ကလိမ်ကကျစ် ဟွန်ဆင် မြန်မာ့မြေတွင် လုံးဝခြေချခွင့်မရစေရဟု တော်လှန်ရေးအင်အားစု ၂၇၃ ခုက စုပေါင်း ကန့် ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၅ ၊ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်မှုရရှိစေဖို့ ကူညီနေတဲ့ ကလိမ်ကကျစ်ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင် မြန်မာနိုင်ငံမှာ လုံး၀ ခြေချခွင့်မရစေရဘူးလို့ တော်လှန်ရေးအင်အားစု ၂၇၃ ခုက စုပေါင်းကန့် ကွက်လွှာ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်ကို ပြည်တွင်းမှာ လုံးဝခြေချခွင့် မရစေရေးအတွက် တော်လှန်ရေးအင်အားစု အဖွဲ့ အစည်းပေါင်း ၂၇၃ စုက စုပေါင်းပြီး

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကန့်ကွက်လွှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ပြင်းထန်စွာကန့်ကွတ်ရှုတ်ချကြောင်းနဲ့ လူသ-တ်အကြမ်းဖက် စစ်ကောင်စီကို အားပေးကူညီမယ့် ဟွန်ဆန်ကို မြန်မာနိုင်ငံမှာ လုံးဝခြေချခွင့် မရအောင် နည်းလမ်းပေါင်းစုံနဲ့ ဆန့် ကျင်ကန့်ကွက်သွားမှာ ဖြစ်တဲ့အကြောင်း တော်လှန်ရေးအင် အားစုတွေရဲ့ သ ဘော ထားကို အတိအလင်းထုတ်ပြန်ကြေ ညာပါတယ်။

တော်လှန် ရေးအင်အားစုတွေထဲမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးပြည်သူ့အင် အားများချိတ်ဆက်ညှိ နှိုင်းရေး ကော်မတီ-မန္တလေး၊ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (GSCC)၊ မြန်မာ နိုင်ငံ အလုပ်သမားတပ်ပေါင်းစု (LA)၊ သံဃသမဂ္ဂ၊ အဖွဲ့အစည်းပေါင်းစုံ၊ ကွန်ရက်ပေါင်းစုံ၊ သပိတ်ကော်မတီပေါင်းစုံနဲ့ ကျောင်းသားသမဂ္ဂပေါင်းစုံ အပါအဝင် စုစုပေါင်း တော် လှန်ရေးအင် အားစု ၂၇၃ ခုပါဝင်ပါတယ်။

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ မြန်မာ နိုင်ငံခရီးစဉ်က အာဆီယံရဲ့ ဘုံသဘောတူညီ ချက် ၅ ချက်မှာပါဝင်တဲ့ မြန်မာ နိုင်ငံမှာ အကြ-မ်းဖ-က်တို-က်ခို-က်သ-တ်ဖြ-တ်မှုတွေ ချက်ခြင်းရပ်တန့်ရေးနဲ့ အား လုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ကတိကဝတ်တွေ မရရှိသေးဘဲ သွား ရောက်တာဖြစ်တဲ့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ မကိုက်ညီဘူးလို့ တော်လှန်ရေးအင်အားစုတွေက ထောက်ပြ ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို စစ်တပ်က သဘောတူညီမှုမရှိဘဲ ဟွန်ဆင်အနေနဲ့ အကြမ်းဖက်စစ်ကောင် စီရဲ့ ရက်စက် ယုတ်မာမှုတွေကို ကူညီဖုံးကွယ်ပေးဖို့နဲ့ အာဆီယံအသိုက် အဝန်းထဲ ပြန်ဝင်ရောက်စေဖို့ ကူညီစေရာရောက်နေတယ်လို့ ဆိုထားပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဟွန်ဆင်ကိုယ်တိုင်က ကမ္ဘောဒီးယားနိုင်ငံမှာ ဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံနဲ့ ရာသက်ပန် အာဏာသိမ်းပိုက်ထားသူတစ်ဦးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Zawgyi

ရန္ကုန္၊ ဇန္နဝါရီ ၅ ၊ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကို တရားဝင္မႈရရွိေစဖို႔ ကူညီေနတဲ့ ကလိမ္ကက်စ္ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆင္ ျမန္မာႏိုင္ငံမွာ လုံး၀ ေျခခ်ခြင့္မရေစရဘူးလို႔ ေတာ္လွန္ေရးအင္အားစု ၂၇၃ ခုက စုေပါင္းကန႔္ ကြက္လႊာ ထုတ္ျပန္လိုက္ပါတယ္။ ျမန္မာႏိုင္ငံကို လာေရာက္ဖို႔ရွိေနတဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆင္ကို ျပည္တြင္းမွာ လုံးဝေျခခ်ခြင့္ မရေစေရးအတြက္ ေတာ္လွန္ေရးအင္အားစု အဖြဲ႕ အစည္းေပါင္း ၂၇၃ စုက စုေပါင္းၿပီး

ဇန္နဝါရီလ ၄ ရက္ေန႔မွာ ကန႔္ကြက္လႊာ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆင္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ကို ျပင္းထန္စြာကန႔္ကြတ္ရႈတ္ခ်ေၾကာင္းနဲ႔ လူသ-တ္အၾကမ္းဖက္ စစ္ေကာင္စီကို အားေပးကူညီမယ့္ ဟြန္ဆန္ကို ျမန္မာႏိုင္ငံမွာ လုံးဝေျခခ်ခြင့္ မရေအာင္ နည္းလမ္းေပါင္းစုံနဲ႔ ဆန႔္ က်င္ကန႔္ကြက္သြားမွာ ျဖစ္တဲ့အေၾကာင္း ေတာ္လွန္ေရးအင္ အားစုေတြရဲ႕ သ ေဘာ ထားကို အတိအလင္းထုတ္ျပန္ေၾက ညာပါတယ္။

ေတာ္လွန္ ေရးအင္အားစုေတြထဲမွာ စစ္အာဏာရွင္ ဆန႔္က်င္ေရးျပည္သူ႔အင္ အားမ်ားခ်ိတ္ဆက္ညႇိ ႏႈိင္းေရး ေကာ္မတီ-မႏၲေလး၊ အေထြေထြသပိတ္ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီ (GSCC)၊ ျမန္မာ ႏိုင္ငံ အလုပ္သမားတပ္ေပါင္းစု (LA)၊ သံဃသမဂၢ၊ အဖြဲ႕အစည္းေပါင္းစုံ၊ ကြန္ရက္ေပါင္းစုံ၊ သပိတ္ေကာ္မတီေပါင္းစုံနဲ႔ ေက်ာင္းသားသမဂၢေပါင္းစုံ အပါအဝင္ စုစုေပါင္း ေတာ္ လွန္ေရးအင္ အားစု ၂၇၃ ခုပါဝင္ပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒၊ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ ဟြန္ဆင္ရဲ႕ ျမန္မာ ႏိုင္ငံခရီးစဥ္က အာဆီယံရဲ႕ ဘုံသေဘာတူညီ ခ်က္ ၅ ခ်က္မွာပါဝင္တဲ့ ျမန္မာ ႏိုင္ငံမွာ အၾက-မ္းဖ-က္တို-က္ခို-က္သ-တ္ျဖ-တ္မႈေတြ ခ်က္ျခင္းရပ္တန႔္ေရးနဲ႔ အား လုံး ပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးေရး ကတိကဝတ္ေတြ မရရွိေသးဘဲ သြား ေရာက္တာျဖစ္တဲ့အတြက္ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ခ်က္နဲ႔ မကိုက္ညီဘူးလို႔ ေတာ္လွန္ေရးအင္အားစုေတြက ေထာက္ျပ ပါတယ္။

အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ကို စစ္တပ္က သေဘာတူညီမႈမရွိဘဲ ဟြန္ဆင္အေနနဲ႔ အၾကမ္းဖက္စစ္ေကာင္ စီရဲ႕ ရက္စက္ ယုတ္မာမႈေတြကို ကူညီဖုံးကြယ္ေပးဖို႔နဲ႔ အာဆီယံအသိုက္ အဝန္းထဲ ျပန္ဝင္ေရာက္ေစဖို႔ ကူညီေစရာေရာက္ေနတယ္လို႔ ဆိုထားပါတယ္။ ေတာ္လွန္ေရးအင္အားစုေတြရဲ႕ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ဟြန္ဆင္ကိုယ္တိုင္က ကေမာၻဒီးယားႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ရာထူးကို ကလိမ္ကက်စ္နည္းေပါင္းစုံနဲ႔ ရာသက္ပန္ အာဏာသိမ္းပိုက္ထားသူတစ္ဦးလို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။