစ်ပါတယ်နော်… ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေး ကို ကြည့်ပြီး အားပေးစကားလေး ရေးသားခဲ့ကြပါအုံးနော်…

ရုပ်သံကြည့်ရန်

Zawgyi



