နွေဦးတော်လှန်ရေး ဘယ်အခြေအနေရောက်နေသလဲဆိုရင်

မြန်မာနိုင်ငံမှာ အကြိမ်ကြိမ်အာဏာသိမ်းခဲ့ဘူးတယ် ။ မြန်မာပြည်သူတွေရဲ့ ဘာသာရေးကိုင်းရှိုင်းမှု့ကိုသိနေတဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတိုင်း ဘာသာရေးသမားတွေနဲ့ အကာအကွယ်ယူတယ်။ ဘာသာရေးသမားတွေကလည်း အာဏာရှင်အလိုကျ ” ဝဋ်ရှိလို့ခံရတာ ၊ သူ့အပြစ်သူခံရလိမ့်မယ် ” ဆိုတဲ့ စကားလုံးနဲ့ မှိုင်းသွင်းခဲ့ကြတယ်။ ဒါ့ကြောင့် လည်း မြန်မာစစ်တပ်ဟာ အာဏာသိမ်းဖို့ကို လက်ရက်ဇက်ရဲနိုင်လောက်အောင်ကို ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဘူး။

( 2003 ခုနှစ်လောက်က ထင်ပါတယ်။ အာဖဂန် နယ်မြေထဲကို အမေရိကန်တပ်တွေ ဗုံးမိုးရွာတော့ အမေရိကန်ဆန့်ကျင်သူအချို့က ” ဘာမှမရှိတဲ့ ကန္တာရထဲမှာ ငွေကုန်ခံပြီး ဗုံးမိုးရွာနေတာ … သောက်ရူး ” တဲ့ ။ အဲ့ဒီအချိန်မှာ ဒိတ်ဒိတ် ဆိုတဲ့ အသက်ငယ်ငယ်ကောင်လေးက” မဟုတ်ဘူးဗျ …၊ အမေရိကန်မှာ ဒါတွေရှိတယ်ဆိုတာ အကြောင်းသိအောင် ပြနေတာဗျ ….၊ အဲ့ဒီလို ပြပေးမှ ဝပ်သွားမှာ ” တဲ့ ။ ဒီလိုပါပဲ ။

စာရေးသူတို့ ငယ်ငယ်က ဘာသာရေးသမားတွေ နှစ်သိမ့်ပေးတဲ့ ” ဝဋ်ရှိလို့ ခံရတယ်လို့ သဘောထားလိုက်ပါကွာ ” ဆိုတာ အားမတန်လို့ ပြိုင်မတုနဲ့တော့လို့ နှစ်သိမ့်ပေးတာပါ။ တကယ်တော့ ကိုယ်ခံရတာကို ဘယ်တန်ခိုးရှင်ကမှ ကူညီပြီး တိုက်ခိုက်ပေးမှာ မဟုတ်ပါဘူး ။ ကိုယ်တိုင် ခုခံ ကာကွယ် တုန့်ပြန်မှ နောက်တစ်ကြိမ် မလုပ်ရဲမှာပါ။ အာဏာသိမ်း ခံရတာလည်း ဒီသဘောပါပဲ။ )

ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှာလည်း အရင်လို တဖြည်းဖြည်း တည်ငြိမ်သွားလိမ့်မယ်လို့ ထင်ခဲ့ပုံရတယ် ။ နိုင်ငံရေးနဲ့ နယ်ပယ်အသီးသီးက ထင်ရှားသူတွေကို စည်းရုံးမယ် ၊ ဖမ်းမယ်။ ပြီးရင် ပြည်သူတွေကိုချော့မယ်။ တည်ငြိမ်စပြုလာတဲ့အခါ တက်ကြွသူတွေကို နှိပ်ကွပ်မယ်။ စျေးတွေမီးရှို့မယ်။ ဝန်ထမ်းတွေ နယ်ပြောင်းခိုင်းမယ်။ ကျောင်းတွေနဲ့ ဋ္ဌာနဆိုင်ရာတွေမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကျောင်းအုပ်နဲ့ ဋ္ဌာနတွေမှာ မိုးကျရွှေကိုယ်တွေနဲ့ အစားထိုးမယ်။

ပြီးရင် လမ်းတွေဖောက်ဖို့ လုပ်အားပေးခိုင်းမယ်။ ပြည်သူတွေကို လုပ်အားပေးတွေ အချိန်ပေးခိုင်းပြီး စားဝတ်နေရေး ခက်ခဲအောင်လုပ်မယ်။ တက်ကြွတဲ့ရပ်ကွက်တွေကို ကျူးကျော်ဆိုပြီး ဖျက်မယ်။ စားဝတ်နေရေးခက်ခဲပြီး နိုင်ငံရေးကို အာရုံမစိုက်နိုင်အောင် သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေပါ။ နွေဦးတော်လှန်ရေးကိုလည်း ဒီလိုအစီအစဉ်နဲ့ တဖြည်းဖြည်း အဏာတည်လို့ရအောင် စီစဉ်ထားမှာ မလွဲပါဘူး ။

သို့ပေမယ့် ၊ နွေဦးတော်လှန်ရေးဟာ မြန်မာစစ်တပ်က ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့တယ်။ ဖေဖော်ဝါရီမှာ လမ်းပေါ်ကို ပြည်သူတွေထွက်လာတယ်။ ရက်ပိုင်းလောက်ကြာ တော့ လူစုကွဲသွားလိမ့်မယ်အထင်နဲ့ မြသွဲ့သွဲ့ခိုင် ၊ ဝေယံထွန်း ၊ ကြယ်စင်တို့ကို ဦးခေါင်းချိန်ပြီး ပစ်ပြတယ် ။ ထင်သလိုမဖြစ်ပဲ ဂျင်နရေးရှင်း ဇီ က လက်နက်ကိုင်ဖို့ စီစဉ်တယ် ။ တိုင်းရင်းသားလက်နက်ကိုင်တွေက စစ်ရေးအကူအညီပေးတယ်။

ကချင် ၊ ကရင် ၊ ကယားက အများဆုံး စစ်ရေးကူညီတယ်။ ချင်းပြည်နယ်က ပြည်နယ်လုံးကျွတ် တော်လှန်တယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီ လက်နက်ကိုင် တွေ အပြင်ကို အလွယ်တကူ မထွက်ရဲဘူး။ နိုင်ငံတကာဇာတ်ခုံပေါ်ကို ဒေါက်တာဆာဆာ ရောက်သွားတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသံအမတ်အနေနဲ့ ဆက်လက်ရရှိထားတယ်။

ကုလအပါအဝင် နိုင်ငံတကာက ရွေးကောက်ခံအစိုးရကိုသာ အစိုးရအဖြစ် ဆက်လက်အသိအမှတ်ပြုနေတော့ စစ်ကောင်စီကို လက်နက်ကိုင်ပြီး ခုခံတာဟာ တည်ဆဲအစိုးရကို ကာကွယ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုတယ်။ ဒီအခြေအနေဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလကို ကပ်လာခဲ့ပြီ။ ဆိုတော့ ….၊ နွေဦးတော်လှန်ရေး ဘယ်အခြေအနေ ရောက်နေသလဲဆိုရင် …၊ ” စစ်ကောင်စီ လုံးဝ ကျရှုံးသွားပါပြီ “။

ခေတ်အဆက်ဆက်မှာ ပြည်သူကမွေးတဲ့ သားသမီးတွေဆိုတဲ့စိတ်နဲ့ ကရုဏာသက်ခံခဲ့ရတဲ့ မြန်မာစစ်တပ်ကို စစ်တပ်နဲ့ ပတ်သက်သူတွေတောင် အော့နှလုံးနာသွားကြပါတယ်။ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ လုံးဝအဖတ်ဆယ်လို့ မရတော့ပါဘူး။ မြန်မာစစ်တပ်ရဲ့ ဂုဏ်သိက္ခာဟာ ပြည်တွင်းမှာသာမကပဲ ပြည်ပနိုင်ငံတွေအနေနဲ့လည်း နိုင်ငံတကာ တရားရုံးအထိ တင်နိုင်ဖို့ တောင်းဆိုနေကြပါပြီ။ တရားစွဲထားပြီးပါပြီ။

ဇန်န္တဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ သဝဏ်လွှာပို့ခဲ့တဲ့နိုင်ငံက ၅ နိုင်ငံသာ ရှိခဲ့ပါတယ်။ အားကိုးနေတဲ့ တရုတ်နိုင်ငံကတောင် မပို့ခဲ့ပါဘူး။ ကမ္ဘာ့ပုလိပ်ကြီး အမေရိကန်ကတော့ ပြည်သူတွေဆီကို ပြောင်ပြောင်တင်းတင်းနဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီအခြေအနေကို ကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးရဲ့ ပွဲသိမ်းကို မြင်နိုင်ကြလိမ့်မယ်ထင်ပါတယ်။

မနေ့ကတော့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားက ဟွန်ဆန်ရောက်လာခဲ့ပါတယ်။ အာဆီယံပါလီမန်များအဖွဲ့ ( APHR ) က ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကို ” ကောင်းဘွိုင် သံတမန်နည်းလမ်း ” လို့ ဝေဖန်ထားပါတယ်။ ဟွန်ဆန်ရဲ့ ခရီးစဉ်အပေါ်ကနေ အာဏာသိမ်းစစ်တပ်နဲ့ သဘောတူခဲ့သမျှတွေကို အသိအမှတ်မပြုနိုင်ဘူးလို့ အသိပေးထားပါတယ်။ ကမ္ဘာတစ်လွှားက လူ့အခွင့်အရေးအဖွဲ့အားလုံးက ဟွန်ဆန်ကို ကောင်းဘွိုင်သံတမန် ( တစ်ကိုယ်တော် ရမ်းကားသူ )လို့ ဝေဖန်ထားကြပါတယ် ။

ဒီလို ကမ္ဘာကြီးတစ်ခုလုံးက အာဏာသိမ်းစစ်တပ်ကို လူရာသွင်းချင်နေတယ်လို့ လူမှု့ကွန်ယက်နဲ့ နိုင်ငံတကာသတင်းတွေမှာ ဝေဖန်ခံနေရပြီး ၊ ဇရှိတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှု့တွေကိုလည်း ခံနေရတဲ့အတွက် ” ဟွန်ဆန်ဟာ နေပြည်တော်ကို ဒေါသတကြီးနဲ့ ရောက်လာတယ် ” လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခံနေရပါတယ်။ ဆိုရရင် …..၊ နွေဦးတော်လှန်ရေး အခြေအနေဘယ်လိုလဲ …?ဆိုတဲ့

မေးခွန်းအတွက် ဟွန်ဆန်ရဲ့အဖြစ်ကို ကြည့်မယ်ဆိုရင် သဘောပေါက်နိုင်ပါလိမ့်မယ်။ ကမ္ဘာပေါ်က လူ ၅ ယောက်လောက်ကလွှဲပြီး မြန်မာစစ်ကောင်စီကို ဘယ်သူကမှ အသိအမှတ်ပြု မဆက်ဆံရဲပါဘူး။ ဒီအခြေအနေကို သိမြင်လာတဲ့ တပ်တွင်း လက်နက်ကိုင်မိသားစုတွေရဲ့ မကျေနပ်သံတွေလည်း ကြားလာရပါပြီ။ တပ်ချုပ်ကတော့ အောက်ခြေကို အစွမ်းကုန်ဖိခိုင်းနေပါတယ်။

သို့ပေမယ့် PDF တွေကလည်း အချိန်ကြာလာတာနဲ့အမျှ အတောင်စုံလာပါတယ်။ အနှစ်ချုပ်ရရင် ….. ၊ ပြည်တွင်း ပြည်ပ တုန့်ပြန်မှု့တွေဟာ ဒီတစ်ခါ အာဏာသိမ်းမှု့ကို လုံးဝ ရိုက်ချိုးနိုင်ပါလိမ့်မယ်။

Zawgyi

ျမန္မာႏိုင္ငံမွာ အႀကိမ္ႀကိမ္အာဏာသိမ္းခဲ့ဘူးတယ္ ။ ျမန္မာျပည္သူေတြရဲ႕ ဘာသာေရးကိုင္းရႈိင္းမႈ႕ကိုသိေနတဲ့ ျမန္မာစစ္တပ္ဟာ အာဏာသိမ္းၿပီးတိုင္း ဘာသာေရးသမားေတြနဲ႔ အကာအကြယ္ယူတယ္။ ဘာသာေရးသမားေတြကလည္း အာဏာရွင္အလိုက် ” ဝဋ္ရွိလို႔ခံရတာ ၊ သူ႔အျပစ္သူခံရလိမ့္မယ္ ” ဆိုတဲ့ စကားလုံးနဲ႔ မႈိင္းသြင္းခဲ့ၾကတယ္။ ဒါ့ေၾကာင့္ လည္း ျမန္မာစစ္တပ္ဟာ အာဏာသိမ္းဖို႔ကို လက္ရက္ဇက္ရဲႏိုင္ေလာက္ေအာင္ကို ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ခဲ့ဘူး။

( 2003 ခုႏွစ္ေလာက္က ထင္ပါတယ္။ အာဖဂန္ နယ္ေျမထဲကို အေမရိကန္တပ္ေတြ ဗုံးမိုး႐ြာေတာ့ အေမရိကန္ဆန္႔က်င္သူအခ်ိဳ႕က ” ဘာမွမရွိတဲ့ ကႏၲာရထဲမွာ ေငြကုန္ခံၿပီး ဗုံးမိုး႐ြာေနတာ … ေသာက္႐ူး ” တဲ့ ။ အဲ့ဒီအခ်ိန္မွာ ဒိတ္ဒိတ္ ဆိုတဲ့ အသက္ငယ္ငယ္ေကာင္ေလးက” မဟုတ္ဘူးဗ် …၊ အေမရိကန္မွာ ဒါေတြရွိတယ္ဆိုတာ အေၾကာင္းသိေအာင္ ျပေနတာဗ် ….၊ အဲ့ဒီလို ျပေပးမွ ဝပ္သြားမွာ ” တဲ့ ။ ဒီလိုပါပဲ ။

စာေရးသူတို႔ ငယ္ငယ္က ဘာသာေရးသမားေတြ ႏွစ္သိမ့္ေပးတဲ့ ” ဝဋ္ရွိလို႔ ခံရတယ္လို႔ သေဘာထားလိုက္ပါကြာ ” ဆိုတာ အားမတန္လို႔ ၿပိဳင္မတုနဲ႔ေတာ့လို႔ ႏွစ္သိမ့္ေပးတာပါ။ တကယ္ေတာ့ ကိုယ္ခံရတာကို ဘယ္တန္ခိုးရွင္ကမွ ကူညီၿပီး တိုက္ခိုက္ေပးမွာ မဟုတ္ပါဘူး ။ ကိုယ္တိုင္ ခုခံ ကာကြယ္ တုန္႔ျပန္မွ ေနာက္တစ္ႀကိမ္ မလုပ္ရဲမွာပါ။ အာဏာသိမ္း ခံရတာလည္း ဒီသေဘာပါပဲ။ )

ေဖေဖာ္ဝါရီ အာဏာသိမ္းခ်ိန္မွာလည္း အရင္လို တျဖည္းျဖည္း တည္ၿငိမ္သြားလိမ့္မယ္လို႔ ထင္ခဲ့ပုံရတယ္ ။ ႏိုင္ငံေရးနဲ႔ နယ္ပယ္အသီးသီးက ထင္ရွားသူေတြကို စည္း႐ုံးမယ္ ၊ ဖမ္းမယ္။ ၿပီးရင္ ျပည္သူေတြကိုေခ်ာ့မယ္။ တည္ၿငိမ္စျပဳလာတဲ့အခါ တက္ႂကြသူေတြကို ႏွိပ္ကြပ္မယ္။ ေစ်းေတြမီးရႈိ႕မယ္။ ဝန္ထမ္းေတြ နယ္ေျပာင္းခိုင္းမယ္။ ေက်ာင္းေတြနဲ႔ ႒ာနဆိုင္ရာေတြမွာ စစ္တပ္နဲ႔ ပတ္သက္တဲ့ ေက်ာင္းအုပ္နဲ႔ ႒ာနေတြမွာ မိုးက်ေ႐ႊကိုယ္ေတြနဲ႔ အစားထိုးမယ္။

ၿပီးရင္ လမ္းေတြေဖာက္ဖို႔ လုပ္အားေပးခိုင္းမယ္။ ျပည္သူေတြကို လုပ္အားေပးေတြ အခ်ိန္ေပးခိုင္းၿပီး စားဝတ္ေနေရး ခက္ခဲေအာင္လုပ္မယ္။ တက္ႂကြတဲ့ရပ္ကြက္ေတြကို က်ဴးေက်ာ္ဆိုၿပီး ဖ်က္မယ္။ စားဝတ္ေနေရးခက္ခဲၿပီး ႏိုင္ငံေရးကို အာ႐ုံမစိုက္ႏိုင္ေအာင္ သူတို႔လုပ္ခဲ့တဲ့ လုပ္ရပ္ေတြပါ။ ေႏြဦးေတာ္လွန္ေရးကိုလည္း ဒီလိုအစီအစဥ္နဲ႔ တျဖည္းျဖည္း အဏာတည္လို႔ရေအာင္ စီစဥ္ထားမွာ မလြဲပါဘူး ။

သို႔ေပမယ့္ ၊ ေႏြဦးေတာ္လွန္ေရးဟာ ျမန္မာစစ္တပ္က ထင္မွတ္မထားတာေတြ ျဖစ္လာခဲ့တယ္။ ေဖေဖာ္ဝါရီမွာ လမ္းေပၚကို ျပည္သူေတြထြက္လာတယ္။ ရက္ပိုင္းေလာက္ၾကာ ေတာ့ လူစုကြဲသြားလိမ့္မယ္အထင္နဲ႔ ျမသြဲ႕သြဲ႕ခိုင္ ၊ ေဝယံထြန္း ၊ ၾကယ္စင္တို႔ကို ဦးေခါင္းခ်ိန္ၿပီး ပစ္ျပတယ္ ။ ထင္သလိုမျဖစ္ပဲ ဂ်င္နေရးရွင္း ဇီ က လက္နက္ကိုင္ဖို႔ စီစဥ္တယ္ ။ တိုင္းရင္းသားလက္နက္ကိုင္ေတြက စစ္ေရးအကူအညီေပးတယ္။

ကခ်င္ ၊ ကရင္ ၊ ကယားက အမ်ားဆုံး စစ္ေရးကူညီတယ္။ ခ်င္းျပည္နယ္က ျပည္နယ္လုံးကြၽတ္ ေတာ္လွန္တယ္။ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းမွာ စစ္ေကာင္စီ လက္နက္ကိုင္ ေတြ အျပင္ကို အလြယ္တကူ မထြက္ရဲဘူး။ ႏိုင္ငံတကာဇာတ္ခုံေပၚကို ေဒါက္တာဆာဆာ ေရာက္သြားတယ္။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ကုလသံအမတ္အေနနဲ႔ ဆက္လက္ရရွိထားတယ္။

ကုလအပါအဝင္ ႏိုင္ငံတကာက ေ႐ြးေကာက္ခံအစိုးရကိုသာ အစိုးရအျဖစ္ ဆက္လက္အသိအမွတ္ျပဳေနေတာ့ စစ္ေကာင္စီကို လက္နက္ကိုင္ၿပီး ခုခံတာဟာ တည္ဆဲအစိုးရကို ကာကြယ္တယ္လို႔ ႏိုင္ငံတကာက အသိအမွတ္ျပဳတယ္။ ဒီအေျခအေနဟာ တစ္ႏွစ္ဆိုတဲ့ အခ်ိန္ကာလကို ကပ္လာခဲ့ၿပီ။ ဆိုေတာ့ ….၊ ေႏြဦးေတာ္လွန္ေရး ဘယ္အေျခအေန ေရာက္ေနသလဲဆိုရင္ …၊ ” စစ္ေကာင္စီ လုံးဝ က်ရႈံးသြားပါၿပီ “။

ေခတ္အဆက္ဆက္မွာ ျပည္သူကေမြးတဲ့ သားသမီးေတြဆိုတဲ့စိတ္နဲ႔ က႐ုဏာသက္ခံခဲ့ရတဲ့ ျမန္မာစစ္တပ္ကို စစ္တပ္နဲ႔ ပတ္သက္သူေတြေတာင္ ေအာ့ႏွလုံးနာသြားၾကပါတယ္။ ျမန္မာစစ္တပ္ရဲ႕ ဂုဏ္သိကၡာဟာ လုံးဝအဖတ္ဆယ္လို႔ မရေတာ့ပါဘူး။ ျမန္မာစစ္တပ္ရဲ႕ ဂုဏ္သိကၡာဟာ ျပည္တြင္းမွာသာမကပဲ ျပည္ပႏိုင္ငံေတြအေနနဲ႔လည္း ႏိုင္ငံတကာ တရား႐ုံးအထိ တင္ႏိုင္ဖို႔ ေတာင္းဆိုေနၾကပါၿပီ။ တရားစြဲထားၿပီးပါၿပီ။

ဇန္ႏၲဝါရီ ၄ ရက္ေန႔မွာ က်ေရာက္တဲ့ လြတ္လပ္ေရးေန႔မွာ သဝဏ္လႊာပို႔ခဲ့တဲ့ႏိုင္ငံက ၅ ႏိုင္ငံသာ ရွိခဲ့ပါတယ္။ အားကိုးေနတဲ့ တ႐ုတ္ႏိုင္ငံကေတာင္ မပို႔ခဲ့ပါဘူး။ ကမာၻ႔ပုလိပ္ႀကီး အေမရိကန္ကေတာ့ ျပည္သူေတြဆီကို ေျပာင္ေျပာင္တင္းတင္းနဲ႔ လြတ္လပ္ေရးေန႔ သဝဏ္လႊာ ေပးပို႔ခဲ့ပါတယ္။ ဒီအေျခအေနကို ၾကည့္မယ္ဆိုရင္ ေႏြဦးေတာ္လွန္ေရးရဲ႕ ပြဲသိမ္းကို ျမင္ႏိုင္ၾကလိမ့္မယ္ထင္ပါတယ္။

မေန႔ကေတာ့ အာဆီယံဥကၠ႒ တာဝန္ယူထားတဲ့ ကေမာၻဒီးယားက ဟြန္ဆန္ေရာက္လာခဲ့ပါတယ္။ အာဆီယံပါလီမန္မ်ားအဖြဲ႕ ( APHR ) က ဟြန္ဆန္ရဲ႕ ျမန္မာခရီးစဥ္ကို ” ေကာင္းဘြိဳင္ သံတမန္နည္းလမ္း ” လို႔ ေဝဖန္ထားပါတယ္။ ဟြန္ဆန္ရဲ႕ ခရီးစဥ္အေပၚကေန အာဏာသိမ္းစစ္တပ္နဲ႔ သေဘာတူခဲ့သမွ်ေတြကို အသိအမွတ္မျပဳႏိုင္ဘူးလို႔ အသိေပးထားပါတယ္။ ကမာၻတစ္လႊားက လူ႔အခြင့္အေရးအဖြဲ႕အားလုံးက ဟြန္ဆန္ကို ေကာင္းဘြိဳင္သံတမန္ ( တစ္ကိုယ္ေတာ္ ရမ္းကားသူ )လို႔ ေဝဖန္ထားၾကပါတယ္ ။

ဒီလို ကမာၻႀကီးတစ္ခုလုံးက အာဏာသိမ္းစစ္တပ္ကို လူရာသြင္းခ်င္ေနတယ္လို႔ လူမႈ႕ကြန္ယက္နဲ႔ ႏိုင္ငံတကာသတင္းေတြမွာ ေဝဖန္ခံေနရၿပီး ၊ ဇရွိတဲ့ ျမန္မာျပည္သူေတြရဲ႕ ဆႏၵျပမႈ႕ေတြကိုလည္း ခံေနရတဲ့အတြက္ ” ဟြန္ဆန္ဟာ ေနျပည္ေတာ္ကို ေဒါသတႀကီးနဲ႔ ေရာက္လာတယ္ ” လို႔ ႏိုင္ငံတကာသတင္းေတြမွာ ေဖာ္ျပခံေနရပါတယ္။ ဆိုရရင္ …..၊ ေႏြဦးေတာ္လွန္ေရး အေျခအေနဘယ္လိုလဲ …?ဆိုတဲ့

ေမးခြန္းအတြက္ ဟြန္ဆန္ရဲ႕အျဖစ္ကို ၾကည့္မယ္ဆိုရင္ သေဘာေပါက္ႏိုင္ပါလိမ့္မယ္။ ကမာၻေပၚက လူ ၅ ေယာက္ေလာက္ကလႊဲၿပီး ျမန္မာစစ္ေကာင္စီကို ဘယ္သူကမွ အသိအမွတ္ျပဳ မဆက္ဆံရဲပါဘူး။ ဒီအေျခအေနကို သိျမင္လာတဲ့ တပ္တြင္း လက္နက္ကိုင္မိသားစုေတြရဲ႕ မေက်နပ္သံေတြလည္း ၾကားလာရပါၿပီ။ တပ္ခ်ဳပ္ကေတာ့ ေအာက္ေျခကို အစြမ္းကုန္ဖိခိုင္းေနပါတယ္။

သို႔ေပမယ့္ PDF ေတြကလည္း အခ်ိန္ၾကာလာတာနဲ႔အမွ် အေတာင္စုံလာပါတယ္။ အႏွစ္ခ်ဳပ္ရရင္ ….. ၊ ျပည္တြင္း ျပည္ပ တုန္႔ျပန္မႈ႕ေတြဟာ ဒီတစ္ခါ အာဏာသိမ္းမႈ႕ကို လုံးဝ ႐ိုက္ခ်ိဳးႏိုင္ပါလိမ့္မယ္။