သူ့ရဲ့လက်ရှိခံစားနေရတဲ့ အခက်အခဲတွေကို ရင်ဖွင့်လာတဲ့ ဒါရိုက်တာကိုပေါက်

ဒါရိုက်တာ ကိုပေါက်ရဲ့ စိတ်မကောင်းစရာ ရင်ဖွင့်ခဲ့တဲ့ သူ့အကြောင်း။ ပရိသတ်ကြီးရေ…သရုပ်ဆောင်ဒါရိုက်တာကိုပေါက်ကတော့ လူထုအရေးအခင်းကြီး ပေါ်ပေါက်လာက တည်း က ပြည်သူနဲ့အတူရပ်တည်ခဲ့ပြီးလမ်းမပေါ်ထိထွက်ကာ စစ်အာဏာရှင်ကိုလက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကိုပေါက်က မိသားစုနဲ့ ခွဲကာ လွတ်မြောက် နယ်မြေသွားရောက်ပြီး အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ တောထဲကနေ မိသားစုကို လွမ်းတဲ့အကြောင်း အခုလိုရင်ဖွင့်လာပါတယ်။

သားတွေကို လွမ်းရတာများလာတော့ ရင်ထဲလှိုက်လှိုက်ပြီး ဝမ်းနည်းပူဆွေးရတာများလာတယ်။ ကျန်တဲ့နေရေးထိုင်ရေးစားရေးသောက်ရေးအားလုံး အဆင်ပြေအောင် ကျနော် နေတတ်ပါတယ်။ ဒါပေမယ့်မိသားစုကိုလွမ်းရတဲ့အခါ ကျနော်အဆင်မပြေဘူး။

တစ်ချို့တိုင်းရင်းသားကလေးတွေနဲ့ ဘာသာစကားခက်ခဲပေမယ့် ကလေးဆိုတာ လက်သာရင်ကပ်တာပါပဲ။ ကျနော့သားတွေနဲ့စမက်ဒေါင်း မချရတာ ၉လကျော် ၁၀လထဲ့ ရောက် လာတော့ သူနဲ့ချတာပေါ့။

သူနဲ့ စမက်ဒေါင်းချတဲ့အခါ သူပျော်နေတာတွေကကျနော့်သားတွေနဲ့ ချနေရသလိုပါပဲ။ ကလေးတွေရဲ့ သဘောသဘာဝက အတူတူပဲလေ။ အလွမ်းကို သတိရခြင်းတွေ နဲ့ဖြေသိမ့် ရင်း အံကိုတင်းပြီး လက်သီးဆုပ်ထားတယ် ရင်ကိုကော့ပြီး ခေါင်းမော့ထားပါတယ်ဆိုပြီး ကိုပေါက်ကရင်ဖွင့်ထားတာဖြစ်ပါတယ်။

Zawgyi

ဒါ႐ိုက္တာ ကိုေပါက္ရဲ႕ စိတ္မေကာင္းစရာ ရင္ဖြင့္ခဲ့တဲ့ သူ႔အေၾကာင္း။ ပရိသတ္ႀကီးေရ…သ႐ုပ္ေဆာင္ဒါ႐ိုက္တာကိုေပါက္ကေတာ့ လူထုအေရးအခင္းႀကီး ေပၚေပါက္လာက တည္း က ျပည္သူနဲ႔အတူရပ္တည္ခဲ့ၿပီးလမ္းမေပၚထိထြက္ကာ စစ္အာဏာရွင္ကိုလက္မခံေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့တာျဖစ္ပါတယ္။

ေနာက္ပိုင္းမွာ ကိုေပါက္က မိသားစုနဲ႔ ခြဲကာ လြတ္ေျမာက္ နယ္ေျမသြားေရာက္ၿပီး အမွန္တရားအတြက္ ဆက္လက္တိုက္ပြဲဝင္ေနတာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေတာထဲကေန မိသားစုကို လြမ္းတဲ့အေၾကာင္း အခုလိုရင္ဖြင့္လာပါတယ္။

သားေတြကို လြမ္းရတာမ်ားလာေတာ့ ရင္ထဲလႈိက္လႈိက္ၿပီး ဝမ္းနည္းပူေဆြးရတာမ်ားလာတယ္။ က်န္တဲ့ေနေရးထိုင္ေရးစားေရးေသာက္ေရးအားလုံး အဆင္ေျပေအာင္ က်ေနာ္ ေနတတ္ပါတယ္။ ဒါေပမယ့္မိသားစုကိုလြမ္းရတဲ့အခါ က်ေနာ္အဆင္မေျပဘူး။

တစ္ခ်ိဳ႕တိုင္းရင္းသားကေလးေတြနဲ႔ ဘာသာစကားခက္ခဲေပမယ့္ ကေလးဆိုတာ လက္သာရင္ကပ္တာပါပဲ။ က်ေနာ့သားေတြနဲ႔စမက္ေဒါင္း မခ်ရတာ ၉လေက်ာ္ ၁၀လထဲ့ ေရာက္ လာေတာ့ သူနဲ႔ခ်တာေပါ့။

သူနဲ႔ စမက္ေဒါင္းခ်တဲ့အခါ သူေပ်ာ္ေနတာေတြကက်ေနာ့္သားေတြနဲ႔ ခ်ေနရသလိုပါပဲ။ ကေလးေတြရဲ႕ သေဘာသဘာဝက အတူတူပဲေလ။ အလြမ္းကို သတိရျခင္းေတြ နဲ႔ေျဖသိမ့္ ရင္း အံကိုတင္းၿပီး လက္သီးဆုပ္ထားတယ္ ရင္ကိုေကာ့ၿပီး ေခါင္းေမာ့ထားပါတယ္ဆိုၿပီး ကိုေပါက္ကရင္ဖြင့္ထားတာျဖစ္ပါတယ္။