စစ်​ကောင်စီကို နှိမ်နင်းရန် တိုက်ခိုက်မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က တရားဝင်ကြေညာ

စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းသွားရန် တိုက်ပွဲများ စတင်တိုက်တော့မည်ဟု ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA)က ယနေ့(ဇန်နဝါရီ ၄ ရက်)ထုတ်ပြန် ကြေညာသည်။

အကြမ်းဖက် စစ်အုပ်စုကို တိုက်ပွဲဆင်နွှဲရာတွင် ဘုံရည် မှန်းချက်တူညီသည့်အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုလုပ်သွားမည်ဖြစ်​ကြောင်း၊ နိုင်ငံရေးရည်မှန်းချက်များအ​နေဖြင့် အာဏာရှင် စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊

လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့်လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တည် ဆောက်ရေးတို့ ဖြစ်​ကြောင်း သိရှိရသည်။

ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ထောင်ရာတွင် ပြည် ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ် ယူနစ်(ဝါ) ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေးနှင့် ပြည်သူ လူထု ၏ လွတ်လပ်မှု၊ လုံခြုံမှုတို့ကို ကာကွယ်စောင့်ရှောက်ရေးတို့ ဖြစ်​ကြောင်း သိရှိရသည်။

ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်တော်(BPLA)ကို ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကာ ၎င်းတို့၏ အကူအညီများဖြင့် ၂၀၂၁ ဧပြီ ၁၇ တွင် စတင်ဖွဲ့စည်းခဲ့​ကြောင်းသိရှိရသည်။

Zawgyi

စစ္​ေကာင္စီကို အျမစ္ျပတ္ႏွိမ္နင္းသြားရန္ တိုက္ပြဲမ်ား စတင္တိုက္ေတာ့မည္ဟု ဗမာျပည္သူ႔ လြတ္ေျမာက္ေရးတပ္ေတာ္ (BPLA)က ယေန႔(ဇန္နဝါရီ ၄ ရက္)ထုတ္ျပန္ ေၾကညာသည္။

အၾကမ္းဖက္ စစ္အုပ္စုကို တိုက္ပြဲဆင္ႏႊဲရာတြင္ ဘုံရည္ မွန္းခ်က္တူညီသည့္အဖြဲ႕အစည္းမ်ားႏွင့္ မဟာမိတ္ျပဳလုပ္သြားမည္ျဖစ္​ေၾကာင္း၊ ႏိုင္ငံေရးရည္မွန္းခ်က္မ်ားအ​ေနျဖင့္ အာဏာရွင္ စနစ္က်ဆုံးၿပီး ျပည္သူလူထုအားလုံးအဖိႏွိပ္ခံဘ၀မွလြတ္ေျမာက္ေရး၊

လူမ်ိဳးႀကီးဝါဒခ်ဳပ္ၿငိမ္းၿပီး တန္းတူညီမွ်မႈႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ရရွိေရး၊ ဒီမိုကေရစီႏွင့္လူ႔ရပိုင္ခြင့္ကို အာမခံသည့္ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံေတာ္သစ္တည္ ေဆာက္ေရးတို႔ ျဖစ္​ေၾကာင္း သိရွိရသည္။

ဖက္ဒရယ္ ျပည္ေထာင္စုသစ္ တည္ေထာင္ရာတြင္ ျပည္ ေထာင္စုအဖြဲ႕ဝင္ ဗမာဖက္ဒရယ္ ယူနစ္(ဝါ) ဗမာျပည္/ဗမာျပည္နယ္ သတ္မွတ္ပါဝင္တည္ေဆာက္ေရးႏွင့္ ျပည္သူ လူထု ၏ လြတ္လပ္မႈ၊ လုံၿခဳံမႈတို႔ကို ကာကြယ္ေစာင့္ေရွာက္ေရးတို႔ ျဖစ္​ေၾကာင္း သိရွိရသည္။

ဗမာ ျပည္သူ႔လြတ္ေျမာက္ေရး တပ္ေတာ္(BPLA)ကို ဗမာမဟုတ္ေသာ တိုင္းရင္းသားလူမ်ိဳးစု လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးကာ ၎တို႔၏ အကူအညီမ်ားျဖင့္ ၂၀၂၁ ဧၿပီ ၁၇ တြင္ စတင္ဖြဲ႕စည္းခဲ့​ေၾကာင္းသိရွိရသည္။