ပြည်သူတွေကို ပြင်းထန်တဲ့တုန့်ပြန်မှုတွေလုပ်တော့မယ့် သရုပ်ဆောင်နေခြည်ဦး
ပရိတ်သတ်ကြီးရေ…သရုပ်ဆောင် နေခြည်ဦးဟာဆိုရင် ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကြားမှာ အနုပညာအလုပ်တွေနဲ့ဆက်လက်ရပ်တည်နေခဲ့သူတယောက်ဖြစ်ပါတယ်။ သူမဟာ အာဏာသိမ်းစဥ် ကာလအတွင်း လက်သုံးချောင်းထောင်တဲ့ကမ်ပိန်းမှာ
ပါဝင်ခဲ့ပေမယ့် ပရိတ်သတ်တွေကတော့ လုံးဝလက်မခံခဲ့တော့ပါဘူး။ သူမဟာ နိုင်ငံခြားစျေးဝယ်ထွက်တာတွေ ကမ်းခြေမှာ အပန်းဖြေတာတွေနဲ့ အချိန်ကုန်နေခဲ့တဲ့အတွက် ပြည်သူတွေက လက်မခံကြတော့တာလဲဖြစ်ပါတယ်။
သူမရဲ့ blue mark ပါတဲ့ဖေ့ဘွတ်ခ် အကောင့်အပိတ်ခံရတဲ့အထိ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကြောင့် အခုချိန်မှာတော့သူမအနေနဲ့ဘယ်သူကိုမှအရေးမလုပ်တော့ပါဘူး။ သူမအနေနဲ့ စာတစောင်ထုတ်ပြန်ခဲ့ရတဲ့အထိ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ လုပ်ခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီအမိန့်စာမှာတော့ သူမကိုဝေဖန်သူနဲ့ သူမအကြောင်းရေးသားဖြန့်ဝေသူတွေကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနဲ့ သူမကို တိုက်ခိုက်ပြစ်တင်သူတွေကိုလဲ အရေး ယူသွားမည်ဖြစ်ကြောင်းတို့ပါဝင်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လဲ သူမကိုမဝေဖန်မိကြစေဖို့ပြန်လည်မျှဝေလိုက်ရပါတယ်နော်။
Zawgyi