ခင်ပွန်းဖြစ်သူ CDMလုပ်လို့ အလုပ်ပြုတ်ခဲ့ရင် သူမကိုယ်တိုင် ဈေးရောင်းပြီးရှာကျွေးပါ့မယ်လို့ဆိုလာတဲ့ အိမ်ရှင်မတစ်ဦး

ဖေဖော်ဝါရီလ အာဏာစသိမ်းစဉ်ကစပြီး ယနေ့ထိတိုင် တနိုင်ငံလုံးကပြည်သူတွေ စစ်အာဏာရှင်ကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်နေကြဆဲဖြစ်ပါတယ်။ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေထဲမှာ

CDMလှုပ်ရှားမှုက အရေးပါထိရောက်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ကဏ္ဍအသီးသီးက အစိုးရဝန်ထမ်းအများစုဟာ စစ်အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားစေဖို့ အာဏာဖ.ီဆန်ရေးလှုပ်ရှားမှု CDMမှာ တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။ အိမ်ရှင်မတစ်ဦးဆိုလဲ သူမရဲ့ခင်ပွန်းသည် CDMမှာပါဝင်လို့ အလုပ်ပြုတ်ခဲ့ပါက သူမကိုယ်တိုင် ဈေးရောင်းပြီးရှာကျွေးမယ်ဆိုပြီး ခင်ပွန်းဖြစ်သူ CDMလုပ်သည်ကို

နိုင်ငံ့သားကောင်းပီသစွာ အပြည့်အဝထောက်ခံအားပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ CDMလုပ်သည်ကို သူမအနေနဲ့ အပြည့်အဝထောက်ခံအားပေးကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ-

“Antt ZawHtunသည် ကျမ၏ချစ်ခင်လေးစားရပါသော ခင်ပွန်းဖြစ်ပါသည်။ သူသည်နိုင်ငံသားပီသစွာ CDMပါသောကြောင့် အလုပ်ပြုတ်ခဲ့သည်ရှိသော် ကျမကဈေးရောင်းကျွေးမည်ဖြစ်ပါကြောင်း

အသိပေးလိုက်ပါသည်။ ချစ်ဇနီးအမွန်”ဆိုပြီး ရေးသားအသိပေးလာခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း သူမတို့နှစ်ဦးအတွက် အားပေးစကားပြောခဲ့ပါအုန်းနော်။ လေးစားစွာဖြင့် ခရက်ဒစ်