အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့် ဝယ်သော လက်နက်များ ရောက်ရှိလာကြောင်း KGZ ပြောဆို(ရုပ်သံ)

ကယား (ကရင်နီ) ပြည်နယ်အတွင်း အကြမ်းဖက်စစ်အာဏာရှင်ကို လက်နက်ကိုင်ကာ ခုခံတော်လှန် နေသော ကာကွယ်ရေးတပ်ဖွဲ့များအနက်မှ တစ်ခုဖြစ်သည့် Karenni Generation Z army (KGZ army) ထံ အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့်

ဝယ်ယူထားသော လ-က်န-က် ၂၆ လက် ထပ်မံ ရရှိကြောင်း KGZ က ယနေ့ သတင်းထုတ်ပြန်သည်“ ဟုတ် ပါတယ်၊ စ နို-က်ပါ ၂ လက်အပါအဝင် အားလုံး ၂၆ လက်ပါ၊ အလှူရှင်တွေ ပေးတဲ့အလှူငွေနဲ့ ဝယ်တာ၊ လ-က်န-က်အသစ်ရော အဟောင်းရော ပါတယ်၊ ကျ-ည်ဆံတွေတော့ လိုနေသေးတယ်။

ထပ်လှူကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KGZ မှ တာဝန်ရှိသူ ဗိုလ်ဆော်ရယ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်ကရင်နီ GZ တပ်ဖွဲ့ကို တပ်မဟာ ၄ ခုဖြင့် ဖွဲ့စည်းထားပြီး တပ်မဟာ ၁ လေကြောင်းတပ်ဖွဲ့၊ တပ်မဟာ ၂ အထူးတပ်ဖွဲ့၊ တပ်မဟာ ၃ တိုက်ခိုက်ရေးတပ်ဖွဲ့၊

တပ်မဟာ ၄ စနိုက်ပါ တပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားကြောင်း ဗိုလ်ဆော်ရယ်က ဆိုသည်လက်ရှိအချိန်တွင် KGZ တပ်ဖွဲ့သည် ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF ၏ ဦးဆောင်မှုဖြင့် ကရင်နီဒေသတွင် အကြ-မ်းဖ-က်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်လျှက်ရှိသည်။

ရုပ်သံကြည့်ရန်