သူမလိုအမှားမျိုး နောက်လူတွေ ထပ်မမှားမိစေဖို့ ပရိသတ်တွေကို ရင်ဖွင့်စကားပြောလာတဲ့ ဝိုင်းစုခိုင်သိန်း

သူမလိုအမှားမျိုး နောက်လူတွေ ထပ်မမှားမိစေဖို့ ပရိသတ်တွေကို ရင်ဖွင့်စကားပြောလာတဲ့ ဝိုင်းစုခိုင်သိန်း

နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ယနေ့ထက်တိုင် ပရိသတ်တွေကြား နာမည်ကျော်ကြား လူကြိုက်များနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး

သူမဟာ နာမည်ကျော် အဆိုတော်အောင်လနဲ့အတူ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ပိုင်ဆိုင်ထားနိုင်တဲ့သူလေးလည်း ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ အဆိုပညာ ပါရမီ ထူးချွန်လှလွန်းသူချည့်မို့ အရမ်းကို လိုက်ဖက်လှတဲ့ အဆိုရှင်စုံတွဲလို့ သတ်မှတ်ခြင်းခံထားကြရသူတွေလည်း ဖြစ်ပါတယ်။

ဝိုင်းစုဟာ တစ်ချိန်က သီချင်းဗီဒီယိုနှင့် ရုပ်ရှင်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ခုချိန်မှာတော့ သရုပ်ဆောင်ပိုင်းကို ရပ်နားထားပြီး သီချင်းသီဆိုဖျော်ဖြေမှုအပိုင်းကိုသာ ပို၍ အလေးပေးကာ ဆက်တိုက်လုပ်ဆောင်နေတဲ့သူ တစ်ဦးဖြစ်ပါတယ်။သရုပ်ဆောင်ဝိုင်းစုခိုင်းသိန်း ဘဝမှာလည်း အားပေးနှစ်သက်သူတွေ များပြားခဲ့သူတစ်ဦးဖြစ်သော်လည်း သူမဟာ သူမပို၍ ဝါသနာကြီးတဲ့ သီချင်းသီဆိုမှုအတွက် အဆိုတော်လိုင်းကို အပြီးအပိုင် ကူးပြောင်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူမရဲ့ဝါသနာနဲ့ ကြိုးစားအားထုတ်မှု အသံကောင်းမွန်မှုတို့ကြောင့် အားပေးသူများပြားခဲ့တဲ့ သရုပ်ဆောင်ဘဝထက်ကို အဆိုတော်ဘဝမှာ ပို၍သာသော အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့သူတစ်ဦးဖြစ်လာပြန်ပါတယ်နော်။ လုပ်သမျှနီးပါး အောင်မြင်ခဲ့တဲ့အတွက် သူမဟာ စိတ်ချမ်းသာမှုနှင့် ပြီးပြည့်စုံသူလေးလို့ အားလုံးက ထင်မှတ်ထားချိန်မှာပဲ လူတစ်ကိုယ်မှာ အမှားတစ်မျိုးတော့ ပြုလုပ်မိဖူးကြောင်း သူမက သူမရဲ့အကြောင်းလေးနဲ့ ယှဉ်ပြီး မီးမောင်းထိုးပြကာ သံဝေဂစကားလေးတွေနဲ့ အားလုံးသတိထားဆင်ခြင်နိုင်ဖို့ ပြောပြလာခဲ့ပါတယ်။

အစ်မသာ မဖြုန်းတီးမိရင် ဒီ့ထက်ပိုအဆင်ပြေနေမယ်လို့ Branded တွေဝယ်သုံးမိတဲ့အပေါ် သံဝေဂရမိတဲ့အကြောင်း ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်း ဝိုင်းစုက “ကိုယ်ဖြုန်းခဲ့တဲ့အရာတွေလည်းရှိတယ် ငယ်ငယ်တုန်းက လိုချင်တဲ့စိတ်တွေနဲ့Brand တွေလျှောက်ဝယ် နောက်ဆုံးကျရင် အဲ့ဒါတွေက ဘာမှမဟုတ်ဘူး လက်ဝတ်လက်စားလိုနောက်ပိုင်းပြန်ရောင်းလို့လည်း မရဘူး။ Branded ကလည်း Updateအမြဲထွက်နေတာဆိုတော့ ဒိတ်အောက်သွားရင် ကိုယ်လည်းမကိုင်ချင်တော့ဘူးလေ ပျက်စီးသွားမှာလည်း ဆိုးတော့ သူ့ကို ထိန်းသိမ်းရတာလည်း အလုပ်တစ်ခုဖြစ်နေတယ်”လို့ ပြောပြလာခဲ့တာပါ။

သူမအနေနဲ့ ဒီလိုတွေမလုပ်ခဲ့ဘူးဆိုရင် ဒီ့ထက်ပိုပြီး လိုအပ်တဲ့နေရာတွေကို ပိုလှူနိုင်မှာဖြစ်တယ်လို့လည်း သူမဖြုန်းတီးမိတာတွေကို သံဝေဂရမိတဲ့အကြောင်းရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

 

”တချိန်လုံးဝယ်တယ် တချိန်လုံးသုံးတယ် ပြီးတော့ ဘာမှလည်းမကျန်ဘူးလို့ သိလိုက်တဲ့ အချိန်မှာ ဒါတွေကို ရပ်လိုက်တယ်။ အမ ဒါတောင် အွန်လိုင်းကမှာလို့ရတာတွေကို လျှောက်ဝယ်နေမိသေးတယ်။ ဒါပေမယ့်လည်း အခုတော့ အတော်ထိန်းနိုင်နေပါပြီ” လို့ ရှင်းပြလာခဲ့တာပါ။

 

ဒါကတော့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်တဲ့ အသုံးနဲ့အဖြုန်း လွဲမှားကျင့်သုံးမိခဲ့တဲ့ အမှားတစ်ခုကို ကြားသိရသူတွေ ဆင်ခြင်သုံးသပ် သတိထားနိုင်ဝေရန်အတွက် စေတနာတရားနဲ့ ရင်ဖွင့်စကားဆိုလာခဲ့တာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးလည်း ကိုယ့်ဘဝမှာ ဝိုင်းစုနဲ့တိုက်ဆိုင်တာမျိုးရှိခဲ့ရင် အများသိကာ ဆင်ခြင်နိုင်စေဖို့ စေတနာရှေ့ထားပြီး မျှဝေကာ သတိပေးစကားလေးတွေ ဆိုခဲ့ကြပါအုန်းနော်။ ခရက်ဒစ်