ဦးပိန်တံတားပေါ်ကနေ ပြုတ်ကျသွားခဲ့တဲ့ ကလေးတစ်ဦးရဲ့ အသက်ကို သူရဲကောင်းဆန်ဆန် ကယ်တင်ပေးခဲ့တဲ့ ဆရာတော်နှစ်ပါးနဲ့ လူငယ်တစ်ဦး

ဦးပိန်တံတား ပေါ်ကနေ ပြုတ်ကျသွားခဲ့တဲ့ ကလေးတစ်ဦးရဲ့ အသက်ကို သူရဲကောင်းဆန်ဆန် ကယ်တင်ပေးခဲ့တဲ့ ဆရာတော်နှစ်ပါးနဲ့ လူငယ်တစ်ဦး ယမန်နေ့က သူရဲကောင်းဆန် တဲ့ လေးစားစရာ လုပ်ရက်လေးတစ်ခုကို ဆရာတော်တစ်ပါးက လူမှုကွန်ယက်ပေါ်မှာ ဂုဏ်ယူစွာဖြင့် တင်ပေးလာတာ တွေ့ရပါတယ်။

ဒါကတော့ ကလေးငယ်တစ်ဦးရဲ့ အသက်ကို ဆရာတော်နှစ်ပါးနဲ့ လူငယ်တစ်ဦးက ကယ်တင်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ ဒီဖြစ်ရပ်လေးကတော့ ဦးပိန်တံတားပေါ်မှာ ဆော့ကစားနေ ကြတဲ့ ကလေးနှစ်ယောက်ထဲက အငယ်ဆုံးလို့ယူဆရတဲ့ တစ်ယောက်ဟာ တံတားအောက်ကို ချော်ကျသွားခဲ့တာပါ။

ဒီလို ချော်ကျသွားတာနဲ့ အကြီးဖြစ်သူမှ အနီးပတ်ဝန်းကျင်ကို အော်ပြီးအကူအညီတောင်းရာကနေ တံတားပေါ်မှာ လမ်းလျှောက်နေတဲ့ ဆရာတော်နှစ်ပါးနဲ့ လူငယ်တစ်ဦးတို့က တွေ့ရှိသွားခဲ့တာကြောင့်

ချက်ချင်းဆိုသလို အလျင်အမြန် ရေထဲခုန်ဆင်းပြီး ပြုတ်ကျသွားတဲ့ ကလေးငယ်ရဲ့ အသက်ကို သူတို့ရဲ့ အသက်တွေနဲ့ရင်းကာ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ တံတားအောက် ကို တော့ ဆရာတော်တစ်ပါးနဲ့ လူငယ်တစ်ဦးက ဆင်းကယ်ပြီး ကျန်ရှိနေတဲ့ ဆရာတော်တစ်ပါးက အပေါ်ကနေ ကလေးငယ်ကို ဆွဲတင်ပေးခဲ့တာလို့ သိရပါတယ်။

ကလေးငယ် ရေထဲပြုတ်ကျသွားတဲ့ အနီးအနားမှာလည်း ဆရာတော်နှစ်ပါးနဲ့ လူငယ်တစ်ဦးတို့မှလွဲ၍ အခြားသွားလာသူတွေမရှိဘူးလို့လည်း ဆရာတော်ရဲ့ ရေးသားချက်တွေ အရ သိရပါတယ်။

 

ကလေးငယ်ရဲ့ အသက်ကို သူရဲကောင်းဆန်ဆန် ကယ်တင်ပေးခဲ့တဲ့ ဆရာတော်နှစ်ပါးနဲ့ လူငယ်တစ်ဦးတို့ရဲ့ လေးစားစရာလုပ်ရက်လေးကို လူမှုကွန်ယက် အသုံးပြုသူတွေက လည်း ချီးကျူးဂုဏ်ပြု ခဲ့ကြတာကို တွေ့ရပါတယ်။

Zawgyi

ဦးပိန္တံတား ေပၚကေန ျပဳတ္က်သြားခဲ့တဲ့ ကေလးတစ္ဦးရဲ႕ အသက္ကို သူရဲေကာင္းဆန္ဆန္ ကယ္တင္ေပးခဲ့တဲ့ ဆရာေတာ္ႏွစ္ပါးနဲ႔ လူငယ္တစ္ဦး ယမန္ေန႔က သူရဲေကာင္းဆန္ တဲ့ ေလးစားစရာ လုပ္ရက္ေလးတစ္ခုကို ဆရာေတာ္တစ္ပါးက လူမႈကြန္ယက္ေပၚမွာ ဂုဏ္ယူစြာျဖင့္ တင္ေပးလာတာ ေတြ႕ရပါတယ္။

ဒါကေတာ့ ကေလးငယ္တစ္ဦးရဲ႕ အသက္ကို ဆရာေတာ္ႏွစ္ပါးနဲ႔ လူငယ္တစ္ဦးက ကယ္တင္ခဲ့တဲ့ ျဖစ္ရပ္ေလးပါ။ ဒီျဖစ္ရပ္ေလးကေတာ့ ဦးပိန္တံတားေပၚမွာ ေဆာ့ကစားေန ၾကတဲ့ ကေလးႏွစ္ေယာက္ထဲက အငယ္ဆုံးလို႔ယူဆရတဲ့ တစ္ေယာက္ဟာ တံတားေအာက္ကို ေခ်ာ္က်သြားခဲ့တာပါ။

ဒီလို ေခ်ာ္က်သြားတာနဲ႔ အႀကီးျဖစ္သူမွ အနီးပတ္ဝန္းက်င္ကို ေအာ္ၿပီးအကူအညီေတာင္းရာကေန တံတားေပၚမွာ လမ္းေလွ်ာက္ေနတဲ့ ဆရာေတာ္ႏွစ္ပါးနဲ႔ လူငယ္တစ္ဦးတို႔က ေတြ႕ရွိသြားခဲ့တာေၾကာင့္

ခ်က္ခ်င္းဆိုသလို အလ်င္အျမန္ ေရထဲခုန္ဆင္းၿပီး ျပဳတ္က်သြားတဲ့ ကေလးငယ္ရဲ႕ အသက္ကို သူတို႔ရဲ႕ အသက္ေတြနဲ႔ရင္းကာ ကယ္တင္ေပးႏိုင္ခဲ့ပါတယ္။ တံတားေအာက္ ကို ေတာ့ ဆရာေတာ္တစ္ပါးနဲ႔ လူငယ္တစ္ဦးက ဆင္းကယ္ၿပီး က်န္ရွိေနတဲ့ ဆရာေတာ္တစ္ပါးက အေပၚကေန ကေလးငယ္ကို ဆြဲတင္ေပးခဲ့တာလို႔ သိရပါတယ္။

ကေလးငယ္ ေရထဲျပဳတ္က်သြားတဲ့ အနီးအနားမွာလည္း ဆရာေတာ္ႏွစ္ပါးနဲ႔ လူငယ္တစ္ဦးတို႔မွလြဲ၍ အျခားသြားလာသူေတြမရွိဘူးလို႔လည္း ဆရာေတာ္ရဲ႕ ေရးသားခ်က္ေတြ အရ သိရပါတယ္။

ကေလးငယ္ရဲ႕ အသက္ကို သူရဲေကာင္းဆန္ဆန္ ကယ္တင္ေပးခဲ့တဲ့ ဆရာေတာ္ႏွစ္ပါးနဲ႔ လူငယ္တစ္ဦးတို႔ရဲ႕ ေလးစားစရာလုပ္ရက္ေလးကို လူမႈကြန္ယက္ အသုံးျပဳသူေတြက လည္း ခ်ီးက်ဴးဂုဏ္ျပဳ ခဲ့ၾကတာကို ေတြ႕ရပါတယ္။