ဒု-ဗိုလ်ချုပ်ကြီး အောင်စိုးရဲ့သားမွေးနေ့ဆုတောင်းပေးတဲ့ ထူးရေခဲမုန့်ကို သပိတ်မှောက်ဖို့ လူမှုကွန်ရက်မှာလှုံဆော်

ဒု-ဗိုလ်ချုပ်ကြီး အောင်စိုးရဲ့သားမွေးနေ့ဆုတောင်းပေးတဲ့ ထူးရေခဲမုန့်ကို သပိတ်မှောက်ဖို့ လူမှုကွန်ရက်မှာလှုံဆော်

ကရင်ပြည်နယ်ရဲ့စစ်ဆင်ရေးတွေကို ဦးစီးရတဲ့ အမှတ် ( ၄ ) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးရဲ့သား ရဲ့မွေးနေ့ကိုဆုတောင်းပေးတဲ့ ထူးရေခဲမုန့်ကိုသပိတ်မှောက်ဖို့ဆိုရှယ်မီဒီယာမှာ လှုံဆော်မူ့တွေပြုလုပ်လာနေပါတယ်။


မြန်မာနိုင်ငံမှာနာမည်ကြီးထူးရေခဲမုန့်ကိုဦးဆောင်သူ ကိုထူးအောင်ဝင်းက ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးရဲ့သား ဒေါက်တာရန်အောင်စိုးရဲ့မွေးနေ့အတွက် ဆုတောင်းပေးတဲ့စာကို သူရဲ့လူမှုကွန်ရက်မှာရေးသား ပြီးတဲ့နောက် ထူးရေခဲမုန့်ကို ဝယ်မစားဖို့ဆိုရှယ်မီဒီယာမှာလှုံဆော်လာတာပါ။


ထူးရဲခဲမုန့်ဟာ မြန်မာနိုင်ငံမှာနာမည်ကြီးရေခဲမုန့် တခုဖြစ်သလို အလှုအတန်းများ မင်္ဂလာဆောင်များတွင် ဧည့်ခံကျွေးမွေးလေ့ရှိတဲ့နာမည်ကြီးရေခဲ့မုန့်လည်းဖြစ်ပါတယ်။

ထူးရေခဲမုန့် နဲ့နီးစပ်သူတွေရဲ့အဆိုအရ တစ်လကို အသားတင် မြတ်ငွေ သိန်း ၃၀၀ ကျော်ရှိတယ်လို့သိရပါတယ်။


ထူးရေခဲမုန့်ကို ဦးဆောင်သူ ကိုထူးအောင်ဝင်းဟာ စစ်တပ်အသိုင်းအဝိုင်းက မွေးဖွားလာသူမဟုတ်ပေမဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးအောင်စိုးရဲ့သား ဒေါက်တာရန်အောင်စိုးနဲ့ခင်မင်ရင်းနှီးသော ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ထုတ်ကုန်တွေနဲ့စစ်တပ်အသိုင်းအဝိုင်းနဲ့ပတ်သက်သူတွေရဲ့ထုတ်ကုန်တွေကို သပိတ်မှောက်တာတွေလုပ်ဆောင်လာခဲ့ပြီး စစ်တပ်ရဲ့အဓိက ထုတ်ကုန် ဖြစ်တဲ့ မြန်မာဘီယာနဲ့ရူဘီစီးကရက်တို့ဟာရောင်းအားသိသိသာသာကျဆင်းသွားခဲ့ပါတယ်။

Credit: Salween Press

ကရင္ျပည္နယ္ရဲ႕စစ္ဆင္ေရးေတြကို ဦးစီးရတဲ့ အမွတ္ ( ၄ ) စစ္ဆင္ေရးအထူးအဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးရဲ႕သား ရဲ႕ေမြးေန႔ကိုဆုေတာင္းေပးတဲ့ ထူးေရခဲမုန္႔ကိုသပိတ္ေမွာက္ဖို႔ဆိုရွယ္မီဒီယာမွာ လႈံေဆာ္မူ႔ေတြျပဳလုပ္လာေနပါတယ္။
ျမန္မာႏိုင္ငံမွာနာမည္ႀကီးထူးေရခဲမုန္႔ကိုဦးေဆာင္သူ ကိုထူးေအာင္ဝင္းက ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္စိုးရဲ႕သား ေဒါက္တာရန္ေအာင္စိုးရဲ႕ေမြးေန႔အတြက္ ဆုေတာင္းေပးတဲ့စာကို သူရဲ႕လူမႈကြန္ရက္မွာေရးသား ၿပီးတဲ့ေနာက္ ထူးေရခဲမုန္႔ကို ဝယ္မစားဖို႔ဆိုရွယ္မီဒီယာမွာလႈံေဆာ္လာတာပါ။
ထူးရဲခဲမုန္႔ဟာ ျမန္မာႏိုင္ငံမွာနာမည္ႀကီးေရခဲမုန႔္ တခုျဖစ္သလို အလႈအတန္းမ်ား မဂၤလာေဆာင္မ်ားတြင္ ဧည့္ခံေကြၽးေမြးေလ့ရွိတဲ့နာမည္ႀကီးေရခဲ့မုန႔္လည္းျဖစ္ပါတယ္။ ထူးေရခဲမုန႔္ နဲ႔နီးစပ္သူေတြရဲ႕အဆိုအရ တစ္လကို အသားတင္ ျမတ္ေငြ သိန္း ၃၀၀ ေက်ာ္ရွိတယ္လို႔သိရပါတယ္။
ထူးေရခဲမုန႔္ကို ဦးေဆာင္သူ ကိုထူးေအာင္ဝင္းဟာ စစ္တပ္အသိုင္းအဝိုင္းက ေမြးဖြားလာသူမဟုတ္ေပမဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေအာင္စိုးရဲ႕သား ေဒါက္တာရန္ေအာင္စိုးနဲ႔ခင္မင္ရင္းႏွီးေသာ ဆက္ဆံေရးရွိသူတစ္ဦးျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာစစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း စစ္တပ္ထုတ္ကုန္ေတြနဲ႔စစ္တပ္အသိုင္းအဝိုင္းနဲ႔ပတ္သက္သူေတြရဲ႕ထုတ္ကုန္ေတြကို သပိတ္ေမွာက္တာေတြလုပ္ေဆာင္လာခဲ့ၿပီး စစ္တပ္ရဲ႕အဓိက ထုတ္ကုန္ ျဖစ္တဲ့ ျမန္မာဘီယာနဲ႔႐ူဘီစီးကရက္တို႔ဟာေရာင္းအားသိသိသာသာက်ဆင္းသြားခဲ့ပါတယ္။