ကြင်စိုးမျက်နှာပုံပါ ဘောလုံးဖြင့် မအလခေါင်းကန် တော်လှန်ရေး ဘောလုံးပြိုင်ပွဲကျင်းပခဲ့တဲ့ မြောင်မြို့နယ် PDF (ရုပ်သံ)

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေး ဘောလုံးပြိုင်ပွဲကျင်းပခဲ့တဲ့ မြောင်မြို့နယ် PDF အောက်ဆုံးတွင် ရုပ်သံဖိုင်ပါရှိပါသည်။ ယနေ့တွင် ကျရောက်သော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့၌ မြောင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် များ၏တော်လှန်ရေးဘောလုံးပြိုင်ပွဲကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲCDSOMမှဦးစီးကျင်းပပြုလုပ်ခဲ့ကြောင်းမြောင်မြို့နယ် CDSOM က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တော်လှန် ရေးဘောလုံးပြိုင်ပွဲကို ပြည်သူများစိုးရိမ်ကြောင့်ကျနေရသောအကြောက်တရားများလျော့နည်းလာစေရန်၊အဖွဲ့အစည်းများ စည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန်၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ အချင်းချင်းပိုမို ရင်နှီးပြီးစိတ်ခွန်အားများ ပိုမိုအားကောင်းလာစေရန်၊ စစ်အာဏာရှင်အားလက်မခံ၊ ငါတို့မြိုနယ်ငါတို့ပိုင်တယ် ဆိုသောသတင်းစကား ပေးပို့ပြီးစိတ်ဓာတ်စစ်ဆင်ရေးတစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ​ဘောလုံးပြိုင်ပွဲတွင် (၁) တောင်ပိုင်းကာကွယ်ရေးဗိုလ်ကျားသစ်အသင်း၊(၂)မြောက်ပိုင်းကာကွယ်ရေးမင်းယက္ခနှင့်ဗိုလ်ဆင်ရိုင်းအသင်း ၊ (၃) အနောက်ပိုင်း ကာကွယ်ရေး မုန်တိုင်းအသင်း ၊(၄) စစ်ဆေးရေးနှင့်ကာကွယ်ရေးဗိုလ်နတ်မြင်းအသင်း ၊(၅) ပြည်သူ့တပ်မတော်မြောင်(ကိုတိုက်ဂါး အသင်း) ၊(၆) မြင်းမူလျှပ်စီးပြောက်ကျား အသင်း ၊

(၇) PDF တလုတ်အသင်း၊(၈) နှလုံးလှလူမိုက်ကြီးများအသင်း ၊(၉)MGN Ranger ၊(၁၀) GGG တောင်ပိုင်းအသင်း ၊(၁၁) 11 Brothers Revolution Force ၊(၁၂) Young Fighters People’s Defenceforce of Myaung ၊(၁၃) TGR ၊(၁၄) ပြောက်ကျားလင်ယုန် ၊(၁၅) တာတေကြီး ၊(၁၆) Myaung Special Peoples Defense force ၊(၁၇) စွန်ရဲအသင်း ၊(၁၈) Myaung Eagle Defense ၊

(၁၉) Myaung Fighter Defense ၊(၂၀) အရှေ့ပိုင်းကာကွယ်ရေး မင်းယက္ခနှင့်ဗိုလ်ဆင်ရိုင်းအသင်း ၊ (၂၁) ဗိုလ်တောက်ထွန်း ပကဖ အသင်း ၊(၂၂) မြောင် လူသားစာနာအသင်း တို့ ပါဝင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်မည့် အမျိုးသမီးအသင်း အနေဖြင့် (၁) ပြန်ကြားရေး နှင့် ဘဏ္ဍာရေး အသင်း ၊(၂) ခွဲမှူး၊စုမှူး၊စိပ်မှူး အသင်း ၊(၃) စစ်သည်တော်အသင်း ၊

(၄) ဒိုင်ယာနာအသင်း စသည့် အသင်းများ ပါဝင်ယှဥ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ဆီမီးဖိုင် နယ်သို့ တက်ရောက်ရသည့်အသင်းသားများအား အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မျက်နှာ ပုံပါ ဘောလုံးဖြင့် ဘောလုံးပွဲကို စတင်ခဲ့ကြောင်း သိရသည်။ အနိုင်ရရှိသည့်အသင်းနှင့် ပွဲစဥ်များကို ဆက်လက် တင်ပြ ပေးသွားမည်ဖြစ်ကြောင်း မြောင်မြို့နယ် CDSOMက သတင်းထုတ်ပြန်ထားသည်။

ရုပ်သံကြည့်ရန်