“နွေဦးကျန်းမာ” ပြည်သူ့ဆေးရုံအား လွတ်မြောက်နယ်မြေတစ်နေရာတွင် စတင်ဖွင့်လှစ်လိုက်ပြီ

တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေအတွင်း နွေဦးကျန်းမာအမည်ဖြင့် ပြည်သူ့ဆေးရုံအား ဇန်နဝါရီ ၄ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ဆေးတက္ကသိုလ်(၂) (Yangon Student Committe)ကထုတ်ပြန်သည်။

အဆိုပါ ဆေးရုံကို ဆေးတက္ကသိုလ်(၂) ရန်ကုန် ကျောင်းသားကော်မတီမှဦးစီး၍ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများဖြင့် ပြည်သူများအား ကုသမှုလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

နွေဦးကျန်းမာ ပြည်သူ့ဆေးရုံကို လက်ရှိတွင် အထွေထွေရောဂါကုနှင့် သင်ကြားရေး ပြည်သူ့ဆေးရုံအဖြစ် ဖွင့်လှစ်ထားသော်လည်း နောက်ပိုင်းတွင် အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခ.ွဲစိတ်ခန်းနှင့်လ.ူန.ာသယ်ယူပို့ဆောင်ရေးစနစ်များအားလည်း ပြင်ဆင်လျက်ရှိပြီး

လိုအပ်သည့် ဆေးဝါးနှင့် စက်ပစ္စည်းများအား တပ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အဆင့်မြှင့်တင်ပြီးပါကကျေးရွာပေါင်း ၃၀ကျော်နှင့် လူဦးရေ ၁၅,၀၀၀ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း

အဆိုပါကော်မတီက ထုတ်ပြန်ထားသည်။ လက်ရှိတွင် နွေဦးကျန်းမာ ပြည်သူ့ဆေးရုံ၌ဆေးဝါးနှင့် အထွေထွေ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်း လှူဒါန်း၍ ဖြည့်ဆည်းပေးရန်လည်း ကော်မတီက မေတ္တာရပ်ခံထားသည်။

Zawgyi

တိုင္းရင္းသားေဒသ လြတ္ေျမာက္နယ္ေျမအတြင္း ေႏြဦးက်န္းမာအမည္ျဖင့္ ျပည္သူ႔ေဆး႐ုံအား ဇန္နဝါရီ ၄ရက္ လြတ္လပ္ေရးေန႔တြင္ စတင္ဖြင့္လွစ္ႏိုင္ၿပီျဖစ္ေၾကာင္း ေဆးတကၠသိုလ္(၂) (Yangon Student Committe)ကထုတ္ျပန္သည္။

အဆိုပါ ေဆး႐ုံကို ေဆးတကၠသိုလ္(၂) ရန္ကုန္ ေက်ာင္းသားေကာ္မတီမွဦးစီး၍ ေစတနာ့ဝန္ထမ္း ဆရာ၊ဆရာမမ်ားျဖင့္ ျပည္သူမ်ားအား ကုသမႈလုပ္ေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။

ေႏြဦးက်န္းမာ ျပည္သူ႔ေဆး႐ုံကို လက္ရွိတြင္ အေထြေထြေရာဂါကုႏွင့္ သင္ၾကားေရး ျပည္သူ႔ေဆး႐ုံအျဖစ္ ဖြင့္လွစ္ထားေသာ္လည္း ေနာက္ပိုင္းတြင္ အတြင္းလူနာဌာန၊ ကေလးကုသေဆာင္၊ ခ.ြဲစိတ္ခန္းႏွင့္လ.ူန.ာသယ္ယူပို႔ေဆာင္ေရးစနစ္မ်ားအားလည္း ျပင္ဆင္လ်က္ရွိၿပီး

လိုအပ္သည့္ ေဆးဝါးႏွင့္ စက္ပစၥည္းမ်ားအား တပ္ဆင္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထိုကဲ့သို႔ အဆင့္ျမႇင့္တင္ၿပီးပါကေက်း႐ြာေပါင္း ၃၀ေက်ာ္ႏွင့္ လူဦးေရ ၁၅,၀၀၀ေက်ာ္ထိ က်န္းမာေရးေစာင့္ေရွာက္မႈ ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း

အဆိုပါေကာ္မတီက ထုတ္ျပန္ထားသည္။ လက္ရွိတြင္ ေႏြဦးက်န္းမာ ျပည္သူ႔ေဆး႐ုံ၌ေဆးဝါးႏွင့္ အေထြေထြ လိုအပ္ခ်က္မ်ား ရွိေနသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ ပူးေပါင္း လႉဒါန္း၍ ျဖည့္ဆည္းေပးရန္လည္း ေကာ္မတီက ေမတၱာရပ္ခံထားသည္။