စကစရဲ့ လေယာဉ်ဆီတင်တဲ့ ဆီဘောက်ဆာကားတွေ ဆော်ခံနေရပြီ

မြဝတီမှ ဆင်းလာသည့် စစ်ကောင်စီ လေယာဉ်ဆီတင် ဆီဘောက်ဆာ ကား ၂ စီး ပ-စ်ခတ်ခံရပြီး မီးလောင်ပျက်စီး


ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် အာရှလမ်းမကြီးအတိုင်း ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီတင် ဆီဘောက်ဆာ ကား ၂ စီးသည် ဇန်နဝါရီလ ၃ ရက် ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပ-စ်ခတ်တို-က်ခိုက်ခံရမှုကြောင့် မီးလောင် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

လက်ရှိအချိန် အဆိုပါနေရာတွင် ကရင်နယ်ခြားစောင့်တပ် BGF က လုံခြုံရေးယူထားကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ မြဝတီ-ကော့ကရိတ်ကြား အာရှလမ်းမကြီးတွင် အကြမ်းဖက်စစ်ကောင် စီ ယာဉ်တန်းများကို မကြာခဏ ပ-စ်ခတ်တို-က်ခိုက်ခံရပြီး တို-က်ပွဲများဖြစ်ပွားလျက်ရှိသည်။;