အရင်းနှီးဆုံးလူတစ်ယောက်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးခြင်းခံရတဲ့အတွက် ကျန်းမာရေးမကောင်းတဲ့ကြားက ရှောင်ပြေးနေရတဲ့ စိန်သီး

အရင်းနှီးဆုံးလူတစ်ယောက်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးခြင်းခံရတဲ့အတွက် ကျန်းမာရေးမကောင်းတဲ့ကြားက ရှောင်ပြေးနေရတဲ့ စိန်သီး

ပရိသတ်ကြီးရေ လူရွှင်တော် စိန်သီးဟာ မကြာသေးခင်က ကိုဗစ်ရောဂါခံစားခဲ့ရတာ ဖြစ်ပါတယ်။ ရောဂါပျောက်ကင်းသွားစေမယ့် ကျန်းမာရေး ချူချာနေဆဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က အရင်းနှီးဆုံးလူတစ်ယောက်ရဲ့ နောက်ကျောကို ဓားနဲ့ထိုးခံရတဲ့အတွက် ကျန်းမာရေးမကောင်းတဲ့ကြားက ရှောင်ပြေးနေရကြောင်း အခုလို ရင်ဖွင့်ရေးသားလာခဲ့တာ ဖြစ်ပါတယ်။

” 🙏မကျန်းမာခြင်းရဲ့နောက်ကွယ်ကဆုတောင်း🙏

အားလုံးမြန်မာပြည်သူပြည်သားများကျန်းမာကြပါစေခင်ဗျာ

ကျန်းမာခြင်းကလာဘ်တစ်ပါးဆိုတာသိသွားတဲ့လူတစ်ယောက်ရဲ့ရင်ထဲကလာတဲ့ဆုတောင်းလေးပါခင်ဗျာ🙏🙏🙏🙏🙏

စာအရှည်ကြီးရေးပြီးpostမတင်ဖူးလို့တင်ပါရစေခင်ဗျာ

ခုလာတော့မယ့်1ရက်နေ့ဟာဆိုရင်ဖြင့်ကျွန်တော်တို့တတွေရဲ့စိတ်ကောလူကောအကျဥ်းကျခံရခြင်းမှတနှစ်ပြည့်တော့မယ်

ဖြစ်ပါတယ်ဒီတစ်နှစ်အတောအတွင်းမှာစိတ်မကျန်းမာခြင်းလူမကျန်းမာခြင်းတွေခံစားချက်မျိုးစုံသောကပေါင်းစုံနဲ့ကြုံတွေ့နေကြရတာဘဲဖြစ်ပါတယ်

ကျွန်တော်ကိုယ်တိုင်လဲဒီအဖြစ်အပျက်တွေနဲ့ဖြတ်သန်းနေရတဲ့သူတယောက်ဖြစ်ပါတယ်

ယခုလက်ရှိလဲကျွန်တော့်ကျန်းမာရေးအခြေအနေကသိပ်အကောင်းကြီးတော့မဟုတ်ပါဘူးခင်ဗျာ

မကျန်းမာနေတဲ့ကြားကဘဲတတ်နိုင်တဲ့ဘက်က‌တစါထောင့်တစ်နေရာကနေကျန်းမာရေးအတွက်ကိုဗစ်နဲ့ပက်သက်တဲ့ဆေးဝါးနဲ့

အဆင်မပြေကြတဲ့မိသားစုလေးတွေအတွက်တော့အဟာရဖြစ်စေမယ့်စားစရာလေးတွေကိုတော့လှူဒါန်းဖြစ်ပါတယ်

ကိုယ်တစ်ယောက်တည်းမတတ်နိုင်တာတွေကိုတော့ချစ်မိတ်ဆွေအပေါင်းအသင်းများနဲ့လက်တွဲပြီးလှူဖြစ်ပါတယ်

ကိုယ်လှူတန်းချင်တာကိုမငြိုငြင်ဘဲကူညီပေးတဲ့ချစ်မိတ်ဆွေတွေကိုလဲဒီကနေကျေးဇူးအထူးတင်ပါတယ်

ခုဆက်လက်လှူဒါန်းသွားလိုပေမယ့်အခြေအနေမပေးတာရယ်

စီးပွားရေးအဆင်မပြေတော့တာရယ်မကျန်းမာတာရယ် ကိုယ့်လူရင်းကဘဲနောက်ကျောဓားလိုက်ထိုးနေလို့ရှောင်နေရတာရယ်နဲ့သောကရောက်နေရတယ်ပေါ့ဗျာ

ဒီအဖြစ်အပျက်တွေကိုအားတင်းပြီးဖြတ်သန်းနေရင်းနဲ့ဘဲဆက်လက်ပြီးကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရအောင်သွားကြရမယ်ဆိုတာမိမိကိုယ်ကိုလဲအားပေးရင်းကျွန်တော်တို့ပြည်သူတွေကိုလဲအားပေးရင်းနဲ့ခရီးဆက်ကြမယ်

ကျွန်တော်တို့သွားမယ့်ခရီးလမ်းတိုပါစေနှစ်ဟောင်းကမကောင်းတဲ့အဖြစ်အပျက်တွေနဲ့ဝေးပါရစေ

ဒီနှစ်သစ်ကအပျော်ရွှင်ဆုံးနှစ်ဖြစ်ပါရစေ

 

ကျွန်တော်တို့မြန်မာပြည်ကြီးလဲကပ်ရောဂါဘေးမှကင်းဝေးပါရစေ

ကျွန်တော်လဲကျန်းမာပြီးအရင်လိုလှူနိုင်တန်းနိုင်တဲ့ဘဝလေးပြန်ရောက်ပါရစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ

🙏🙏🙏🙏🙏🙏🙏🙏🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။